Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါးမန်းဖြူ (Great White Shark)
အန္တရာယ်အများဆုံး ငါးများဆိုကတည်းက စာဖတ်သူတွေ ငါးမန်းကို မျှော်နေကြမယ်လို့ ကျွန်တော်တွေးမိပါတယ်။ အခုဒီ အန္တရာယ်အများဆုံး ငါးစာရင်း နံပါတ် ၇ နေရာမှာတော့ ငါးမန်းဖြူကနေရာယူထားပြီး ငါးမန်းအကြောင်းတော့ အသေးစိတ် မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ငါးမန်းဖြူတွေဟာ မျိုးစိတ် Carcharodon carcharias ထဲမှာပါဝင်ပြီး ငါးမန်းအမျိုးအစားတွေထဲမှာ ခွန်အားအကြီးဆုံးနဲ့ အန္တရာယ်အပေးနိုင်ဆုံး ငါးမန်းမျိုးလည်း ဖြစ်ပါတယ်။ ငါးမန်းဖြူတွေဟာ သူတို့ကျက်စားရာဒေသတွေမှာ ရေလာကူးကြတဲ့သူတွေ၊ ရေငုပ်သမားတွေနဲ့ လှေငယ်လေးတွေကိုတောင်တိုက်ခိုက်နိုင်ကြတယ်။ ဒါပေမဲ့ ငါးမန်းဖြူရဲ့ သဘာဝတစ်ခုကတော့ လူသားတစ်ယောက်ကို တစ်ချက်လောက်ပဲ ကိုက်ပြီး နောက်ပြန်ဆုတ်သွားတတ်ကြတာပါပဲ ။ ငါးမန်းတွေဟာ လူသားတွေကို ဒုတိယအကြိမ် ပြန်လာကိုက်တယ်ဆိုတာ တော်တော်ရှားပါးလွန်းပါတယ်။ တကယ်လို့ လူတစ်ယောက် ငါးမန်းကိုက်တဲ့ ဒဏ်ရာ သိပ်မပြင်းဘူးဆိုရင်တော့ သူ့အနေနဲ့ အသက်ရှင်နိုင်ဖို့အလားလားရှိပြီး ကိုက်ချက်ပြင်းတယ်ဆိုရင်တော့ တစ်ချက်တည်းနဲ့ပဲသေနိုင်ပါတယ်။ တစ်ကမ္ဘာလုံးစစ်တမ်းများအရ အမေရိကန်အနောက်ပိုင်းမှာဆိုရင် ငါးမန်းကိုက်ခံရတဲ့ လူဦးရေများအနက် ၇ ရာခိုင်နှုန်းသာသေဆုံးကြပြီး တောင်အာဖရိကမှာတော့ ငါးမန်းကိုက်ခံရတဲ့ လူ ၂၀ ရာခိုင်နှုန်းအထိ သေကြပါတယ်။ ဩစတျေးလျဘက်မှာတော့ ၆၀ ရာခိုင်နှုန်းအထိ သေဆုံးမှုများပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ငါးမန်းဟာ လူသားတွေကို ပင်လယ်ဖျံတို့၊ sea lion တို့လို့ အကောင်တွေနဲ့ မှားပြီး တိုက်ခိုက်တတ်ကြတယ်လို့ဆိုထားပေမဲ့ ငါးမန်းတွေက သားကောင်ရှားတဲ့အခါမှာလည်း လူသားတွေကို တိုက်ခိုက်နိုင်ပါတယ်။
ချစ်ခြင်းမေတ္တာဆိုတာ
ပျော်ရွှင်နေရင်လည်း
မင်းပါရင်သိပ်ကောင်းမှာပဲလို့
သတိရမိတယ်...
ဝမ်းနည်းနေရင်လည်း
အနားနားရှိနေရင် သိပ်ကောင်းမှာပဲလို့
မျှော်လင့်မိတယ်...
စားကောင်းတာလေး စားနေရရင်လည်း
မင်းကိုကျွေးချင်လိုက်တာဆိုတဲ့
စိတ်ကလေး ဖြစ်မိတယ်...
ကိုယ်ထင်တယ်...
အချစ်ဆိုတာ...
မိုးရွာတာကအစ လေတိုက်တာအဆုံး
စိတ်ကလေးက သူ့အပေါ်ခိုကပ်နေမိတာ ။ ။
#maple_khin
တစ်ချိန်က Nokia ကတော့ ဖုန်းအဟောင်းတွေပြန်ထုတ်နေပြန်ပါပြီ ရွှေခေတ်အိမ်မက်တစ်ခု အဆုံးမသတ်သေးဘူး ပြောရမှာပေါ့
တလောကမှ HMD Global က Nokia 6310, 230, 5310 တွေကို USB-C Port ထည့်ပြီး ပြန်ထုတ်ခဲ့သေးတယ်
အခုတော့ 1999 ခုနှစ်က ဆရာကြီးဖြစ်ခဲ့တဲ့ Nokia 3210 ကိုပြန်ထုတ်ဖို့ စီစဉ်နေပါပြီတဲ့ ဒီတစ်ခါပြန်ထုတ်တာမှာတော့ Retro Tech လို့ပြောရမှာပဲ
4G စနစ် ၊ Bluetooth 5.0 ၊ USB-C Port တွေ ပါထည့်ပေးလာတယ် ဆိုတော့ မဆိုးဘူးပေါ့ စျေးကတော့ $၉၀ ဝန်းကျင်လောက်ပါ
ဒီစျေးနဲ့ဆို redmi ပဲဝယ်မှာပေါ့အစား Nokia နဲ့ အမှတ်တရလေးတွေပြောပြခဲ့ပါဦး
တစ်ဘို့ထဲပဲ ကြည့်နေမလား
ယနေ့ခေတ်ကြီးထဲမှာ ဘယ်နေရာပဲ ကြည့်ကြည့် တစ်ဦးချင်း လုပ်ဆောင်ရတာထက် အပေါင်း အစုအဖွဲ့နဲ့ လုပ်ဆောင်ရတာမျိုးဟာ အင်မတန် အရေးပါပြီး တကယ်လည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဘို့ထဲ ကြည့်တတ်သူများလည်း ပတ်ဝန်းကျင်မှာ ရှိနေဆဲပါပဲ။ သူတို့ဟာ ဘယ်လိုလူတွေလဲ….။
ငါ့ အဆင်ပြေရင် ပြီးရော၊ ငါ့လက်က လွတ် ဗြွတ် ဆိုတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ မိမိဟာ ဘဝမှာ အောင်မြင်ချင်တယ်၊ ထိပ်ဆုံးနေရာကို ရောက်ချင်တယ်ဆိုရင် အစအဆုံး သိရ၊ ကြည့်ရ၊ နားလည်တတ်ရပါမယ်။ ကားထုတ်တဲ့ စက်ရုပ်တစ်ခုမှာ မိမိကို ကား အော်ဒီယို (အသံစနစ်) ကို စစ်ဆေးရတဲ့ အပိုင်းပဲ တာဝန်ပေးထားလို့ ရောက်လာသမျှကားကို အော်ဒီယိုပဲ စစ်ပေးတယ်။ ဘီးပေါက်နေလဲ ငါနဲ့မဆိုင် ဆိုပြီးတော့ ပစ်ထားလည်း ရပါတယ်။ ဒါပေမယ့် သင်ပစ်ထားမှာလား။ နောက်ဆုံး ရလဒ်ကတော့ ကားဟာ ဈေးကွက် ရောက်တဲ့အခါ ဘီးမကောင်းတာကြောင့် ပြန်လည် သိမ်းဆည်းရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ တကယ်လည်း ကားထုတ်လုပ်ရေးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆို ကားထုတ်လုပ်တဲ့ Process ဟာ အတော်လေး ရှည်လို့ ဖြစ်ပါတယ်။ ကားအတွက် ဘော်ဒီ ဖရိန် သံအရည်ကြိုတာကနေစလို့ ကားမီးလုံးထဲ ဝါယာကြိုးခွေထည့်တာအထိ အတော်လေး အသေးစိတ်ပါတယ်။ ဒါကြောင့်ပဲ ကားကုမ္ပဏီတွေဟာ ကားတွေကို ပြန်ပြီးတော့ Recall တွေ ခေါ်နေရတာကို မြင်ရပါလိမ့်မယ်။ ဒီလိုပဲ စမတ်ဖုန်း အချို့ဟာလည်း ဘယ်အပိုင်း အားနည်းလို့ ဘာအပိုင်းအားနည်းလို့ ဆိုပြီးတော့ ပြန်လည်သိမ်းရ ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်ပဲ ရှိပါ သေးတယ်။
မိမိဟာ ကုမ္ပဏီတစ်ခုမှာ ဌာန တစ်ခုမှာ လုပ်တယ်ပဲ ထားပါတော့တယ်။ HR ပဲ ဖြစ်ဖြစ်၊ Accounting ပဲ ဖြစ်ဖြစ်၊ Marketing ပဲ ဖြစ်ဖြစ်၊ Sale ပဲ ဖြစ်ဖြစ်ပေါ့။ ကဲ ဒီလ ရောင်းအားတက်ဖို့အတွက် Marketing တွေ အရမ်းလုပ်မယ်ဟေ့ဆိုပြီးတော့ လုပ်လိုက်မယ်။ ရောင်းချင်တဲ့ ပစ္စည်းက ဆိုင်တိုင်းရဖို့အတွက် ဖြန့်ဖြူးရောင်းချရေးအပိုင်း ကို ကောင်းအောင် မလုပ်နိုင်ဘူး။ ဘယ်ဆိုင်မေးမေး မရှိဘူးဆိုရင် ဘာထူးလဲ။ Sale လည်း ကောင်းပြီး Marketing လည်း ကောင်းပြီ။ ကုန်ပစ္စည်းထုတ်ကတည်းက ထုတ်လုပ်ရေး (production) မှာ အမှားအယွင်း (Error) ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ဘယ်အလုပ်ကို မဆို ငါ့လက်ကလွတ် ဗြွတ် လုပ်လိုက်ရင် ဆိုးကျိုးပဲ ဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့ စိတ် ၊ Team Working ဆိုတဲ့ စိတ်ဟာ ငါ့ Marketing အဖွဲ့၊ ငါ့ HR အဖွဲ့၊ ငါ့ Finance အဖွဲ့ဆိုပြီးတော့အဖွဲ့လေးတွေဖွဲ့ဖို့မဟုတ်ပါဘူး။ ဒါငါတို့ ကုမ္ပဏီ၊ ဒါငါတို့ စုပေါင်းလုပ်ဆောင်ချက် အစရှိသဖြင့် မြင်တတ်ရပါမယ်။ ကုမ္ပဏီအောင်မြင်မှုဟာ မိမိ အောင်မြင်မှု၊ ကုမ္ပဏီကျရှုံးမှုဟာ မိမိကျရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ထောင်ဂဏန်းရှိနေတဲ့ ကုမ္ပဏီဖြစ်နေရင်ကော Team work ဘယ်လိုလုပ်မလဲလို့ မေးကြတယ်။ အကောင်းဆုံးကတော့ ကိုယ့်တာဝန် ကိုယ်ကျေပြီး မိမိနဲ့ ဆက်စပ်ပြီး လုပ်နေရတဲ့ လူတိုင်းအတွက်လည်း အကောင်းဆုံး ဝန်ဆောင်ပေး လုပ်ဆောင်ပေးတတ်ဖို့ ဖြစ်ပါတယ်။ မိမိရဲ့ တာဝန်လည်း ကျေမယ်။ မိမိနဲ့ ဆက်စပ်လုပ်ရတဲ့ သူတွေကိုလည်း စိတ်ချမ်းသာ အဆင်ပြေအောင် လုပ်ပေးန်ိုင်တယ်ဆိုရင် Team work ကောင်းတယ်လို့ အခြေခံအားဖြင့် ဆိုရပါမယ်။ ငါ့တာဝန်ငါပြီးပြီ နင်ဘယ် ဌာနသွားပြီး ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို စုံစမ်းလို့ ပြောသင့်တယ်လို့ ထင်ပါသလား။ မသိဘူးမရှိဘူးလို့ ပြောလိုက်တာထက်၊ ကျွန်တော်၊ ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီလူ၊ ဒီလူတွေတော့ သိနိုင်ပါတယ်။ သူတို့ကို မေးကြည့်ပါနော် စသည်ဖြင့်ပေါ့။
မှန်တာပြော ရွာပြင်ထုတ်ခံရဆိုတဲ့ မြန်မာ့ဆိုရိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ အင်္ဂလိပ်စကားမှာ Could you please help us doing this or those ဆိုတာမျိုးတွေ ပြောရင် အဆင်ပြေတယ်။ May be you should contact him for this လည်း ရတယ်။ အင်္ဂလိပ်စကားကို ယဉ်ကျေးဖို့အတွက် please, may be, should တွေကို သုံးရပေမယ့် မြန်မာစကားမှာတော့ အဲ့လို နွဲ့နွဲ့လျလျသိပ်မရှိပါဘူး။ ကျေးဇူးပြုပြီး ဒါလေးတစ်ချက် လုပ်ပေးပါလား ဆိုတာမျိုးပြောရင်တောင် မင်းငါ့ကို မခင်ဘူးလားဆိုပြီးတော့ ဖြစ်တတ် ပါတယ်။ ဒီတော့ မြန်မာစကားနဲ့ မိမိရဲ့ ပြောဆိုမှုဟာ တစ်ဖက်သား စိတ်ချမ်းသာ အဆင်ပြေဖို့အတွက်ဆိုရင် မျက်နှာက အပြုံးဆောင်၊ အသံကို မာနေအောင်မထားပဲ ပျော့ပြောင်းဖို့ လိုအပ်ပါတယ်။
ဒါတွေပြောလို့ ပိုတယ်မထင်ပါနဲ့။ အသံခပ်မာမာနဲ့ အဆက်ဆံခံရပြီး မျက်နှာကြီး စူပုတ်နေတဲ့ လူတွေနဲ့ စကားပြောရတဲ့အခါ မိမိ ဘယ်လိုခံစား ရတယ်ဆိုတာ မိမိ အသိဆုံးပါ။ ဒီတော့ မြန်မာလူမျိုးအချင်းချင်း Team Work ကောင်းဖို့အတွက် ဆက်ဆံရေးကောင်းဖို့ အရင်စပါတယ်။ ဘာကြောင့်လဲဆို ဒီ ဆက်ဆံရေးအပေါ်မှာပဲ မူတည်လို့ လူတစ်ဦးနဲ့တစ်ဦး အထင်မှားမှုတွေ ဖြစ်ပြီး သူတစ်ဖွဲ့ ကိုယ်တစ်ဖွဲ့တွေ ကွဲတာဟာ အများစု ဖြစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးများ Team work ကောင်းကောင်း လုပ်ဆောင်ပြီး လုပ်ငန်းဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် ကြည့်ရှု လုပ်ဆောင်တတ်ဖို့ စေတနာဖြင့် ရေးသား မျှဝေပေးလိုက်ရ ပါတယ်။
မီး-မှုတ်နိုင်တဲ့ စက်ရုပ်ခွေးတွေ
Thermonator လို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်ခွေးတွေဟာ Throwflame ကုမ္မဏီက ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ မနှစ်ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီစက်ရုပ်ခွေးတွေဟာ ပုံစံအမျိုးမျိုးဖြင့် မီး-မှုတ်နိုင်ကြောင်းကိုလည်း ပြသခဲ့ကြပါတယ်။ အဲ့ဒီနောက် ကုမ္ပဏီဘက်မှ စက်ရုပ်ခွေးကို ပိုမိုပြီးပြည့်စုံတဲ့ ကိရိယာများနှင့် တပ်ဆင်ပြုပြင်ခဲ့ပြီး လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ ဒေါ်လာ (၉၄၂၀) ဖြင့် တရားဝင်ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။
ကုမ္ပဏီဖက်မှ စတင်မိတ်ဆက်ခဲ့စဉ်က မီး-မှုတ်နိုင်တဲ့ ဒီစက်ရုပ်ခွေးတွေဟာ လူသားတွေအတွက် လက်နက်တစ်ခုမဟုတ်ပဲ တောရိုင်းတိရစ္ဆာန်များထိန်းချုပ်ရန်၊ ရေခဲများကို ဖယ်ရှားရန်နဲ့ ဖျော်ဖြေရေးလုပ်ငန်းအချို့အတွက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီစက်ရုပ်ခွေးတွေက ပေ ၃၀ အကွာအဝေးမှာရှိတဲ့ ဂျက်လေယာဉ်များကိုတောင် မီး-မှုတ်နိုင်ပြီး ညအချိန်နဲ့ အမှောင်နေရာများမှာ လေဆာ၊ ဓါတ်မီးပုံစံနဲ့လည်း အသုံးပြုနိုင်မှာပါ။ စက်ရုပ်ခွေးတွေကို စမတ်ဖုန်းကတဆင့် Wifi, Bluetooth တို့နဲ့ထိန်းချုပ်နိုင်ပြီး ၁ နာရီ ဘတ်ထရီအားခံပါတယ်။
လက်ရှိမှာတော့ ဒီစက်ရုပ်ခွေးအပေါ် ကောင်းတဲ့မှတ်ချက်တွေလည်း များသလို အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ပြောနေကြပါတယ်။ မိတ်ဆွေတို့ရော မီး-မှုတ်နိုင်တဲ့ ဒီစက်ရုပ်ခွေးအပေါ် ထင်မြင်မိတာလေးတွေ ပြောသွားပေးခဲ့ပါဦး။
5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး
ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။
Ref: Japan develops world’s first 6G device that’s 20 times faster than 5G