Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေခြား မြေခြားမှာ အထီးကျန်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ
နိုင်ငံအသစ်ကို ပြောင်းရွှေ့တဲ့အခါ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အတွေ့အကြုံအသစ်တွေနဲ့အတူ တွေ့ကြုံတတ်ရတာကတော့ အထီးကျန်မှုပါ။ အလုပ်၊ ကျောင်းနဲ့ တခြားကိစ္စတွေကြောင့် တစ်သက်လုံးနေလာတဲ့ နိုင်ငံကနေပြောင်းရတဲ့အခါ “တစ်ယောက်တည်း”ဆိုတဲ့ ခံစားချက်ကို ရင်ဆိုင်ရတတ်ပါတယ်။ နေရာသစ်ကြောင့် တွေ့ကြုံရတဲ့ အထီးကျန်မှုနဲ့ ပတ်ဝန်းကျင် အသစ်မှာ သူငယ်ချင်း အသိမိတ်ဆွေအသစ်တွေ ဘယ်လိုရှာရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
အထီးကျန်ခြင်းကို ဘယ်လိုရင်ဆိုင်မလဲ?
1). နည်းပညာခေတ်ကြီးမှာ မိုင်တွေဘယ်လောက်ဝေးဝေး မိသားစု၊ သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ အဆက်အသွယ်မပြတ်နေလို့ရတဲ့ အခွင့်အရေးတွေရှိပါတယ်။ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ Video Chat နဲ့ဖြစ်ဖြစ် စာတိုပို့ပြီးဖြစ်ဖြစ် အဆက်အသွယ်လုပ်ခြင်းက တစ်ကိုယ်တည်း ဖြစ်နေတဲ့စိတ်ကို သက်သာစေပါတယ်။
2). ကိုယ့်စိတ်ကို တက်ကြွစေတဲ့ အလေ့အထတွေကို လုပ်ဖို့မမေ့ပါနဲ့။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ့်အတွေးကို ချရေးတာ၊ ဝါသနာပါတာလေးတွေလုပ်ပေးတာမျိုးက စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းစေပြီး နေရာအသစ်ကြောင့် အထီးကျန်နေတဲ့ စိတ်ကို လျော့ချပေးနိုင်ပါတယ်။
3). ကိုယ့်ရဲ့ တစ်နေ့တာကို ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာနားမယ်ဆိုပြီး စနစ်တကျ စီစဥ်ထားတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုလုပ်ထားခြင်းဖြင့် လမ်းပျောက်နေတဲ့စိတ်မျိုးကို လျော့စေပြီး ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့အတွက် အထောက်အကူပြုပေးပါလိမ့်မယ်။
ပတ်ဝန်းကျင်အသစ်မှာ အသိမိတ်ဆွေတွေ ဘယ်လိုရှာမလဲ?
1). ကိုယ်နဲ့ ဝါသနာတူတဲ့ လူတွေနဲ့ တွေ့နိုင်ဖို့ အနီးအနားမှာရှိတဲ့ Local Group တွေကို အွန်လိုင်းကနေ စုံစမ်းကြည့်ပါ။ အားကစား၊ စာပေ၊ ပန်းချီ၊ အနုပညာ စတဲ့ Group တွေရှိတတ်တာမို့ ကိုယ်နဲ့ အကြိုက်တူပြီး ဝါသနာတူတဲ့ အသိမိတ်ဆွေတွေ ရနိုင်ပါတယ်။
2). နိုင်ငံတိုင်းမှာ တရင်းတနှီးနေကြတဲ့ မြန်မာအသိုင်းအဝိုင်းတွေ ရှိတတ်ကြပါတယ်။ ဒီလို အဖွဲ့တွေကို စုံစမ်းပြီး ပါဝင်တာ၊ မြန်မာတွေပဲတွေ့ကြတဲ့ event (ပွဲ)တွေနဲ့ meetup တွေရှိတဲ့အခါ သွားရောက်တာမျိုးနဲ့ လူမျိုးတူ အသိမိတ်ဆွေအသစ်တွေ ရနိုင်ပါတယ်။
3). အရင်ကလုပ်နေကျ ပရဟိတ၊ ပညာရေး နဲ့ဆိုင်တဲ့ လိုအပ်တဲ့နေရာတွေမှာ Volunteer လုပ်ပြီးပါဝင်တာမျိုး လုပ်နိုင်ပါတယ်။ သူများကို ကူညီပေးတာဖြစ်တဲ့အပြင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို လုပ်ရတဲ့အတွက် စိတ်ပျော်စေပြီး စိတ်တူကိုယ်တူ မိတ်ဆွေအသစ်တွေလည်း ရနိုင်တဲ့အတွက် အကုန်လုံးအတွက် win-win ပါပဲ။
4). နည်းပညာခေတ်ကြီးမှာ လူသစ်တွေနဲ့တွေ့ဖို့ မခဲယဥ်းတော့ပါဘူး။ အက်ပ် (App) အသစ်တွေက မိနစ်နဲ့မခြားထွက်နေတဲ့အတွက် ကိုယ်နဲ့ ကိုက်မယ့် App မျိုးရွေးချယ်နိုင်ပြီး လူသစ်၊ မိတ်ဆွေအသစ်တွေနဲ့ Connection လုပ်နိုင်ပါတယ်။
နေရာအသစ်မှာ နေသားကျဖို့၊ အသိမိတ်ဆွေတွေ ဖန်တီးဖို့ဆိုတာ အချိန်ယူနိုင်ပါတယ်။ တစ်သက်လုံးသိလာတဲ့ မိတ်ဆွေ၊အသိုင်းအဝိုင်းကနေ အသစ်တစ်နေရာကို ပြောင်းရွှေ့နေထိုင်တာဟာ လူတိုင်းအတွက် အနည်းနဲ့အများခက်ခဲတတ်ပါတယ်။ ဒါပေမယ့် နည်းပညာကို အသုံးချပြီး ချစ်ခင်ရတဲ့သူတွေနဲ့ အဆက်အသွယ်မပြတ်နေတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဝါသနာပါတာလေးတွေလုပ်တာမျိုးနဲ့ စိတ်သက်သာနိုင်သလို အပေါ်ကအချက်တွေထဲက သင့်တော်ရာလေးတွေလိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ရွှေဈေးတက်လာတာ မဟုတ်
ငွေဈေး ကျသွားတာပါ ℹ
ရွှေဆိုတာ ရင်းနှီးမြုပ်နှံရတာမဟုတ်ပါ
မြုပ်နှံလို့လဲ အကျိုးမရှိပါ
ရွှေက ငွေကြေးဖောင်းပွမှုကို ကာကွယ်တာပါ ။ ပြောချင်တာက လူတွေလက်ထဲက ဖောင်းပွနေတဲ့ ငွေကို ရွှေနဲ့လဲပေးလိုက်တဲ့သဘော ။
ဆိုကျပါစို့ ⤵
ကားတစ်စီး သိန်း ၂၀၀ ရွှေတစ်ကျပ် သိန်း၂၀ ။ နောက် ရွှေသိန်း ၄၀ဆို အဲ့ကားက သိန်း၄၀၀ ဝန်းကျင်မှရမယ်
ဆိုလိုချင်တာက ရွှေတက်သလို အကုန်လိုက်တက်တာပါ ။
ဒါပေမယ့် ရွှေဝယ်ထားတော့ ဘာအကျိုးရလဲ ငွေကြေးထက်စာရင် ဘဏ်ထက်တောင်ကောင်းတဲ့ စိတ်ချရတဲ့ ပိုင်ဆိုင်မှုတခု လက်ထဲ ဆုပ်ကိုင်ထားတာမျိုးပါ ။
အခုချိန်မှာတော့ ငွေတွေအများကြီးကိုင်ထားတာထက်စာရင် ရွှေဝယ်ထားတာ ပိုကောင်းတာပေါ့ ။ ဒါပေမယ့် တခုတော့ ရှိတယ် ဝယ်လိုအားများလေ ရွှေစျေးတက်လေပဲဖြစ်မှာတော့ သေချာတယ် ။
အချိန်တခုစောင့် ဖြေးဖြေးဝယ်ကြမယ်ဆိုရင်ဖြင့် စျေးထိန်းသလိုတော့ ဖြစ်မှာပါ ။
ရွှေအများကြီးကိုင်ထားတာက ချမ်းသာသွားတာမဟုတ်ပါဘူး ပိုင်ဆိုင်မှုခိုင်မာတဲ့ ပစ္စည်းတခု ရရှိထားသလိုပါပဲ ။
ဒါကြောင့် သူဌေးအများစုဟာ သူတို့ရင်းနှီးဖို့ကလွဲရင် ခြံ မြေ ကား ရွှေ ဒေါ်လာတွေကို မျှတစွာကိုင်ရင်း ငွေနဲ့အစားထိုး လဲကိုင်ထားကြတာ ။
အားလုံး ပူပင်သောက နည်းကြပါစေ
ယနေ့ ရွှေဈေး (မေ - ၃၀ ရက်၊ ညနေ ၄ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၇ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၇၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၆၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၅၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၄၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ငါးသလောက်ပေါင်းနည်းပါရှင်
အရင်ဆုံးငါးသလောက်ကိုသန့်စင်ရေဆေးပြီးငါးတကောင်ကို၃ပိုင်း
ပိုင်းပြီးတပိုင်းချင်းစီကိုဓားနဲ့၂ချက်လောက်လှအောင်မွှန်းထားပါ
ငါးတကောင်ကိုရှောက်သီးပါးပါးတစိပ်ညှစ်ပါ။
ငါးသလောက်ပေါင်းရင်ဖြစ်တတ်တာကအရိုးနူးအောင်အချဉ်ထည့်
ရင်းလက်လွန်ပြီးငါးပေါင်းကချဉ်သွားတတ်တာပါပဲ
ဆား၊အရသာ၊သကြား၊ဆနွင်း၊ငံပြာရည်ကိုအရသာမှန်အောင်နှပ်ပါ
ဒါကြောင့်ငါးတကောင်အတွတ်ခန့်မှန်းလို့ရအောင်ရေးပေးတာပါ။
ငါးကိုအရသာနယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
စပါးလင်ကိုဖွာနေအောင်ထုပြီးပေါင်းမယ့်အိုးထဲအောက်ကခင်းပါ။
ကြံချောင်းတွေခုတ်ပြီးခင်းရင်လဲဟင်းအရသာအချိုလဲလေးသလို
အကပ်လဲသက်သာပါတယ်ရှင်
ပြီးရင်ငါးကိုသေချာစီထည့်ပြီးရေနွေးမြှုပ်ရုံထည့်ပြီးတည်ပါ။
ဆူလာရင်မီးကိုလျှော့ချပါရှင်
အရမ်းဆူရင်ငါးတွေကြေတတ်ပါတယ်
မီးအေးအေးနဲ့ငါးရေမြှုပ်ရုံတည်ပါ။.
ထည့်ထားတဲ့ရေတဝက်လောက်ကုန်ရင်ငါးမြှုပ်ရုံပြန်ဖြည့်တည်ပါငါးပေါင်းထားတဲ့အချိန်ငါးကိုဇွန်းနဲ့လုံးဝမမွှေပါဘူးရှင်
၄နာရီလောက်မီးအေးလေးနဲ့တည်ရင်အရိုးနူးပါတယ်
ရေစပ်စပ်ကျန်တဲ့အချိန်ကြက်သွန်နီဥသေးတွေအလုံးလိုက်ထည့်ပါ။
ဆီသပ်ပါမယ်
ဂျင်း၊ကြက်သွန်ဖြူ၊၊ငရုတ်သီးကိုရောထောင်းပါ။
ကြက်သွန်နီကိုအကွင်းလှီးထားပါ။
ဒယ်အိုးအပူပေးပြီးပူလာရင်ဆီလောင်းပါ။
ငရုတ်သီးထောင်းထားတာနဲ့ကြက်သွန်နီအကွင်းကိုထည့်ပြီးဆီသပ်ပါ
မွှေးပြီးအရောင်ပြောင်းလာရင်ငံပြာရည်ပေါက်ပါ။
ရေနွေးလောင်းပြီးအနှစ်ကိုအရသာသွင်းပါ။
အရသာကိုအနှစ်အတွတ်အရသာအတော်ပဲဖြစ်အောင်တခါတည်း
ထည့်ပါရှင်။
အနှစ်အရသာမှန်သွားမှရေစပ်စပ်ကျန်နေတဲ့ငါးထဲလောင်းထည့်ပါ။
မီးကိုလုံးဝလျှော့ချပြီးအဖုံးဖွင့်ပြီးရေခမ်းအောင်တည်ရင်ရပါပြီ။
အရေးကြီးတာကငါးထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါ
အနှစ်ထဲလဲအရသာအပိုအလိုမရှိအောင်ထည့်ပါရှင်
အနှစ်နဲ့ငါးထဲထည့်ထားတဲ့အရသာကတွဲစားတဲ့အခါများနေတော့လဲ
ငံပြီးနည်းနေတော့လဲပေါ့ပျက်ပျက်ဖြစ်တတ်လို့ပါ။
အရသာရှိတဲ့ငါးသလောက်ပေါင်းလေးပေါင်းစားကြည့်ပါနော်
ပေါင်းအိုးနဲ့ဆိုရင်တော့ငါးကိုတစ်နာရီလောက်ပေါင်းပြီးအရိုးနူးမှ
မနှစ်ချက်ထားတာလောင်းရင်ရပါပြီ။
#cooking