ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်တယ်ဆို ဂရုစိုက် ။
လွမ်းတယ်ဆို ဖုန်းကလေးဆက်ပေါ့လေ ။
ပါးစပ်ကနေပဲ ပြောတဲ့
"ချစ်တော့ ချစ်ပါတယ် ဒါပေမဲ့"
ဆိုတာမျိုးဟာ ယုံနိုင်ဖွယ်ရာမရှိဘူး ။
ချစ်တာကို ချစ်ကြောင်းပြချင်ရင်
စကားလုံးတွေထက် အပြုအမူကိုသုံးရမှာ ။
ချစ်တယ်လို့ ပြောထားပြီးရင်တော့
အဲ့ဒီလူဟာ ချစ်တာကို ပြကိုပြရမှာ ... ။
|| 11.5.2024
မင်း မောပန်းနွမ်းနယ်လာတဲ့အခါ နားခိုလို့ရမဲ့
အရိပ်ကလေး ဖြစ်ပေးချင်လို့ ၊ငေးကြည့်မိတိုင်း
စိတ်ကိုပေါ့ပါးစေတဲ့ တိမ်လေးဖြစ်ပေးချင်လို့၊
မှောင်မိုက်လွန်းတဲ့ညတွေမှာ တစ်ယောက်တည်း
အထီးမကျန်စေဖို့ ၊ သံသရာဆိုတဲ့ လမ်းကလေးမှာ
အထိခိုက်နည်းစေဖို့ မင်းအတွက် အဆင်သင့်
ရှိနေပေးချင်လို့ ။
အတူတူ အနားမှာရှိနေချင်တယ် အချစ်ရယ်။
- ခက်နှောင်
တစ်ခါတစ်လေမှာ ပျော့ပြောင်းတဲ့လူ
တစ်ခါတစ်လေမှာ မာလွန်းတဲ့လူ
တစ်ခါတစ်လေမှာ လူမိုက်
တစ်ခါတစ်လေမှာ လူညံ့
တစ်ခါတစ်လေမှာ အသည်းခွဲသမား
တစ်ခါတစ်လေမှာ အသည်းကွဲသမား
တစ်ခါတစ်လေငါ စောက်ကိစ္စပိစိလေးနဲ့တောင် ဝမ်းနည်းတဲ့လူ
တစ်ခါတစ်လေမှာ တုန်တုန်ရီရီ စကားသံ၊ သီချင်းအော်ဟစ်သံတွေနဲ့ ငိုချင်တာအောင့်နိုင်တဲ့သူ
#eikhaingphyo
#forthesomeone
တစ်လျှောက်လုံး ဖြတ်သန်းခဲ့ဖူးတဲ့ နွေရာသီတိုင်းမှာ လက်လွှတ်လိုက်ရတဲ့ အရာတွေများတယ်၊ သိသိသာသာရော မသိမသာရော ငါ့ကိုစွန့်ခွါသွားကြတဲ့သူတွေပေါ့။ ဒီလောက်ပူမှန်း သိရင် ဘယ်အရာကိုမှ ရယူဖို့ ကြိုးစားခဲ့မှာမဟုတ်ဘူး။
အဲ့ဒီနှစ်က နွေ၊ ပြီးတော့ မနှစ်က နွေ။
အတိတ်အကြောင်းပြောတိုင်း ဒဏ်ရာတွေဟာ ထုံပေပေနဲ့ အရသာမရှိတော့သလိုပဲ။
ဒါပေမဲ့…အမှန်တရားကို လက်ခံဖို့ အချိန်တွေအများကြီး ယူခဲ့ရတယ်။ အခုလည်း အချိန်တွေ အများကြီး ထပ်ယူရဦးမယ်။ နွေဟာ တကယ် ပူတယ်။
crd