Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်နေ့မှာ ကိုယ်လမ်းပျောက်သွားတော့
လူသုံးယောက်ကို စာပို့လိုက်တယ်။
ပထမတစ်ယောက်က သေချာဂရုစိုက်ပါတဲ့။
ဒုတိယတစ်ယောက် ကိုယ်လာကြိုရမလားတဲ့။
ခုလိုစကားကြားတာနဲ့ စိတ်မှာ နွေးထွေးသွားတယ်။
တတိယလူဆီကနေ ဘာဆိုဘာမှ အကြောင်း
မကြားရဘူး။စိတ်ဓာတ်တွေ လုံးလုံးကျပြီး
အသက်ရှင်ချင်စိတ်တောင် မရှိတော့တဲ့အချိန်မှာ
ကိုယ့်ဆီစာတစ်စောင် ဝင်လာခဲ့တယ်။
နောက်ကို လှည့်ကြည့်လိုက်ပါ မင်းနောက်မှာ
ကိုယ်ရောက်နေပြီတဲ့။
ချမ်းပြီးတုန်ရီနေတဲ့ကိုယ့်လက်ကို သူ့ရဲ့နွေးထွေး
လွန်းတဲ့လက်တွေနဲ့ အပူဓာတ်ပေးပြီး မကြောက်ဖို့
အားပေးရှာတယ်။
I will be there for you always ဆိုပြီး
ခဏခဏပြောတတ်သေးတယ်။
ဒါကြောင့် ကိုယ်တို့ဘဝမှာ ပြောတဲ့စကားအတိုင်း
လက်တွေ့လုပ်တတ်တဲ့လူကို အများကြီး
တန်ဖိုးထားရမယ်။စကားလုံးလှလှတွေကို
လူတိုင်းပြောတတ်တာပေါ့။Action လို့ခေါ် တဲ့ လက်တွေ့လုပ်ဆောင်ခြင်းကိုတော့ လူတိုင်း
မလုပ်နိုင်ပါ။
သူငယ်ချင်းဖြစ်စေ၊ချစ်သူကြားဖြစ်စေ
လက်တွေ့က သိပ်အရေးကြီးပါတယ်။
စကားလုံးချိုချိုတွေထဲ အရည်မပျော်ဘဲ
လက်တွေ့လုပ်ဆောင်ခြင်းမှာသာ အရည်ပျော်ပါ။
crd 💌
🌾🌾🌾
သူများဆီက🌾 မေတ္တာလိုချင်ရင်
ကိုယ်က🌾 နွေးထွေးပေးဖို့မမေ့ပါနဲ့။
သူများဆီက🌾 ဂရုစိုက်မှု့လိုချင်ရင်
ကိုယ်လည်း🌾 ကြင်နာဖို့မမေ့ပါနဲ့။
သူများဆီက 🌾
ချိုသာတဲ့စကားသံတွေကြားချင်ရင်🌾
ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။🌾
သူများဆီက 🌾
နှုတ်ဆက်တာကိုလိုချင်ရင်🌾
ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။🌾
သူများဆီက 🌾
အကူအညီကိုလိုချင်ရင်🌾
ကိုယ်က ကျေးဇူးမမေ့ပါနဲ့။
🌾
မမေ့ပါနဲ့🌾
အရာရာတိုင်းဟာ🌾အသွားအပြန်ရှိပါတယ်။🌾
သူများဆီက လိုချင်ရင်🌾
ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။🌾
ကိုယ်ကမပေးချင်ဘဲ🌾
သူများဆီက မမျှော်လင့်ပါနဲ့။🌾
တစ်ဦးကမေတ္တာ🌾 တစ်ဦးကစေတနာပါ
မေတ္တာဟာ🌾 ရောင်ပြန်ဟပ်ပါတယ်။🌾
#??????_??_????????_??????
ပြောင်းလဲသွားတယ်လို့ ထင်ရင်
ငါ့အပေါ်ဆက်ဆံခဲ့ပုံတွေကိုပြန်သတိရပါ။
ငါလည်းအေးစက်ပြတတ်သလို
ထင်ထားတာထက် သူစိမ်းဆန်ပြတတ်တယ်။
ငြင်းခုန်ပြီး ရှင်းပြနေရလောက်သည့်အထိ
ငါမေတ္တာပျက်ခဲ့ဖူးတဲ့နေ့ရက်တွေမရှိခဲ့ဖူးပါဘူး
မယူတတ်လို့
ငါ့မေတ္တာတွေမရခဲ့ရုံနဲ့တင်
ငါ့ကဒီလိုလူစားမျိုးပါဆိုပြီး
အပြစ်တင်လဲ ငါကအေးဆေးပါပဲ။
ခုနောက်ပိုင်း
စကားတွေအများကြီးပြောနေရတာထက်
သီးသန့်နေရာဒေသတစ်ခုမှာ
ငါတစ်ယောက်တည်း
အေးအေးချမ်းချမ်းပဲ ရှင်သန်ချင်တော့တယ်။
🖤🍀
#ဖားစည်ရည်ကျော်
9.5.2024
စစ်မှန်တဲ့ သူငယ်ချင်းကောင်း တစ်ဦးဆီမှာ ...
လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။
ဘဝမှာ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။
ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့ပါတယ်။ အရာရာကို မျှဝေခံစားပေးခဲ့ပါတယ်။
ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။
ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။
သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိနေသလိုပါပဲ။
အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။ ကိုယ်ဒုက္ခရောက်မယ့်အရာတွေဆို အမုန်းခံပြီး တားဆီးတတ်ပါတယ်။
သူနဲ့အတူရှိနေတဲ့အချိန်ဆို လွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ အချိန်ပြည့် ဟာသတွေဖြစ်နေပြီး ရယ်မောနေရပါတယ်။
ကိုယ့်ရဲ့ဖြစ်တည်မှုမှန်သမျှကို သူက လက်ခံပြီးသားဖြစ်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။
ကိုယ့်ရဲ့မကောင်းကြောင်းကို ဘယ်တော့မှ အတင်းတုပ်မယ့်သူ မဟုတ်ပါဘူး။ သူများသွေးထိုးရင်တောင် သူက ကိုယ့်ဘက်ကပဲ ရပ်တည်မယ့်သူဖြစ်ပါတယ်။
သစ္စာရှိပါတယ်။ ကိုယ့်အနောက်မှာ အမြဲရပ်တည်နေပြီး ကိုယ့်နောက်ကျောကို ဘယ်တော့မှ ဓားနဲ့ထိုးမယ့်သူ မဟုတ်ပါဘူး။
“ကမ္ဘာပေါ်မှာ သင့်အတွက် စစ်မှန်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပြီဆိုရင် သင်အရမ်းချမ်းသာနေပါပြီ” လို့ Alistair Begg က ဆိုထားပါတယ်။
ဒါကြောင့် ကိုယ့်သူငယ်ချင်းက ကိုယ့်အပေါ် စစ်မှန်တာသေချာရင် သူ့ကို တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ ကိုယ့်ကလည်း သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ သူငယ်ချင်းဆိုတာ ဘဝအတွက် တန်ဖိုးအရှိဆုံးသူတွေ ဖြစ်ပါတယ်။ ချစ်သူ၊ ရည်းစားထက်တောင် အဖိုးတန်ပါတယ်။
#ℂ?????_??_????????_??????