2 နှစ်များ - ဘာသာပြန်ပါ။

ပန်းတွေရှိတဲ့ အရပ်ဒေသဟာ သိပ်ကိုအေးချမ်းတယ်။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

အထိအခိုက် မခံနိုင်ဆုံးဆိုရင်
စိတ်လို့ ပြောရမှာပဲ။
ဘယ်လောက်ပဲ ရင့်ကျက်လာပါတယ်ပြောပြော--"

စိတ်ကို ထိခိုက်လာရင်
စားလည်း မဝင်တော့ဘူး
အိပ်လည်း မပျော်တော့ဘူး--"

ကျွန်တော်ထင်တယ် စိတ်ရင်းတွေပေးပြီး
စိတ်ရင်းနဲ့ခံစားတတ်သူတွေရဲ့
အားအနည်းဆုံး အပိုင်းဟာ စိတ်ပဲဖြစ်မှာ--"

-Lionel Sn

image
2 နှစ်များ - ဘာသာပြန်ပါ။

''သစွာတရားကိုပဲ''
ဘာလို့မက်မောတာလဲ''တဲ့
ဖောက်ပြန်ခံလိုက်ရတဲ့ ခံစားချက်ကို
နင်တို့မှမသိတာ....!!

image
2 နှစ်များ - ဘာသာပြန်ပါ။

တဖြည်းဖြည်းအရွယ်ရောက်လာတော့
Private Life ကို သဘောကျလာတယ်။
စိတ်ဖိစီးစရာတွေလည်း
တဖြည်းဖြည်းများလာတယ်လို့လည်း ခံစားရတယ်။

အပူပင်ကင်းကင်းနေခဲ့ရဖူးတယ်ဆိုတာကို
မေ့တောင်လာတတ်ရောပေါ့။
စိတ်မပါရတဲ့ဆက်ဆံရေးတွေလည်း ငြီးငွေ့လာတတ်ပြီ။ သမာရိုးကျနေ့စဉ်ဘဝကိုလည်း စိတ်ကုန်စပြုလာပြီး
အိပ်မရတဲ့ညတွေဟာပိုများလာတယ်။

Public မှာဟီးလာထနေပေမယ့် Messenger မှာ စကားပြောဖြစ်တဲ့အရေအတွက်ဟာ
လက်ချိုးရေတွက်လို့ရနေတယ်။

ခရီးထွက်ရတာ ပိုနှစ်သက်လာတယ်။
မိုးကျသံတွေ မက်မောလာတယ်။
ပန်းတွေကို မြတ်နိုးတတ်ရမှန်း သိလာတယ်။
ကော်ဖီတွေဟာလည်း
တစ်နေ့တာရဲ့ မပါမဖြစ် ဖြစ်လာခဲ့တယ်။

လူနည်းနည်းလေးကို
ပိုအတွင်းကျကျပေါင်းဖြစ်လာတယ်။
မိသားစုက အရေးပါမှန်း ဘဝရဲ့အစိတ်ပိုင်းတစ်ခုဆိုတာ နားလည်းလက်ခံမိလာတယ်။

အချစ်ဆိုတာဟာ ပိုင်ဆိုင်ခြင်းတွေ ပေးဆပ်ခြင်းတွေထက် အချစ်ဟာအချစ်လို့ပဲ ရှုမြင်တတ်သွားတယ်။
ဘယ်သူမှ မရှိလည်းဖြစ်တာပဲဆိုတဲ့သဘောကိုလည်း လက်ခံနိုင်သွားပြီ။

ငွေဟာမရှိမဖြစ်ဆိုတာကိုလည်း ယုံကြည်လာပြီး
တစ်နေ့တာ ရှင်သန်ခွင့်တွေမှာ ပျော်ပျော်နေခွင့်ရတာကို ဆုတစ်ခုအနေနဲ့လည်း ကျေးဇူးတင်တတ်နေပါပြီ။


#la Gon Eain
#phyulaenaing

image

image
2 နှစ်များ - ဘာသာပြန်ပါ။

😄

image
2 နှစ်များ - ဘာသာပြန်ပါ။

😼

image
2 နှစ်များ - ဘာသာပြန်ပါ။

ကျနော်ငယ်ငယ်က အမေပြောဖူးတဲ့ - အကြောတွေတက်လို့ အိပ်မပျော်ဘူး သားရယ် ဆိုတာကို ခံစားဖူးတတ်လာတယ်

အဖေ့ရဲ့ ~ နောက်မှ သွားကြတာပေါ့ကွာ
အလုပ်တွေရှိသေးလို့ ဆိုတာကိုလည်း နားလည်လာတယ်

သွားလိုက်ပါမယ်ကွာ … မသွားလို့ မကောင်းဘူးလေ

လုပ်ပေးလိုက်ပါ၊ လုပ်ပေးရမယ့် တာဝန်ရှိနေတာပဲ

သွားမပြောပါနဲ့တော့
ထားလိုက်တော့
သည်းခံလိုက်တော့
မြိုသိပ်ထားလိုက်

ဒါတွေ … ဒါတွေနဲ့တောင် တော်တော်လေး အကျွမ်းတဝင်ရှိနေပါရောလား

လူကြီးတွေရဲ့ “မင်းလည်း အသက်ကြီးလာမှ သိလာလိမ့်မယ်” ဆိုတာတွေကိုလည်း အခု သိလာနေပါပြီ

- Han Min Bo

💭 || 8.5.2024

image

sweet ❤

2 နှစ်များ - ဘာသာပြန်ပါ။

😊

image