2 yrs - Youtube

2 yrs - Youtube

2 yrs - Youtube

2 yrs - Youtube

2 yrs - Youtube

2 yrs - Translate

🔒 End-to-end Encryption ကို လို-တို-ရှင်း နားလည်လွယ်အောင် ပြောရမယ်ဆိုရင်

ဥပမာဗျာ...BLACKPINK လီဆာလေးက ကျွန်တော့ကို “ချစ်တယ်” ဆိုပြီး Messenger ကနေ စာပို့တယ်ဆိုပါစို့။ အဲ့ဒီစာက သူ့ဖုန်းထဲကနေ ထွက်သွားပြီဆိုတာနဲ့ လျိူ့ဝှက်ကုဒ် Auto ပြောင်းသွားတယ်။

အဲ့ဒီကုဒ်ရဲ့ အဓိပ္ပါယ်ကို ဘေးလူတွေ၊ ကြားလူတွေ သိဖို့မပြောနဲ့ Messenger ပိုင်ရှင်ကြီး ဇူဇူတောင် မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကုဒ်ကို ဖြည်လို့ရတဲ့ Key က ကျွန်တော့ဆီမှာပဲ ရှိနေလို့။

ဒါကြောင့် လီဆာလေး ပို့လိုက်တဲ့စာက တစ်လမ်းလုံး လျိူ့ဝှက်ကုဒ်ဖြစ်နေပေမဲ့ Key ပိုင်ရှင် ကျွန်တော့ဆီရောက်တဲ့အခါမှာတော့ ကုဒ်ကနေ “ချစ်တယ်” ဆိုပြီး Auto ပြောင်းသွားတယ်။

အဲ့ဒီလိုပဲ ကျွန်တော်က လီဆာလေးဆီကို စာပြန်ပို့ရင်လည်း Key က သူမဆီမှာပဲ ရှိနေတဲ့အတွက် သူမပဲ ဖတ်လို့ရမှာပါ။ နှစ်ကိုယ်ကြားစကားတွေကို ကြားလူတွေ ဝင်စွပ်ဖက်လို့ မရတော့ဘူးပေါ့ဗျာ။ ဒါကို End-to-end Encryption (E2EE) လို့
ခေါ်ပါတယ် 🙃

image

Avocado Chocolate tart

image

fried rice

2 yrs - Translate

ပါရီမသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲအတွက် ဖိတ်ကြားခံရတဲ့ မြန်မာ့လက်ရွေးစင်
-----
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်မယ့် ပါရီအိုလံပစ်ပြိုင်ပွဲရဲ့ မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲ အတွက် မြန်မာ့လက်ရွေးစင် ကစားသမား စိုးပေ ဖိတ်ကြားခြင်း ခံထားရပါတယ်။
မောင်စိုးပေရဲ့ လေးနှစ်တာအောင်မြင်မှုမှတ်တမ်းကိုကြည့်ပြီး ကမ္ဘာ့မသန်စွမ်းပြေးခုန်ပစ်အဖွဲချုပ်နဲ့ ကမ္ဘာ့မသန်စွမ်းအားကစားအဖွဲချုပ်တို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
မောင်စိုးပေအနေနဲ့ ပြီးခဲ့တဲ့လေးနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ် သုံးခု၊ငွေတံဆိပ် တစ်ခုနဲ့ကြေးတံဆိပ်ငါးခု စုစုပေါင်းဆုတံဆိပ်ကိုးခုရရှိခဲ့ပါတယ်။
၂၀၂၄ နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ( Paris 2024 Paralympic Games)ကို လာမယ့် သြဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
မောင်စိုးပေကတော့ ကမ္ဘာ့မသန်စွမ်းအားကစားပြိုင်ပွဲအမျိုးသား မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေရဲ့ ဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မောင်စိုးပေအနေနဲ့ပြီးခဲ့တဲ့ (၁၁)ကြိမ်မြောက်နဲ့(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွေရဲ့ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်သုံးခုနဲ့ငွေတံဆိပ်တစ်ခု၊မီတာ ၄၀၀ မှာ ကြေးတံဆိပ် တစ်ခု၊ မီတာ (၁၀၀×၄)နဲ့ (၄၀၀×၄)မှာ ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ မှာ ကြေးတံဆိပ်နှစ်ခုဆွတ်ခူးခဲ့ပါတယ်။

image