Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သခွပ်ပွင့်ရခိုင်သုပ်စပ်စပ်လေး
စားနေရင်းချွေးတွေပေါက်ပေါက်ကျလောက်အောင်စပ်နေတာတောင် စားချင်နေသေးတာ
သခွပ်ပွင့်ခြောက်ကိုရေနွေးဆူဆူမှာငါးမိနစ်လောက်ပြုတ်ရေဆေးပြီးကြီးကြီးလေးညှပ်ထားပါ
သေးသေးလေးတွေလှီးထားရင်စားမကောင်းလို့ပါ ငရုပ်သီးအခြောက်တောင့် ကြက်သွန်ဖြူ ငရုပ်ကောင်းစေ့ ငပိစိမ်းစားနည်းနည်းမီးဖုတ်ထားတာကိုအချိုမုန့်လေးနည်းနည်းထည့်ပြီးထောင်းပါ အချဥ်ကြိုက်ရင်မန်ကျည်းသီးမှည့်လေးပါနည်းနည်းထည့်ထောင်း ပြီးရင်အားလုံးရောသုပ် ကြက်သွန်နီကြိုက်ရင်လှီးထည့်ပြီးအရသာအပေါ့အငံထပ်မြည်းပါ
စားဖူးသူတိုင်းသူ့အရသာကိုကြိုက်တာများပါတယ်။
#cooking
ငါမင်းကို တစ်လမှာ သုံးခါပဲ လွမ်းတယ်
တစ်ခါ လွမ်းရင် ဆယ်ရက် ကြာတယ် ။
#တာရာမင်းဝေ
💭 || 29.5.2024
တွေ့ဖို့ချိန်းကြရင်တောင် ကိုယ်ရှိတဲ့ဆီလာခိုင်းတာမျိုးထက်
သူရှိရာအရပ်ကို သွားတွေ့တာမျိုး
မိုးရွာတဲ့နေ့တွေမှာ ထီးလေးကို
သူ့ဘက် ပိုပိုသာသာစောင်းပေးတာမျိုး
တစ်ခုခုနှစ်ယောက် အတူစားကြတဲ့အခါ
ပိုကောင်းတဲ့အပိုင်းလေးကို သူ့အတွက်ဖယ်ပေးတာမျိုး
မေတ္တာဟာ သေးသေးမွှားမွှားလေးတွေက စတင်တယ်
ကိုယ့်ကိုယ်ကိုယ်ထက် စေတနာထားနေခြင်းဟာ ချစ်ခြင်းမေတ္တာကြောင့်ပေါ့ အချစ်ကလေးရယ်။
#mental_note
ကိုယ့်ကို တကယ်ချစ်တဲ့သူကလေ နာကျင်အောင်မလုပ်ဘူး။
အဲ့ဒါ ဘယ်သူ့ကိုမှ သွားမကြည့်နဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်။ ငါတို့ တကယ်ချစ်တဲ့သူအပေါ် နာကျင်စေချင်လို့လား။ သူတို့ မျက်နှာလေးပဲ အရိပ်တကြည့်ကြည့် ကြည့်လို့ သူတို့ ပျော်ရွှင်မှုကိုပဲ အမြဲ လိုလားခဲ့တာမလား။
ငါချစ်တဲ့သူကတော့ ဘာလေးဆို ကြိုက်တယ်၊ ဘယ်အကျီလေးဆို သူနဲ့လိုက်မှာကအစ အကုန် တွေးပေးတတ်တယ်မလား။ ကိုယ်ချစ်တဲ့သူအတွက် စိတ်လုံခြုံမှုဆိုတဲ့ အရာကိုပေးဖို့ လူမှုရေးအရ မလုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေကို တောင်းဆိုစရာတောင် မလိုဘဲနဲ့ ငါတို့ စောင့်ထိန်းခဲ့ကြတာမဟုတ်လား။ အေး အဲ့ဒါတွေ အားလုံးဟာ ငါတို့ တကယ် ချစ်ခဲ့ကြလို့ပေါ့။ ချစ်လို့ ကိုယ်ချစ်တဲ့သူ စိတ်ထိခိုက်မဲ့ အရာတွေကအစ ရှောင်ကြဉ်ခဲ့ကြတာပေါ့။
အကယ်၍သာ ကိုယ့်ရဲ့ relationshipမှာ အမြဲတစေ နာကျင်နေရရင် သေချာပြန်စဉ်းစား။ relationshipတိုင်းမှာ challengingဖြစ်တဲ့အရာတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပတ်မှာ ရှစ်ရက်လောက်က မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရရင် မဟုတ်သေးဘူး။ ခဏခဏကိုယ့်ကို နာကျင်စေတဲ့သူဟာ ကိုယ့်ကို မချစ်လို့၊ တန်ဖိုးမထားလို့။ တကယ်ချစ်ရင် မျက်ရည်တောင် အကျမခံဘူး။
တကယ်ချစ်တဲ့လူကလေ သူ့ကြောင့် နာကျင်စေခဲ့ဖူးရင်တောင် အဲ့ဒီအမှားအတွက် တာဝန်ယူ၊ တာဝန်ခံတဲ့စိတ်ရှိတယ်။ မျက်ရည်တွေကို သုတ်ပေးတယ်။
ဘဝအတွက် လုံခြုံမှု၊ စိတ်လုံခြုံမှုဆိုတဲ့အရာကို ပေးတယ်။
အဲဒါတွေ ဘာတစ်ခုမှ မရဘဲ ပါးစပ်က ချစ်တယ်ဆိုတဲ့ စကားဟာ အလကား။ Actionမပါတဲ့ စကားလုံးတွေဟာ လူတိုင်းပြောတတ်တယ်။ ကိုယ့်ရဲ့ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းအတွက် တာဝန်ယူ၊ တာဝန်ခံတတ်ကြတာကတော့ လူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်ကြတဲ့အရာပါ။
အဲ့ဒါကြောင့်လေ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ချောတာ၊ မချောတာတွေထက် လူစိတ်ရှိတဲ့ လူကိုပဲ ရွေး၊ ကိုယ့်ကို မျက်ရည်မကျစေတဲ့ လူကိုပဲ ရွေးချယ်ပါ။
လောကကြီးမှာ အရေးကြီးဆုံးအရာဟာ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ မဟုတ်လား။ အေး အဲ့လောက် တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အပေါစားဆန်တဲ့ လူတွေလက်ထဲ လျှောက်မအပ်မိစေနဲ့။