2 yrs - Translate

Xavier အား Taylor မှ တကွက်ပြသ 🤣🤣

image
2 yrs - Translate

တလောကပဲ အိမ်မှာ ရေပိုက်တစ်ခုကရေစိမ့်လာတယ်။

ရေပိုက်ပြင်ဆရာကိုဖုန်းဆက်တော့ သူကခရီးသွားမှာမို့လို့ ပိတ်ရက်တွေပြီးတော့မှပဲ လာပြင်နိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီရေပိုက်အောက်မှာ ရေပုံးကြီးတစ်ခုကိုခံထားလိုက်ရတယ်။ ရေကတော့ တစက်စက်နဲ့ အဲဒီထဲကိုကျနေတာပေါ့။ လုပ်တဲ့ကိုင်တဲ့နေရာမှာ အဲဒီရေပုံးကြီးကန့်လန့်နဲ့ဆိုတော့ သူ့ကိုကျော်ခွသွားနေရတာနဲ့ စိတ်အနှောင့်အယှက်တော့ဖြစ်ရတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးပေါ့။ ဆရာလာတဲ့အထိတော့စောင့်ရမှာပဲဆိုပြီး ထားလိုက်ရတာပါ။

ပူလောင်တဲ့ပိတ်ရက်တွေထဲမှာ ရေက ရုတ်တရက်ပြတ်သွားပါတယ်။ အဲဒီအချိန်မှာ တစက်စက်ကျနေတဲ့ ရေပိုက်အောက်က ရေပုံးကြီးကတော့ ရေတွေအပြည့်ဖြစ်နေခဲ့တယ်။ ဒါကြောင့် ရေပြန်မရခင်စပ်ကြားမှာ အဲဒီရေပုံးထဲကရေကိုပဲသွားပြီး ခပ်ရ..သုံးရတော့တာပါပဲ။

အဲဒီအခါကျတော့မှ အဲဒီရေပုံးကြီးကို ကျေးဇူးတွေတင်လို့။ တော်သေးတာပေါ့.. ဒီရေပုံးထဲမှာ ရေတွေရှိနေလို့.. လို့တွေးဖော်ရလာပါတယ်။

ရေတွေဖောဖောသီသီရနေတဲ့အချိန်မှာ အဲဒီရေပုံးကြီးကိုလည်း ကြည့်လို့မရဖြစ်တယ်။ ရေပိုက်ကိုချက်ချင်းလာမပြင်ပေးတဲ့သူကိုလည်း စိတ်တိုနေတယ်။ အခုကျတော့ ရေပိုက်လာပြင်မယ့်သူ နောက်ကျနေတာကပဲ ခပ်ကောင်းကောင်းလို့ ဖြစ်ရတာပါပဲ။

ဒါကြောင့် ဘဝမှာဖြစ်လာတဲ့အဖြစ်အပျက်တွေဟာ အကြောင်းမဲ့ဆိုတာ ဘာမှမရှိဘူး။ အကြောင်းတစ်ခုခုကြောင့်သာ ဖြစ်လာရတာတွေ ချည်းပါပဲ။ လူအချင်းချင်းတွေ့ဆုံမှုမှာလည်း ဒီလိုပဲ။ အခြေအနေတွေ၊ အဖြစ်အပျက်တွေမှာလည်း ဒီလိုပါပဲ။

Break ယူထားတဲ့ နှစ်လအတွင်းမှာ ခရီးတွေတော်တော်များများထွက်ဖြစ်ခဲ့ပြီး လူတွေနဲ့လည်း တွေ့ဆုံခဲ့ရတယ်။ စကားတွေပြောဖြစ်ကြတဲ့အခါမှာ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ ပြောင်းလဲသွားတဲ့ Transformation တွေကိုလည်းတွေ့ရတယ်။ တချို့ Transformation တွေဟာ အင်မတန်မြန်တယ်။ အရင်ခြောက်လနဲ့ အခုခြောက်လမတူတော့ဘူး။ တချို့ Transformation တွေဟာ တရွေ့ရွေ့သွားနေတယ်။ ရွေ့နေတာကတော့သေချာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘဝဟာ အခြေအနေတစ်ခုကို ရုတ်တရက်ပြောင်းလဲတော့မယ်...အထူးသဖြင့် အဲဒီအခြေအနေဟာလည်း ပိုပြီးကောင်းမွန်မယ့်အခြေအနေဖြစ်မယ်ဆိုရင် ဆိုးတာတစ်ခုခုနဲ့ကြုံတွေ့ရလေ့ရှိတာကိုလည်း Pattern တစ်ခုအနေနဲ့ လေ့လာသုံးသပ်ခဲ့ရတာတွေရှိတယ်။ Universe ကစစ်တဲ့ စာမေးပွဲလိုမျိုးပါပဲ။

လုံးဝပြန်မထနိုင်တော့ဘူးလို့ထင်တဲ့ အဆိုးတွေကနေ တကယ်ကိုရုန်းထွက်လာနိုင်ပြီးတော့ ကောင်းမွန်တဲ့အခြေအနေတွေကို ပြောင်းလဲသွားကြတဲ့သူတွေအများကြီးပဲ။ အဲဒီအခြေအနေတွေဟာ လိုက်လို့တောင်မမှီနိုင်တော့လောက်အောင် ပြောင်းသွားတာမျိုးတွေတွေ့ရတယ်။

အိမ်ထောင်ရေးတွေ ကွဲတယ်၊ Relationship တွေပြတ်စဲတယ်၊ နေရာဟောင်းတွေကို စွန့်ခွာရတယ်၊ ငွေရေးကြေးရေးအရ ကုန်းကောက်စရာမရှိအောင် ကျပ်တည်းသွားကြတယ်၊ အကြွေးတွေပိတယ်၊ ကျန်းမာရေးမှာ ကြီးကြီးကျယ်ကျယ်ခွဲစိတ်မှုတွေကြုံရတယ်၊ ချစ်တဲ့ခင်တဲ့သူတွေကို စွန့်လွှတ်ဆုံးရှုံးလိုက်ရတယ်..အစရှိသဖြင့်..စိတ်ဒဏ်ရာတွေအများကြီးနဲ့ ရင်းခဲ့ရတဲ့အဆိုးတွေကြားမှာ ကိုယ်ဟာဘယ်လိုမျိုးပုံစံနဲ့ရှင်သန်လာခဲ့သလဲ။ ထမြောက်လာခဲ့သလဲ။

တချို့တွေက Gratitude Practice နဲ့သွားတယ်။ ကျေးဇူးတရား၊ မေတ္တာတရားနဲ့ရှင်သန်တယ်။ Compassion ဆိုတဲ့ ကရုဏာနဲ့သွားတယ်။ Mindfulness ဆိုတဲ့ သတိပဌာန် နဲ့သွားတယ်။ Affirmation မိမိကိုယ်မိမိ ခိုင်မာစွာ ပြောဆိုအတည်ပြုခြင်းတွေနဲ့ move on လုပ်လာခဲ့တယ်။ Fear ကြောက်စိတ်ကို ကျော်လွှားနိုင်ခဲ့ကြတဲ့သူတွေရှိတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။

အဆိုးတစ်ခုကြုံဆုံရပြီဆိုတဲ့အခါမှာ ကြောက်လန့်တကြားထွက်ပြေးတာမျိုးလုံးဝမလုပ်ပါနဲ့။ လဲပြိုသွားချင်တယ်ဆိုရင် ခွင့်ပြုပေးလိုက်ပါ။ ဒါပေမဲ့ တစ်ချိန်မှာ ပြန်ထရမယ်ဆိုတာကို သတိကပ်နေပါ။

အဆိုးဆိုတာ ဘဝမှာ ပုံစံမျိုးစုံနဲ့လာနိုင်တယ်။ တချို့အဆိုးတွေက သေးငယ်တယ်။ တချို့အဆိုးတွေက ကြီးကျယ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာတွေဟာလည်း အကြောင်းရှိလို့ဖြစ်လာခဲ့ရတယ်။ ကိုယ့်မှာ ဖြေရှင်းနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက်ကြောင့်လည်း ဒီအရာတွေကိုရင်ဆိုင်ဖို့ဖြစ်လာခဲ့ရတယ်။ ဒီအရာတွေဆီကပဲ သင်ခန်းစာယူရမယ်။ ခွန်အားယူရမှာဖြစ်ပါတယ်။

ကုမ္ပဏီပေါင်းများစွာ၊ရုံးပေါင်းများစွာရှိနေတဲ့ World Trade Center ကြီး တိုက်ခိုက်ခံရတဲ့အခါမှာ လွတ်မြောက်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ဝေမျှထားတဲ့စာတစ်ပုဒ်ကို ဖတ်ခဲ့ဖူးပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့နှိုးစက်နာရီ အသံမမြည်တဲ့အတွက်ကြောင့် အဲဒီနေ့မှာ ရုံးကို အချိန်မီရောက်မလာနိုင်ခဲ့ဘူး။ သူနှောင့်နှေးခဲ့တဲ့အတွက် သူအသက်ရှင်သန်ခွင့်ရခဲ့တယ်။

နောက်တစ်ယောက်က လမ်းမှာကားပိတ်နေတယ်။ နောက်တစ်ယောက်ကတော့ ဘတ်စ်ကားလွတ်သွားတယ်။ နောက်တစ်ယောက်က တက်စီ ဌားမရဘူး။ တစ်ယောက်က ကားသော့ရှာမရဘူး။ အလုပ်မသွားခင် ကျောင်းကိုဝင်ပို့ရမယ့်ကလေးတွေဟာ အဝတ်အစားလဲနေတာမပြီးတော့လို့ အလုပ်နောက်ကျရတယ် အစရှိသဖြင့် ဒီလိုဘာမှမဟုတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာအသေးအဖွဲလေးတွေကပဲ ဒီလူတွေကို ဒီနေ့အထိ အသက်ဆက်ရှင်သန်နေအောင်၊ ဒီတိုက်ခိုက်မှုကြီးထဲမှာ ပါမသွားအောင် ကယ်မပေးခဲ့တဲ့အကြောင်းတွေဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့၊ စိတ်မပျက်နဲ့၊ စိတ်မရှုပ်နဲ့။ အခုရောက်နေတဲ့နေရာဟာ ကိုယ်ရောက်သင့်တဲ့နေရာပဲ။ ကိုယ်ဟာ ဒီအချိန်ဒီနေရာမှာ ဒီလိုပုံစံနဲ့ရှိနေတယ်ဆိုတာ ကိုယ့်အတွက်လုံးဝမှန်ကန်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

This is the exact place you should be right now.

There is always a reason for everything.

Monica Moe changed her profile cover
2 yrs

image
2 yrs - Youtube

Monica Moe changed her profile picture
2 yrs

image
2 yrs - Translate

https://www.straitstimes.com/w....orld/united-states/m

Musk disbands Tesla EV charging team, leaving customers in the dark | The Straits Times
www.straitstimes.com

Musk disbands Tesla EV charging team, leaving customers in the dark | The Straits Times

Mr Musk says Tesla still plans to expand the Supercharger network, just at a slower pace for new locations Read more at straitstimes.com.
2 yrs - Translate - Youtube

နည်းပညာနယ်ပယ်မှ စီးပွားရေးသတင်းများ

Veronica NTV changed her profile picture
2 yrs

image
2 yrs - Translate

ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့
မန်စီးတီး ဖလားလုနေတာက
ပြဿနာ မဟုတ်ဘူး။
တကယ့်ပြဿနာ တစ်ခုရှိတယ်။
မန်ယူအသင်းက မန်စီးတီးအသင်းကို
လေးနှစ်ဆက် ဖလားပေးမှာလား၊
ဒါမှမဟုတ် မရသွားအောင် အစွမ်းကုန်
ကြိုးစားသွားမလားဆိုတဲ့အပိုင်း။
ဘာလို့ဆို မန်ယူအိမ်ကွင်းမှာ
အာဆင်နယ်အသင်းနဲ့ ကစားရမယ့်
ပွဲစဉ်တစ်ခုရှိနေတယ်။
အဲဒီပွဲစဉ်မှာ အာဆင်နယ်ကို မန်ယူက
သရေကျအောင် ခံကန်လိုက်ရင်
ဖလားတိုက်ပွဲက ပြီးဆုံးသွားပြီ။
မန်စီးတီးလေးနှစ်ဆက်နဲ့ ရမယ်။
မန်ယူအသင်း လှန်လို့ရတဲ့ သမိုင်းက
တစ်ခုပဲ ရှိတော့မယ်။
အင်္ဂလန်ရဲ့ အမှတ်ပေးအများဆုံး
အကြိမ်(၂၀)နဲ့ ကလပ်ဆိုတာလေး။
ဒါကလည်း လီဗာပူး ခြေချော်သွားလို့သာ
ကံကောင်းသွားတာ ဆိုရမယ်။
နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်။
အက်ဖ်အေဖလား ဗိုလ်လုပွဲက
မန်ယူ - မန်စီးတီးဆိုတော့
အမှတ်ပေးမှာသာ ဗိုလ်စွဲသွားမယ်ဆိုရင်
မန်စီးတီးက နောက်တစ်လုံးရအောင်
စိတ်ဓာတ်တက်ကြွသွားလိမ့်မယ်။
အမှတ်ပေးမရလိုက်ရင် စိတ်ဓာတ်အကုန်ကျပြီး၊
ဖလားလက်လွှတ်တာမျိုး ဖြစ်သွားနိုင်တယ်။
အဲရစ်တန်ဟတ်ကလည်း
ရစရာဖလားတစ်လုံးကလည်းရှိ၊
မန်စီးတီးကို အကြွေးဆပ်ဖို့လည်းလိုနေတော့
အာဆင်နယ်နဲ့အိမ်ကွင်းပွဲစဉ်မှာ
တစ်ကွက်ပြပေးဖို့များတယ်။
ကိုဗင်ထရီနဲ့ပွဲတုန်းကလိုပေါ့။
အာဆင်နယ်နဲ့ပွဲကစားတဲ့အခါမှာ
မန်ယူဘော်ဒီသမားတွေ သတိထားကြပါစို့
Credit

image
2 yrs - Translate

Welcome May! 🌼🌸🍃💐

image