2 yrs - Translate

ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ တစ်ကွင်းလုံးအနီရောင်ရဲရဲတောက်ဖြစ်အောင် ဖန်တီးမယ့် ဘိုင်ယန်မြူးနစ်အသင်း

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ယနေ့ည ကစားမည့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်တွင် တစ်ကွင်းလုံး အနီရောင် အရောင်အသွေးများ လွှမ်းခြုံပြီး ရဲရဲတောက်ဖြစ်စေမည့်အစီအစဉ်တစ်ရပ်ကို ဖန်တီးနေကြောင်း သိရသည်။ဘိုင်ယန်မြူးနစ်အသင်းက ၎င်းတို့၏ အိမ်ကွင်းဖြစ်သည့် Allianz Arena ကွင်းအတွင်း အိမ်ကွင်းဝတ်စုံအရောင်အသွေးအတိုင်း အနီရောင်များလွှမ်းမိုးနေစေရန် ကွင်းထဲသို့လာရောက်ကြည့်ရှုမည့် ဘိုင်ယန်မြူးနစ်ပရိသတ်များကို အနီရောင် ဝတ်စုံများ ဝတ်ဆင်စေရန် တောင်းဆိုမေတ္တာရပ်ခံထားကြောင်း သိရသည်။ယခုရာသီတွင် ဖလားလက်မဲ့မဖြစ်စေရန် ချန်ပီယံလိဂ်ဖလားတစ်လုံးကိုသာ အရယူရန်ကြိုးစားရမည့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အိမ်ကွင်းပထမအကျော့ပွဲစဉ်တွင် ရလဒ်ကောင်းရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။ဘိုင်ယန်မြူးနစ်အသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်အိမ်ကွင်းတွေ့ဆုံမှု (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး ယင်း(၃)ကြိမ်စလုံး ပြိုင်ပွဲမှထွက်ခဲ့ရရာ ယခုတစ်ကြိမ်တွင် နိုင်ပွဲရရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်

image
2 yrs - Translate

စပြီး သဘောကျမိတယ်
ဆက်ပြီး သဘောကျနေအုံးမယ်
အကြောင်းပြချက်တွေအများကြီး
ရှိသည်ဖြစ်စေ
နည်းနည်းလေးပဲ ရှိသည်ဖြစ်စေ၊
ဒါဟာ သူ ဖြစ်နေလို့ပဲဖြစ်ပါလိမ့်မယ်။

image
Shaun Griffin changed his profile cover
2 yrs

image
Shaun Griffin changed his profile cover
2 yrs

image
Michael Fritz changed his profile picture
2 yrs

image
Shaun Griffin changed his profile picture
2 yrs

image

image
Kayla Dixon changed her profile picture
2 yrs

image
walter schuller changed his profile picture
2 yrs

image
2 yrs - Translate

ဧပြီ ၂၆ ရက်နေ့ဟာ ကွန်ဖူးပညာရှင် ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျက်လီရဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ 🎂
သူ့ကို တရုတ်ပြည်မကြီးမှာမွေးဖွားခဲ့ပြီး တရုတ်နိုင်ငံသားအဖြစ် ၂၀၀၃ ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။အခုလက်ရှိက စင်ကာပူနိုင်ငံသား ခံယူထားပါတယ်။😎
၁၉၈၂ ခုနှစ်ကထွက်ခဲ့တဲ့ Shaolin Temple က သူ့ရဲ့ ရုပ်ရှင်မင်းသားဘဝ ပွဲဦးထွက် ဇာတ်ကားဖြစ်ပါတယ်။🎬
အသက် ၁၈ နှစ်မပြည့်ခင်ကတည်းက နိုင်ငံအဆင့် ဝူရှူးချန်ပီယန် ၅ ကြိမ် ဖြစ်ခဲ့သူပါ။🥋
သူဟာ ကိုယ်ခံပညာရှင်အဖြစ် စတင်ခဲ့ပြီး ရုပ်ရှင်မင်းသားဘဝရောက်တော့လည်း ဟောလိဝုဒ်စင်မြင့်အထိ တက်လှမ်းနိုင်သူပါ။ 💪
ဂျက်ကီချန်းရဲ့ အောင်မြင်မှုကို မမီနိုင်သေးဘူးလို့ ဆိုရပေမယ့် အာရှရဲ့ တောက်ပတဲ့ ကြယ်ပွင့်ထဲကတပွင့်လို့ဆိုနိုင်ပါတယ်။🤗
သူ့အကြောင်း ပိုသိ ပိုကြည့်ချင်သေးတယ်ဆိုရင် Trusty Network အင်တာနက်က အမြန်ဆုံး အကူအညီပေးပါလိမ့်မယ်။😎
ဂျက်လီအကြောင်း ရေးလို့ တိုက်ဆိုင်စွာပဲ ဧပြီ ၂၆ ရက်နေ့က ကမ္ဘာကျော် ကိုယ်ခံပညာရှင် ကျို့ခ်ရှင်းကရာတေးပညာရပ်ကို တီထွင်တဲ့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံသား ဆရာကြီး မတ်ဆုတဆုအိုယားမား ကွယ်လွန်တဲ့ အနှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။🖤
ဆန်နီချီးဘား၊ ဟီရိုယုကိဆာနားဒါး၊ ဒေါ့ဖ်လန်ဂလင်၊ မိုက်ကယ်ဂျေဝှိုက်၊ ရှောင်ကွင်နရီတို့လို ဟောလိဝုဒ်အကျော်အမော် အက်ရှင်မင်းသားတွေရဲ့ ဆရာတပါးဖြစ်သလို ရှောင်ကွင်နရီရဲ့ ဂျိမ်းစဘွန်းကားတော်တော်များများမှာလည်း ဆရာကြီးရဲ့ တပည့်တွေက ဖိုက်တင်ခန်းတွေစီစဉ်ပေးပြီး ပါဝင်သရုပ်ဆောင်မှု ပြုလုပ်ခဲ့ကြပါတယ်။ 👈
၁၉၉၄ ခုနှစ် ဧပြီ ၂၆ ရက်နေ့မှာ ဆရာဝန်က ကရာတေး ကစားတာကနားရင် အသက်ပိုရှည်မယ်လို့ပြောပေမယ့် ကစားတာကို မရပ်နားခဲ့ဘဲ လေ့ကျင့်ကွင်းထဲမှာပဲ နည်းပြနေစဉ် ကွယ်လွန်ခဲ့ပါတယ်။ 🖤
သူ့ရဲ့ကျို့ခ်ရှင်းကရာတေးနည်းစနစ်ကတဆင့် ကမ္ဘာကျော် ကေဝမ်းလို အဖွဲ့အစည်း ပေါ်ပေါက်ခဲ့သလို ယူအက်ဖ်စီ ချန်ပီယံဟောင်း ဂျော့ချ်စိန့်ပီးယားစ်အပါအဝင် ကြိုးဝိုင်းတိုက်ခိုက်ရေးသမားပေါင်းများစွာလည်း ပေါ်ပေါက်ခဲ့ပါတယ်။🥋
သူ့ရဲ့ ကိုယ်ခံပညာအပေါ်သတ်မှတ်ချက်က ကရာတေးပညာရပ်ဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲမဟုတ် လူမှုပေါင်းသင်းဆက်ဆံရေးအတွက်လည်း အရေးပါတယ်လို့ ဆိုထားပါတယ်။👈
တကယ်လည်း ကျို့ခ်ရှင်းကရာတေးအဖွဲ့အစည်းကြီးက ကမ္ဘာတဝှမ်းမှာရှိပြီး ကရာတေးကစားခြင်းသာမကပဲ လူမှုအကျိုးဆောင်ရွက်သူများစွာကို မွေးထုတ်ပေးနေပါတယ်။ 👍

Credit to TRUSTY Network

image