2 နှစ်များ - ဘာသာပြန်ပါ။

#pipecleaner flower

imageimage
+4
2 နှစ်များ - ဘာသာပြန်ပါ။

အင်္ဂလိပ်စကားနဲ့ ပက်သတ်ပြီး နှုတ်အပြောလေးတွေ သွက်ချင်ရင် အားတဲ့အခါ phrases လေးတွေကို လိုက်ရွတ်ဖို့လည်း အရေးကြီးပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးရင် ဒီအကျင့်လေးကို မဖြစ်မနေလုပ်ခိုင်းပါတယ်။ လက်တွေ့လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ နားထောင်တဲ့အခါ အရင်က မကြားခဲ့တဲ့ phrase အဖြတ်လေးတွေကို ပိုကြားလာတာကို သတိထားမိလာပါလိမ့်မယ်။ ဒီနေ့တော့ Oxford Phrase List ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့တွေမှာလည်း weekly dose အနေနဲ့ လေ့ကျင့်ဖို့ စာအုပ် link လေးတွေ တင်ပေးသွားပါဦးမယ်။
https://www.oxfordlearnersdict....ionaries.com/externa

2 နှစ်များ - ဘာသာပြန်ပါ။

သတိရတယ်

Yan Lay သူ့ပရိုဖိုင်အဖုံးကို ပြောင်းလိုက်တယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

ငါ့သမီးကြီးရှိနေရင် အမေ ...စိတ်ချပါပြီဆိုတဲ့ စကားနဲ့ အရာရာကို ပုခုံထမ်းယူခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပေါ့ ... ၀မ်းနည်းစရာ နာကျင်စရာ ကြေကွဲစရာတွေကို ဘယ်သူ့ကို သွားပြောရမယ်မသိတဲ့ နေ့တွေ ညတွေ အများကြီးကို သူ ဖြတ်ကျော်ခဲ့ပြီးသွားပြီ ။ မှန်၏ မှား၏ ကောင်း၏ ဆိုး၏ကို ဘယ်သူနဲ့ တိုင်ပင်လို့ တိုင်ပင်ရမှန်းမသိပဲ အလုပ်တွေ အများကြီးကို သူ လုပ်ခဲ့ပြီးသွားပြီ ... မှန်ရင် ကိုယ့်အနောက်က လူတွေစံပြီး မှားတဲ့ သူ တစ်ယောက်တည်းကပဲ ကြိတ်ပြီး နာကျင်ရတယ် ။
အမေ ... တချို့ရက်တွေမှာ တီးတိုးပြောပြစရာ အမေ့ကို လိုတယ် ။ အရင်လို အမေနဲ့ တိုင်ပင်ရင်ဖွင့်ပြီး တစ်နေ့တာ ပင်ပန်းတာတွေကို ခဏဖြစ်ဖြစ် ...ဖြေဖျောက်ချင်မိတယ် ။ တချို့ ပင်ပန်းတဲ့ ရက်တွေမှာလေ မကြာခဏ ပြိုလဲချင်နေမိသလိုပဲ ဒါပေမယ့် ငါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ ဒီနေ့အထိ မနည်း ရပ်တည်နေခဲ့တာပါ ။ သမီးမှာ ... ညီမလေးနဲ့ မောင်လေးတွေ ရှိသေးတယ် မဟုတ်လား ။ ကိုယ့်အတွက်ကိုယ်မရှင်သန်ချင်လဲ သူတို့အတွက်တော့ သမီးရှိနေသေးဖို့ လိုသေးတယ် ။
အရာရာမှာ ... ကိုယ်ဘာလိုချင်တာ ကိုယ်ဘာလိုအပ်တာဆိုတာတွေထက် ပိုအရေးကြီးတာတွေပါပဲ ... ကိုယ်ညတွေ အရှည်ကြီးငိုရမှာထက် သူတို့လေးတွေ မျက်နှာလေး ညှိုးနေမှာကို ပိုကြောက်ရတယ် ။ ကိုယ့်အိပ်မက်တွေ ဖြစ်မလာမှာထက် သူတို့ဖြစ်ချင်တာလေးတွေကို လုပ်မပေးနိုင်မှာကို ပိုကြောက်ရတယ် ... နောင်တတွေ ကင်းချင်တယ် အမေ ... သူတို့လေးတွေ ဘယ်လောက်မြင့်မြင့် ပျံပျံ သမီး ပုခုံးထမ်း တင်ပေးချင်တယ် ။ ငါ မလုပ်ပေးနိုင်ခဲ့လို့ဆိုတဲ့ နောင်တတွေနဲ့ ... ပြန်ငေးကြည့်တိုင်း နောင်တတွေရမနေချင်ဘူး ။
ကိုယ့်ဆန္ဒကို ဦးစားပေးချင်လာတဲ့အခါ ... ငါက အကြီးလေ ဆိုတဲ့ အသိခဏခဏ ၀င်လာတယ် ... ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ သူတို့ဖြစ်ချင်တာတွေ ဖြစ်လာတာတွေကိုကြည့်ရင်း ကြည်နူးရတယ် ... တချို့နေ့ရက်တွေမှာ အဆင်မပြေတာတွေမှ အများကြီးပဲ အမေ ... ဒါပေမယ့် ငါသမီးလေး အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးမယ့် အမေက ရှိမနေတော့တဲ့အခါ သမီးမှာ ကိုယ့်မျက်ရည် ကိုယ် အဖော်ပြုရင်းပဲ နေ့တွေ ညတွေကို ဖြတ်သန်းရတယ် ။ ပြိုလဲလို့ရရင်ဆိုတဲ့ အတွေးလေးပဲ ရှိတာပါ ... ဒါပေမယ့် ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက်တော့ အကောင်းဆုံး ကြိုးစား ရှင်သန်ပါတယ် ။
ကိုယ်က အကြီးဆုံး သမီးပဲလေ မဟုတ်လား ... အစ်မက အစ်မပီသတဲ့ အခါ အမေဖြစ်လာရသလိုပေါ့ ... တစ်ခါတုန်းက အမေဘာလို့ သမီးတို့ကို နည်းနည်းလေးမှ စိတ်မချတာလဲဆိုပြီး သမီးမေးခဲ့တဲ့ မေးခွန်းတွေကို မောင်လေးနဲ့ ညီမလေးတို့က သမီးကို ပြန်မေးနေပြီ အမေ ... အသက်တွေ ဘယ်လောက်ပဲ ကြီးသွား ကြီးသွား ကိုယ့်မျက်စိအောက်မှာပဲ ကြီးပျင်းလာတဲ့ သူတို့လေးကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်ချလက်ချ မျက်နှာ မလွဲခဲ့နိုင်သေးဘူး ။ နေရာတကာမှာ ကိုယ့်ခြေကိုယ့်လက်နဲ့မှ မဟုတ်ရင် စိတ်တိုင်းမကျတတ်တဲ့ သမီးကလေ အမေ့လိုပဲ နေရာတကာမှာ ပိုပြီးတော့ ပင်ပန်းရတယ် ။ အေးဆေးလေးနေပါဆိုတဲ့ စကားတွေကြားပေမယ့် စိတ်တွေမှ မအေးနိုင်ပဲလေ ။
တကယ်လို့ သမီးဘေးမှာသာလေ အမေသာ ရှိနေရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ အစ်ကိုတစ်ယောက်ရှိရင် ဒါမှမဟုတ် အစ်မတစ်ယောက်ရှိရင် ငိုပြီးပြောပြစရာတွေမှ အများကြီးပဲ ... ဒါပေမယ့် သမီးက အမေ့သမီးအကြီးဆုံးလေ ... ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ပိုပြီး ဦးစားပေးရမယ်မဟုတ်လား ... ကိုယ်နာကျင်ရတာတွေကို ပြောပြဖို့ထက် မြိုသိပ်ဖို့ကို ရွေးရမယ် မဟုတ်လား... ကိုယ် ငိုနေတာထက် အဆင်ပြေနေသလို ပြုံးဖို့ သင်ယူရမယ် မဟုတ်လား ။ အစစအရာရာတော့ အဆင်ပြေပါတယ် ... တစ်ခါတစ်လေ အရမ်းပင်ပန်းတာလေးတစ်ခုပဲ ... စိတ်ကော လူကောပေါ့ ။
#ကျေးကို

ကိုယ့်တရားဘဲအာရုံစိုက်

တရားဆိုတာ
တရားအားထုတ်နေသူတောင်
သိဖို့ခက်တဲ့အရာပါ

ပန်းတိုင်ရှိတာချင်းတူရင်တောင်
သွားတဲ့သူသာပန်းတိုင်းရောက်မှာဖြစ်ပြီး

ရေဆာသူအတွက်
ရေသောက်ရင်အမောပြေတာသိပေမယ့်
ရေသောက်သူသာရေဆာပြေတာမျိုး

သစ္စာအသိရှိမှ
နိဗ္ဗာန်၏အရသာကိုသိကြရတာဖြစ်ပါတယ်

တရားအားထုတ်သူအသိနဲ့
တရားအားမထုတ်ပဲ
ပရိယတ်အမြင်ရှိသူနှစ်ဦးမှာ

ပန်းတိုင်ရှိတာချင်းသိကြတာနဲ့တူပါတယ်
ဒါပေမယ့်
တရားအားထုတ်သူသည်
ပန်းတိုင်သွားသူဖြစ်ပြီး
ပရိယတ်မြင်ဖြင့်ပန်းတိုင်ကိုသိသူသည်
နိဗ္ဗာန်ကို သာသိပြီး
ပန်းတိုင်သွားသူမဟုတ်သူနှင့်တူ၏

သစ္စာတရားနယ်ပယ်မှာ
ပန်းတိုင်သွားသူအဖြစ်နှင့်သွားမှသာ
နိဗ္ဗာန်၏အကျိုးကျေးဇူးကိုသိမည်ဖြစ်သည်

ဓမ္မကိုမျက်ကွယ်ပြု၍
သစ္စာတရားကိုပစ်ပယ်၍
နိဗ္ဗာန်ကို ရသည်ဟူ၍
ဤလောက၌မရှိသလို
နောက်နောက်လည်းရှိမည်မဟုတ်ပေ

ဓမ္မမှန်ကို ချစ်မြတ်နိုးသူ

ချစ်လူတက္ကသိုလ်

image
XuQunmei သူမ၏ ပရိုဖိုင်အဖုံးကို ပြောင်းလဲခဲ့သည်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။
အတတ်နှင့် တူသော ဥစ္စာသည် မရှိ။ အတတ်ကို ခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏ ။တမလွန်ဘဝ၌ ချမ်းသာ ကိုဆောင်တက်၏။

ရှင်းချက်။ ။

လူ့ဘဝမှာ အတက်ပညာသည်အရေးအပါဆုံးဖြစ်သည်။ အတက်ပညာရှိလျှင် ယခုဘဝ နောင်ဘဝတို့မှာ ချမ်းသာခြင်းရနိုင်ပေမည်။

There is nothing equal to learning. Thieves cannot steal learning. In this world, friend and mate. It carries happiness to the next life.

Explanation: In human life learning is most important. If one has learnign, one can get happiness in this life as well as in the after- life.

#လောကနီတိ
#lawkaniti
#zawthethmue
Anna သူမ၏ ပရိုဖိုင်အဖုံးကို ပြောင်းလဲခဲ့သည်။
2 နှစ်များ

image
Anna သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
2 နှစ်များ

image