God is my Strength added new photos to Batman
2 yrs - Translate

Batman Joke for all time

#credit #batman #comedy

image
image
+5
2 yrs - Translate

Hello from တစ်​ယောက်​သောသူ

2 yrs - Translate

Hello Everyone 🤗🤗

image
2 yrs - Translate

ဘယ်သူတွေလဲ သိလား ?

image
2 yrs - Translate

မင်္ဂလာပါ

2 yrs - Translate

မူဆယ်မှာ လုပ်ငန်းရှင်တယောက် ပြန်ပေးဆွဲ ခံရပြန်

ဇွန် ၃၊ ၂၀၂၄
Shy V

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ လုပ်ငန်းရှင် တယောက် ဇွန်လ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်က ထပ်မံ ပြန်ပေးဆွဲ ခံရကြောင်း ဒေသခံတွေဆီ သိရပါတယ်။

"ပြန်ပေးဆွဲ ခံရတာ ဟုတ်တယ်။ ညနေ နေ မဝင်ခင်က။ တရုတ် အမျိုးသား တယောက်ဟုတ်တယ်။ သူက ကား Show Room တွေ ဖွင့်ထားတယ်။" လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲဒီ လုပ်ငန်းရှင် အိမ်ခြံဝင်း တံခါးနား ထိုင်ပြီး ဖုန်း ကြည့်နေချိန် အဖြူရောင် ကားငယ် ရောက်လာပြီး ကားထဲက လက်နက်ကိုင်ဆောင်ကာ မျက်နှာဖုံးစွပ်ထားတဲ့ လူ သုံးယောက်ထွက်လာပြီး နှစ်ယောက်က အဲဒီ လုပ်ငန်းရှင်ကို ရိုက်နှက်ဆွဲခေါ်ပြီး ကားထဲဆွဲထည့် မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။

"ဧရာရွှေတောင် နားမှာ ကား အရောင်း အဝယ် လုပ်တဲ့ သူ ဟုတ်တယ်။ ဖြစ်သွားတာက ရွှေသမင် ကုန်း ဆင်း နားမှာ။" လို့ နောက်ထပ် ဒေသခံ တယောက် က ပြောပါတယ်။

မူဆယ် မှာ အခုလို ပြန်ပေးဆွဲ မှု မကြာခဏ ဖြစ်ပွားပြီး မည်သူမည်ဝါတွေ ဖြစ်တယ်ဆိုတာကို မသိရသလို သက်ဆိုင်ရာ ဌာနဘက်ကလည်း အရေးယူနိုင်တာမျိုး မရှိသလောက် နည်းပါးတယ်လို့ လို့ သူက ပြောပါတယ်။

မေလ ၂၆ ရက်နေ့ ‌မွန်းလွဲ ၁ နာရီခွဲကျော်ခန့်ကလည်း မူဆယ်မြို့ရပ်ကွက် တခုမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား တယောက်ကို အဖြူရောင် ကား တစီးပေါ်က လူ သုံးယောက် ပြန်ပေးဆွဲဖို့ ဖမ်းဆီးခဲ့တာမှာ ဆိုင်ကယ်စီးလာသူက ရုန်းကာ ထွက်ပြေးနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ကြောင်း ဒေသခံ တယောက်က ပြောပြပါတယ်။

ဒါအပြင် မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျက်ခန့်က ၄၅ ကုန်း၊ လမ်းသွယ် ၅ နားမှာ ကားမောင်းတဲ့ အမျိုးသမီး နှစ်ယောက်ကို အမျိုးသား ‌​လေးယောက်က သေနတ်ထောက် ခြိမ်း‌ခြောက်ပြီး ရွှေလက်စွပ်၊ ဆွဲကြိုး၊ ဖုန်း တွေ လုယက် ဓားပြတိုက် သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းခန့်ကစ မူဆယ်မြို့ပေါ်မှာ ပြန်ပေးဆွဲ၊ ဓားပြတိုက်၊ လုယက်မှုတွေ နေ့စဉ် နီးပါး ဖြစ်ပွားနေပြီး လုပ်ငန်းရှင်း ပြည်သူ တချို့ အသက်ဘေးပါ စိုးရိမ်နေရတာကြောင့် ဘေးလွတ်ရာ တခြားမြို့တွေဘက်နဲ့ တရုတ်ဘက် ရှောင်တိမ်းနေကြရ‌ကြောင်း ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မူဆယ်မြို့မှာတော့ စစ်တပ်တပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့တွေ ရှိနေပြီး မြို့ပြင်တွေဘက်မှာတော့ SSPP/SSA, PDF, TNLA, AA, MNDAA, KIA တွေ ရှိနေတာ ဖြစ်ပေမယ့် မည်သည့် အဖွဲ့အစည်းကမှ ဓားပြတိုက်မှုမှာ အဓိက ခေါင်းဆောင် လုပ်သူကို ဖော်ထုတ်နိုင်ခြင်းမရှိသလို အရေးယူနိုင်ခြင်းလည်း မရှိသေးပါဘူး။

ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေကတော့ ပြန်ပေးဆွဲ မှု ကျူး‌လွန်နေသူတွေဟာ ‌ကျားဖြန့် ဆိုတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်လို့ ယူဆရကြောင်း ပြောနေကြပါတယ်။

#voiceofmyanmar #vom #မူဆယ် #ပြန်ပေးဆွဲမှု

image

image
Ko Thu changed his profile picture
2 yrs

image

image