2 yrs - Translate

အိန္ဒိယနိုင်ငံတွင် ဆိုးရွားပြင်းထန်သည့် အပူလှိုင်းကျရောက်နေမှုနှင့်အတူ အပူချိန်သည် ၄၇ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီးနောက် ဒေလီမြို့တော်တွင် နွေရာသီကျောင်းပိတ်ရက်အတွက် စာသင် ကျောင်းများကို စောလျင်စွာပိတ်ရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။

အလွန်ပြင်းထန်သည့် အပူချိန်ကြောင့် ကျောင်းများကို ချက်ချင်းပိတ်ရန် ဒေလီမြို့အရာရှိများက တိုက်တွန်း ထားပြီး သတ်မှတ်ထားသည့် အားလပ်ရက်ပိတ်ရက် ကာလထက်ရက်အနည်းငယ်စောပြီး ပိတ်ရန် ညွှန်ကြား ထားသည်။

ဒေလီမြို့တော်၏ နာဂျက်ဖ်ဂါ ဆင်ခြေဖုံးရပ်ကွက်တွင် မေ ၂၀ ရက်က အပူချိန်သည် ၄၇ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယက်စ်အထိ မြင့်တက်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း ပြင်းထန်သည့် အပူလှိုင်းများ ကျရောက်နိုင် သည်ဟု မိုးလေဝသဗျူရိုက သတိပေးခဲ့သည်။

ဒေလီမြိုကတော်အပြင် ဟာယာနာ မာဒယာပရာဒေ့ရှ်၊ ပန်ဂျပ်နှင့် ရာဂျက်စ်သန် ပြည်နယ်များတွင်လည်း စာာသင်ကျောင်းများကို ပိတ်ထားရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ နွေရာသီတွင် ပြင်းထန်သည့် အပူချိန်များ မြင့်တက်မှုသည် ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပေ။

သို့သော် ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းကျရောက်မှုများသည် အချိန်ပိုမို ကြာမြင့်ပြီး ပိုပြင်းထန်လာ ကာ အပူလှိုင်းကျရောက်မှု မကြာခဏ ဖြစ်ပွားလာသည်ဟု သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်များအရ သိရသည်။

အပူချိန်သည် လူသားများ၏ ကျန်းမာရေး အထူးသဖြင့် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါ ခံစားနေရသူများအပေါ် သက်ရောက်မှုရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက သတိပေး ထားသည်။

၂၀၂၂ ခုနှစ် မေလက ဒေလီမြို့တော်၏ အချို့နေရာဒေသများတွင် အပူချိန်သည် ၄၉ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့သည်။

အိန္ဒိယတွင် ဒေလီမြို့တော်အပါအဝင် သီတင်းခြောက်ပတ်ကြာ ပြုလုပ်နေသည့် ရွေးကောက်ပွဲအတွက် မဲပေးမှုများနောက် တစ်ဆင့်ပြုလုပ်လျက်ရှိသည်။

သို့သော်လည်း ပုံမှန်ထက်ပိုမိုပူပြင်းသည့် အပူချိန်များကြောင့် ထိုရွေးကောက်ပွဲတွင် မဲရုံများသို့ လာရောက် မဲပေးသူအရေအတွက် လျော့ကျခဲ့ကာ ဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် တတိယသက်တမ်းကို လွယ်လင့်တကူ အနိုင်ရလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်မှန်းခံထားရသည်။

အိန္ဒိယရွေးကောက်ပွဲကော်မရှင်ကမူ အပူလှိုင်းများနှင့် လေထုစိုထိုင်းဆများသည် မဲပေးမှုအပေါ် မည်သို့မည်ပုံ သက်ရောက်မှုရှိသည်ဆိုခြင်းကို လေ့လာသုံးသပ်ရန် အထူးတာဝန်အဖွဲ့ ဖွဲ့စည်းခဲ့သည်။

တစ်ချိန်တည်းမှာပင် တမီနာဒူးနှင့် ကီရာလာပြည်နယ်များအပါအဝင် အိန္ဒိယ၏ တောင်ပိုင်းပြည်နယ်များတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အိန္ဒိယ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့အပါအဝင် နိုင်ငံ၏ နေရာဒေသအချို့တွင် မုန်တိုင်းများတိုက်ခတ်ခဲ့ပြီး လေပြင်းများကြောင့် ကြီးမားသည့် ဆိုင်းဘုတ်များပြိုလဲခဲ့ ကာ လူ ၁၆ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

image
2 yrs - Translate

23.5.2024 ( 10:30 AM )
နိုင်ငံခြားငွေ စျေးနှုန်းများ

image
2 yrs - Translate

23.5.2024 ( 10:30 AM )
နိုင်ငံခြားငွေ စျေးနှုန်းများ

image
2 yrs - Translate

23.5.2024 ( 10:30 AM )
နိုင်ငံခြားငွေ စျေးနှုန်းများ

imageimage
2 yrs - Translate

23.5.2024 ( 10:11 AM )
မြန်မာ့ရွှေ ပြင်ပပေါက်စျေးအဖွင့် ❗

အခေါက်ရောင်း - ၅၂၀၀၀၀၀ ကျပ်
၁၅ ပဲရည်ရောင်း - ၅၀၀၀၀၀၀ ကျပ်


#ရွှေစျေး

image

Japanese Omelette Curry

Kyaw lin changed his profile picture
2 yrs

image
2 yrs - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၃-၅-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

#fuel
#ဆီစျေး

image
Kyaw lin changed his profile picture
2 yrs

image
2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၂၃ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၁၀၀ ကျပ်
ဝယ်ဈေး - ၄၀၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၄၅ ကျပ်
ဝယ်ဈေး - ၂၉၇၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၁၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၂.၈၃ ကျပ်
ဝယ်ဈေး - ၁၁၀.၅၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၇၃ ကျပ်
ဝယ်ဈေး - ၈၄၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၆၆ ကျပ်
ဝယ်ဈေး - ၅၅၂ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၂၃ ကျပ်
ဝယ်ဈေး - ၂၅.၄၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၉၃ ကျပ်
ဝယ်ဈေး - ၄၇.၄၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၈ ကျပ်
ဝယ်ဈေး - ၂.၈၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၁၀၇ ကျပ်
ဝယ်ဈေး - ၄၉၅၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၁၅ ကျပ်
ဝယ်ဈေး - ၂၆၃၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၅၆ ကျပ်
ဝယ်ဈေး - ၂၈၉၁ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၃၅ ကျပ်
ဝယ်ဈေး - ၅၂၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၂၃ ကျပ်
ဝယ်ဈေး - ၁၀၉၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image