Shaun Griffin changed his profile cover
2 yrs

image
Shaun Griffin changed his profile picture
2 yrs

image
Cindy1046 Irwin changed his profile picture
2 yrs

image
Cindy1046 Irwin changed his profile picture
2 yrs

image
Htun Htun changed his profile picture
2 yrs

image
2 yrs - Translate

ပွဲတွေ ဖြစ်နေပြန်တယ့်
မန်ချက်စတာ ယူနိက်တက်

ယခုအခါမှာ တော့ နယူးကာဆယ်ကို အီးမေးလ်မှားပို့ခဲ့တယ့် Dan Ashworth အကြောင်းပဲဖြစ်ပါတယ်။မန်ချက်စတာ ယူနိက်တက် ကို ပို့ရမယ့် အီးမေးလ်ထဲမှာ နယူးကာဆယ်ရဲ့ အီးမေးလ်လိပ်စာ ကို မှားပြီးထည့်ပြီး ပို့ခဲ့လို့ နယူးကာဆယ်ကတော်တော် ဒေါသထွက်နေပါတယ်။ အဆိုပါ အီးမေးလ်ထဲမှာလည်း နယူးကာဆယ်ရဲ့ အတွင်းရေးတွေပါ၀င်နေတာလည်းဖြစ်ပါတယ်။

image
2 yrs - Translate

မင်းဘဝထဲကို လူကောင်းတွေဟာ
အချိန်မှားပြီး
ဝင်လာတတ်ပါသေးတယ် 💔 😅😂

image
Khaing OoHlaing changed his profile picture
2 yrs

image
2 yrs - Translate

အလုပ်ခွင်မှာ သင့်ရဲ့မျက်လုံးကျန်းမာရေးအတွက် ဂရုစိုက်ရမယ့် အကြံပြုချက်တွေ

ကျွန်တော်တို့အများစုက အိမ်မှာအလုပ်လုပ်ရင်ပဲဖြစ်ဖြစ် ရုံးမှာ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် လက်တော့ပ် (သို့) ဖုန်းနဲ့ အများဆုံး အချိန်ကုန်ဖြစ်ကြပါတယ်။ လက်တော့ပ်နဲ့ဖုန်းမျက်နှာပြင်တို့ကို တစ်နေ့လုံး ကြည့်ပြီး အလုပ်လုပ်ရတဲ့ အချိန်ကများတဲ့အတွက် မျက်စိထိခိုက်နိုင်ပါတယ်။ ဖုန်းနဲ့ လက်တော့ပ်သုံးရတဲ့ အချိန်များလာတာကြောင့် သင့်မျက်စိကို ပုံမှန်ထက် ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ သင့်မျက်စိကျန်းမာရေးအတွက် ဘယ်လိုတွေ ဂရုစိုက်လုပ်ဆောင်ရမလဲဆိုတဲ့ အကြုံပြုချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

လက်တော့ပ်/ ကွန်ပျူတာကို သင့်တင့်တဲ့အကွာအဝေးမှာ ထားပါ

လူတော်တော်များများက ဖုန်း၊ လက်တော့ပ်တွေကို သူတို့ရဲ့မျက်လုံးနားကပ်ပြီး သုံးတတ်ကြပါတယ်။ အဲဒီလိုလူတွေက အလုပ်ခွင်မှာ အချိန်အကြာကြီးအလုပ်လုပ်ရတဲ့အခါမှာ မကြာခဏ မျက်စိပြဿနာဖြစ်နိုင်ခြေများပါတယ်။ သင့်လက်တော့ပ်ကို လက်တစ်ကမ်းအကွာမှာ အမြဲတမ်းထားတာအကောင်းဆုံးပါပဲ။ လက်တော့ပ်မျက်နှာပြင်က သင့်မျက်စိနဲ့ သင့်တင့်တဲ့အကွာအဝေးမှာ ရှိနေသင့်ပါတယ်။ လက်တော့ပ်မျက်နှာပြင်က အနည်းဆုံး ၂၅ လက်မအကွာမှာ ရှိသင့်ပြီး eye level ထက် နည်းနည်းနိမ့်နေသင့်ပါတယ်။ ဒါက သင့်မျက်စိညောင်းတာတွေကို လျော့နည်းစေပြီး အလင်းစူးရှမှုကိုလည်း လျော့ချပေးပါတယ်။

မျက်နှာပြင် Brightness ကို ချိန်ညှိပေးပါ

လက်တော့ပ်မျက်နှာပြင်က အချိန်အကြာကြီးအလုပ်လုပ်ပြီးနောက် သင့်မျက်စိအပေါ် သက်ရောက်မှုများစေတဲ့အရာပါပဲ။ မျက်နှာပြင် Brightness ကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ချိန်ညှိထားပါ။ ဒါမှ သင့်မျက်စိကို မျက်နှာပြင်အလင်းကြောင့် ထိခိုက်တာကို လျော့ချပေးရာရောက်ပါတယ်။ သင့်မျက်စိ အရမ်းအားနည်းတယ်ဆိုရင် မျက်စိဆရာဝန်ကို ပြကြည့်သင့်ပါတယ်။

သဘာဝအလင်းရောင်နဲ့ အလုပ်လုပ်ကြည့်ပါ

LED မီးတွေအသုံးပြုတာထက် သဘာဝအလင်းရောင်နဲ့ အလုပ်လုပ်ဖို့ အမြဲကြိုးစားကြည့်ပါ။ နေရောင်ခြည်က ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကတဆင့် အခန်းထဲ ဝင်လာတဲ့အခါ သင့်မျက်စိကို သက်တောင့်သက်သာဖြစ်စေပါတယ်။ တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေဖို့လည်း ကူညီပေးပါတယ်။

ပုံမှန်နားနားပေးပါ

အလုပ်လုပ်နေတဲ့အခါ သတိရနေရမယ့် အရေးကြီးဆုံးအရာတွေထဲကတစ်ခုက ဆက်တိုက်အလုပ်လုပ်မလုပ်ဘဲ နားနားပေးဖို့ပါပဲ။ (၁) နာရီတိုင်း အနည်းဆုံး ၅ မိနစ်လောက် လက်တော့ပ်မျက်နှာပြင်မကြည့်ဘဲ ခဏနားပေးပါ။ သင့်မျက်စိကို မထိခိုက်အောင် မျက်စိအနားပေးရာရောက်ပါတယ်။ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်းအားကိုလည်း တိုးတက်စေပါတယ်။

မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ

ပုံမှန်မျက်စိလေ့ကျင့်ခန်းတချို့ လုပ်ပေးဖို့ အချိန်အနည်းငယ်ပေးသင့်ပါတယ်။ အခြားကြွက်သားတွေလို သင့်မျက်စိက သန်မာပြီး ကျန်းမာနေစေဖို့ ပုံမှန်လေ့ကျင့်ခန်းလိုအပ်ပါတယ်။ ၂၀-၂၀-၂၀ စည်းမျဉ်းက အလုပ်လုပ်နေရင်း လုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့လေ့ကျင့်ခန်းပါပဲ။ မိနစ် ၂၀ တိုင်း လက်တော့ပ်မျက်နှာပြင်ကို ၂၀ စက္ကန့်လောက် မကြည့်တော့ဘဲ ပေ ၂၀ အဝေးမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်လိုက်ပါ။ အဲဒီလိုလုပ်ပေးတာက ရိုးရှင်းတဲ့မျက်စိလေ့ကျင့်ခန်းပါပဲ။

မျက်တောင်ခတ်ပေးဖို့ မမေ့ပါနဲ့

ယေဘုယျအားဖြင့် ကျွန်တော်တို့တွေက ၄ စက္ကန့်တိုင်း မျက်တောင့်ခတ်တတ်ပေးမယ့် ဒီဂျစ်တယ်မျက်နှာပြင်တွေနဲ့ အလုပ်လုပ်တဲ့အခါ အဲဒီပမာဏထက် တစ်ဝက်ကျော်လျော့နည်းသွားတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ သင့်မျက်စိခြောက်သွေ့၊ ယားယံတာတွေမဖြစ်ဖို့အတွက် တတ်နိုင်သလောက် မကြာခဏ မျက်တောင်ခတ်ပေးကြည့်ပါ။

ပိုကြီးတဲ့ဖောင့်အရွယ်အစားကို သုံးပါ

သင့်လက်တော့ပ်က ဖောင့်အရွယ်အစားက သင့်မျက်စိအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဖောင့်အရွယ်အစားသေးလေလေ သင့်မျက်လုံးညောင်းလေလေပါပဲ။ ဖောင့်သေးရင် ပိုပြီးအာရုံစိုက်ကြည့်ရတဲ့အတွက် သင့်မျက်စိကို ညောင်စေပါတယ်။ ဒါကြောင့် စာရွက်စာတမ်းအရှည်ကြီးကဖတ်ရင်း ဖောင့်အရွယ်အစားကို ချိန်ညှိပေးပါ။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေဓာတ်လုံလောက်တာကလည်း သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် သင့်မျက်စိခြောက်သွေ့ပြီး ယားယံတာတွေဖြစ်မလာအောင် ကူညီပေးနိုင်ပါတယ်။

ပုံမှန်မျက်စိစစ်ဆေးမှုခံယူပါ

ပုံမှန်မျက်စိစစ်ဆေးတာက အလုပ်မှာ မျက်စိကျန်းမာရေးကောင်းဖို့အတွက် အရေးကြီးပါတယ်။ သင့်မျက်စိမထိခိုက်ခင် မျက်စိပြဿနာတွေကို မျက်စိဆရာဝန်တွေကပဲ ရှာဖွေပေးနိုင်ပါတယ်။ မျက်စိဆရာဝန်တွေနဲ့ ပုံမှန်ရက်ချိန်းယူပြီး သင့်မျက်စိကို ပြကြည့်သင့်ပါတယ်။

image
2 yrs - Translate

ဒီတစ်ရာသီလုံး ပွဲစဥ် ၅၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ လေဗာကူဆင်ဟာ ဒဗ္ဗလင်မြို့မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ အတ္တလန္တာကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ပါပြီ။
အတ္တလန္တာအတွက် နိုင်ဂျီးရီးယားတောင်ပံကစားသမား လွတ်ခ်မန်းက ဟက်ထရစ် သွင်းပေးခဲ့တာဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
အတ္တလန္တာဟာ အသင်းသမိုင်းမှာ ယူရိုပါလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၆၁ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကိုလည်း
အဆုံးသတ်နိုင်ခဲ့ပါပြီ။

image