It is too hot,hiding in the fridge and not wanting to come out.

2 နှစ်များ - ဘာသာပြန်ပါ။

too much disappointments for today hehe so tired.

image
2 နှစ်များ - ဘာသာပြန်ပါ။

🌸Bridal Suits🌸

Bridal Suitကို မင်္ဂလာဆောင်မှပဲ
ဝတ်ရတော့မယ်ဆိုတဲ့ အတွေးမျိုး
အရင်ကရှိခဲ့ဖူးရင် ခုပဲမေ့ပစ်လိုက်ပါ။ 🙌အဖြူရောင် Suit တွေဆိုရင် တိုတို၊
ရှည်ရှည်၊ မပွတပွ၊ Tailored Made
ဘာဖြစ်ဖြစ် ဝတ်ချင်တဲ့အချိန်
ကြိုက်တဲ့စတိုင်ရွေးပြီးသာ
ဝတ်ချလိုက်ပါဗျို့ 🤍
သူ့ကိုဆို ပွဲတက်အတွက်မှ မဟုတ်ပဲ work wardrobe အတွက်လည်း
ရွေးလို့ အဆင်ပြေပါတယ်တဲ့။👌

image
2 နှစ်များ - ဘာသာပြန်ပါ။

What i want what i am

image
2 နှစ်များ - ဘာသာပြန်ပါ။

What i want what i am

image
2 နှစ်များ - ဘာသာပြန်ပါ။

What i want what i am

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

လူတွေက ဘာလို့ မရတာဆို
ပိုလိုချင်ကြသလဲ?

မရနိုင်ဘူးဆိုမှ ပိုလိုချင်ကြတာမျိုး လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ဒါပေမယ့် ဒါကဘာကြောင့်လဲဆိုတာကို စေ့စေ့ပေါက်ပေါက် စဥ်းစားဖူးတဲ့ လူတွေလည်းရှိနိုင်သလို လူတိုင်း ဒီလိုပါပဲ ဆိုပြီး တွေးလိုက်ကြတာ များပါတယ်။ အမှန်တော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စိတ်ပညာ ဘာသာမှာ သုံးသပ်ထားတဲ့ သီအိုရီတစ်ချို့ ရှိတဲ့အတွက် ဘာကြောင့်လဲဆိုတဲ့ အဖြေကိုရှာကြည့်လိုက်ရအောင်။

ရှားပါးမှု နိယာမ (Scarcity Principle)

ဒီနိယာမဟာ စီးပွားရေးနဲ့ မားကတ်တင်းသမားတွေ အသုံးများပါတယ်။ ပစ္စည်းတစ်ခုကို ကန့်သတ်အရေအတွက် (limited edition) ထုတ်ပြီးတော့ လူတွေပိုဝယ်အောင် လုပ်တာမျိုးပါ။ ရှားပါးပြီး ရဖို့ခက်တာမျိုးဆို ပိုပြီးတန်ဖိုးထားကြတယ်လို့ ဒီနိယာမက အဆိုပြုပါတယ်။ တစ်စုံတစ်ရာက ရှားတယ် ရဖို့ခက်တယ်ဆိုရင် ပိုတန်ဖိုးကြီးတယ် ဆိုတဲ့ စိတ်ကြောင့် ပိုလိုချင်တာ၊ ကိုယ့်မျက်စိရှေ့မှာရောက်နေတယ်ဆိုရင် အခုမှမရရင် နောက်တစ်သက်လုံးပြန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်ဖြစ်လာတတ်ပါတယ်။ သူများတွေထက် နောက်ကောက်ကျန်ခဲ့မှာစိုးတဲ့ စိတ်ကြောင့်လည်း ရှားပါးပြီး ပိုခက်ခဲတာမျိုးဆို ပိုလိုချင်ကြတယ်လို့ ရှားပါးမှု နိယာမက ဆိုပါတယ်။

တုံ့ပြန်မှု သီအိုရီ (Reactance Theory)

စိတ်ပညာရှင် ဂျက်ဘရမ်း (Jack Brehm) က လူတွေဟာ လုပ်လို့မရဘူးဆိုပြီး ကန့်သတ်ခံရတဲ့အခါ သူတို့ရဲ့ လွတ်လပ်တဲ့စိတ်ကို ခြိမ်းခြောက်ရာရောက်တဲ့အတွက် ပိုပြီးလုပ်ချင်ကြတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်က သူ့အတွက် ရွေးချယ်စရာတွေကန့်သတ်ခံရတယ်လို့ ခံစားရတဲ့အခါ မလုပ်ရမယ့်အရာတွေကို ပိုလိုချင်ခြင်းနဲ့ လွတ်လပ်မှုကို ပြန်ရှာကြပါတယ်။ ကိုယ့်ဘဝကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို လူတိုင်းလိုချင်ကြတဲ့အတွက် ဒီလိုကန့်သတ်ချက်တွေကို ပိုလုပ်ချင်တဲ့စိတ်နဲ့ ထိန်းချုပ်မှု (Control) ကိုရှာဖွေတတ်ကြတယ်လို့ ဂျက်ကဆိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီစိတ်ကို ထိန်းချုပ်နိုင်စွမ်းများတာကြောင့် ဒီသီအိုရီကို ဆယ်ကျော်သက်နဲ့ ကလေးတွေမှာ ပိုပြီးထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

လူနေမှု အဆင့်သတ်မှတ်ခြင်း (Social Comparison)

လီယွန် ဖတ်စ်တင်ဂျာ (Leon Festinger) လို့ခေါ်တဲ့ စိတ်ပညာရှင်က လူတွေဟာ သူတို့ရဲ့ တန်ဖိုးကို လူနေမှုအဆင့်အတန်းနဲ့ သတ်မှတ်ကြတယ်လို့ ပြောပါတယ်။ လူတစ်ယောက်က ပတ်ဝန်းကျင်ကလူတွေကို သူ့ထက် မြင့်တယ်၊ နိမ့်တယ်လို့ အဆင့်ခွဲပြီး သူတို့ကို သူတို့ နံပါတ်ဘယ်လောက်ဆိုပြီး အဆင့်သတ်မှတ်တတ်ကြပါတယ််။ ဒီလိုနှိုင်းယှဥ်တဲ့အခါမှာ ကိုယ့်ထက်မြင့်တယ်လို့ယူဆထားတဲ့ အဆင့်တွေကနေ ကိုယ့်မှာမရှိတာတွေကို လိုချင်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီဘက်ခေတ်မှာ အွန်လိုင်းနဲ့ ဆိုရှယ် မီဒီယာကြောင့် ဒီသီအိုရီက ပိုမှန်လာပြီး လူတွေက အမြဲတစ်ဆင့်တက်ဖို့ ကြိုးစားနေကြတာကို တွေ့နိုင်ပါတယ်။

မရတာကိုမှ ပိုလိုချင်တဲ့ကိစ္စတွေဟာ နေ့စဥ်ဘဝအပါအဝင် လူတွေအကြား ဆက်ဆံရေး (relationship) နဲ့ အလုပ်ခွင်တွေမှာလည်း တွေ့ရဖို့ မခဲယဥ်းပါဘူး။ ကိုယ့်ကို မလိုချင်တဲ့ လူကိုမှ ပိုပြီး တမ်းတမ်းစွဲဖြစ်ကြတာ၊ ရဖို့ခက်တဲ့ အလုပ်ကိုမှ လိုချင်တာ၊ မရမကလိုက်ရှာပြီး ဝယ်ထားရတဲ့ ပစ္စည်းကိုမှ ပိုတန်ဖိုးထားကြတာ စတာတွေက အပေါ်မှာ ဖော်ပြခဲ့တဲ့ သီအိုရီ၊ နိယာမတွေနဲ့ အတော်လေးတိုက်ဆိုင်ပါတယ်။

ဒီစိတ်ဟာ အသုံးချတတ်ရင် ကိုယ့်ဘဝအတွက် အသုံးဝင်နိုင်ပေမယ့် မထိန်းချုပ်နိုင်ရင် ကိုယ့်မှာလက်ရှိရှိနေတဲ့ အရာတွေကို လျစ်လျူရှုမိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိရှိနေတဲ့ အရာတွေကိုလည်း တန်ဖိုးထားတတ်ဖို့လိုသလို ကိုယ်တကယ်လိုချင်တဲ့ အရာလား၊ သူများတွေမှာရှိနေလို့ ဖိအားတစ်ခုကြောင့် လိုချင်နေတာလား၊ ကိုယ့်အတွက်တကယ် အသုံးဝင်လား စတဲ့မေးခွန်းတွေကို သုံးသပ်ပြီး တကယ်လိုချင်တဲ့အရာတွေအတွက်ပဲ ကြိုးစားဖို့ အကြံပြုလိုက်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Milton Abbas Village, England 💚

image
2 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့ဈေးအကြီးဆုံး
ဆန်အမျိုးအစားကတော့
ဂျပန်နိုင်ငံမှာ စိုက်ပျိုးတဲ့ Kinmemai Premium ဆန်ပါ။
ဂျပန်နိုင်ငံရဲ့ ဆုရ
ဆန်မျိုးစိတ် ၅ ခုကို ပေါင်းစပ်ပြီး အကောင်းဆုံးမျိုးစပ်ထားတဲ့ စပါးကနေ ထုတ်လုပ်ထားတာပါ။ အလေးချိန် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ
၁၀၉ ဒေါ်လာအထိ ကျသင့်ပါတယ်။
ဆန်သားအရသာ ကောင်းမွန်စေဖို့အတွက် ၆ လကြာ စီမံပြီးမှ ကြိတ်ခွဲတာပါ။ မျိုးစိတ်ကောင်းတွေကို ရွေးချယ်ပေါင်းစပ်ထားပြီး စနစ်တကျ စီမံကြိတ်ခွဲမှုကြောင့် ထူးခြားကောင်းမွန်တဲ့
အရသာရှိတယ်လို့ ဆိုပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Here We Go!!!
ဟန်စီ ဖလစ် ✔️🤝ဘာစီလိုနာ!!!

ဇာဗီကို ‌မနေ့ည က ဘာစီလိုနာကနေ တရား၀င် ထုတ်ပယ်ခဲ့ပါတယ်။
အခုတော့ ဘာစီလိုနာ ကတော့
ဟန်စီ ဖလစ်ကို နည်းပြနေရာ
အတွက် ခန့်အပ်တော့မှာပဲဖြစ်ပါတယ်။ ဖလစ်က ဘာစီလိုနာ မှာ ၂၀၂၆ ထိ စာချုပ်ချုပ်မှာဖြစ်ပြီး
သူရဲ့ ဂျာမနီ လက်ထောက်
နှစ်ယောက်ပါခေါ်လာမည်ဖြစ်သည်။

image