2 yrs - Translate

ရောင်းရမည့်သူတွေ ရောင်းထားနော်
အမြင့်ဆုံးစျေးတန်းကို ရောက်နေပါပြီ

အကျစောင့် ဝယ်မည့်သူတွေ စိတ်ရှည်ရှည်ထား စောင့်ကြပါ ၊ ကျန်တာကတော့ မိမိဆန္ဒသဘောအတိုင်းပါပဲ ။

ဒီစျေးတန်းက ကျပါ့ဦးမလား ဆက်တက်လာရင် စျေးမမှီတော့ဘူးဆိုပြီး ပြေးဝယ်သူတွေ ၊ ဆက်တက်နိုင်သေးတယ်ဆိုပြီး မရောင်းပဲ ထိုင်စောင့်နေသူတွေ များမယ်လို့
ထင်ပါတယ် ။

ကမ္ဘာ့ရွှေစျေးကွက်ကို ကြီးကြီးမားမား လှုပ်ခက်မည့် သတင်းက လာဦးမယ်လို့ ဆိုပြန်ပါတယ် ၊ ဘာကိုလှုပ်မလဲတော့ မသိဘူး 😁

image
2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၁၇ ရက်)

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၀၃၀ ကျပ်
ဝယ်ဈေး - ၃၉၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၉၉၀ ကျပ်
ဝယ်ဈေး - ၂၉၁၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၃၇၅ ကျပ်
ဝယ်ဈေး - ၄၂၄၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၁.၀၆ ကျပ်
ဝယ်ဈေး - ၁၀၈.၈၄ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၅၉ ကျပ်
ဝယ်ဈေး - ၈၃၃ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၅၇ ကျပ်
ဝယ်ဈေး - ၅၄၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၈၅ ကျပ်
ဝယ်ဈေး - ၂၅.၀၇ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၈.၂၅ ကျပ်
ဝယ်ဈေး - ၄၆.၈၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၇ ကျပ်
ဝယ်ဈေး - ၂.၈၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၀၅၀ ကျပ်
ဝယ်ဈေး - ၄၉၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၅ ကျပ်
ဝယ်ဈေး - ၂၆၀၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၃ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၉ ကျပ်
ဝယ်ဈေး - ၅၁၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၁၁ ကျပ်
ဝယ်ဈေး - ၁၀၈၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

image
2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၁၇ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၇၈ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၉၈၀၀၀၀ ကျပ်
ဝယ်ဈေး ၄၉၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်

image
2 yrs - Translate

ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ် အတွင်းနှင့် ဟဲဟိုးမြို့၌ နှစ်ပေါင်း ၄၅ နှစ်အ တွင်း မေ ၁၅ ရက်က အမြင့်ဆုံးအပူချိန် စံချိန် သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်ဟောင်း ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၄၃ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်အဖြစ်လည်းကောင်း၊ ဟဲဟိုးမြို့ တွင် နှစ်ပေါင်း ၄၅ နှစ်အတွင်း အမြင့်ဆုံးအပူ ချိန်စံချိန်ဟောင်း ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီး ယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အဖြစ် စံချိန်သစ်တင်ခဲ့ ကြောင်း သိရသည်။

မေ ၁၅ ရက်က နေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန် ထက် ခုနစ်ဒီဂရီဆဲလ်စီးယပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီ ဆဲလ်စီးယပ်အထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင် ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ ကြောင်း သိရသည်။

အလားတူ ထူးခြားသည့် နေ့အပူချိန်များ အနေဖြင့် ချောက်မြို့တွင် ၄၅ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်၊ မကွေးမြို့တွင် ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး (လေ ကြောင်းမိုးလေဝသ)၊ မင်းဘူးမြို့နှင့် အောင်လံ မြို့တို့တွင် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းခြံမြို့တွင် ၄၄ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ် နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စီတို့ဖြစ်ကြကြောင်း သိရသည်။

image
2 yrs - Translate

တက္ကသိုလ်ကျောင်းပေါင်း
၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့သူ

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ မိန်းကလေး မက်ဒီဆင်ခရိုဝဲလ်ဟာ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ဝင်ခွင့်ရရှိခဲ့ပြီး တချို့ကျောင်းတွေက ပညာသင်ဆုပေးပြီး ကမ်းလှမ်းခဲ့တာပါ။ သူ့ကို ကမ်းလှမ်းထားတဲ့ ပညာသင်ဆုတွေအားလုံးကို ပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၁၄.၇ သန်းအထိ တန်ကြေးရှိပါတယ်။
လေဘာတီကောင်တီ အထက်တန်းကျောင်းရဲ့ ကျောင်းတွင်း လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ခရိုဝဲလ်ဟာ သူ့အိမ်အနီးနားတစ်ဝိုက်က တက္ကသိုလ်တွေကို ဝင်ခွင့် လိုက်လျှောက်ရင်း အခုအခါမှာတော့ တက္ကသိုလ်ကျောင်းပေါင်း ၂၃၁ ကျောင်းရဲ့ ကမ်းလှမ်းမှုအနက် ဘယ်ကမ်းလှမ်းမှုကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားရခက်နေပြီလို့ ဆိုပါတယ်။

Ref: Diligent Planning Sees Teen Accepted into 231 Schools, Winning $14.7 Million in Scholarships

image

❤️

2 yrs - Translate

လက်စတာ ၊ အစ်စဝစ်ချ် တို့
တန်းတက်လာပြီးနောက်
နောက်ထပ်
ပရီးမီးယားလိဂ်တစ်နေရာအတွက်
Play-offs
ကစားရမယ့် လေးသင်း ⚽️

ဘယ်သူ အနိုင်ရမယ်ထင်လဲ??

image
2 yrs - Translate

Neuschwanstein, Germany 💚💚💚

image
2 yrs - Translate

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။

မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကျဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။

အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း
အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကြတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။

Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။

မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း
သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။

မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း
Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ဒီ့အတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်။

Credit : ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

image