2 yrs - Translate

ပြည်တွင်းရွှေဈေး ကျပ် သိန်း ၅၀ ကျော်ထိ စံချိန်တင် မြင့်တက်

ပြည်တွင်း အခေါက်ရွှေစျေးနှုန်းဟာ ဒီကနေ့ မေ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ ကျပ် သိန်း ၅၀ ကျော်ကို စံချိန်တင် မြင့်တက် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက အခေါက်ရွှေတကျပ်သားကို ကျပ် လေးဆယ့်ကိုးသိန်း ကိုးသောင်းနဲ့ စတင် ဈေးဖွင့်ခဲ့တာဖြစ်ပြီး နေ့လယ် ၁ နာရီ ဝန်းကျင်မှာတော့ အခေါက်ရွှေတကျပ်သားကို ကျပ် သိန်းငါးဆယ် နှစ်သောင်းကျပ်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ သိန်း ၅၀ ကျော်သွားပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့မှ ရုတ်တရက်ကြီး ဒေါ်လာ ၅၀ လောက် တက်သွားတယ်။ ဒေါ်လာဈေးကလည်း ၄၀၀၀ ကျော်သွားတယ်ပေါ့။ အဲဒီနှစ်ခု တိုက်ဆိုင်ပြီးတော့ ဒီမှာ ရွှေဈေးတွေ တက်သွားတယ်ပေါ့။ ရွှေဈေး ပြန်မကျဘူးဆိုရင် ၅၀ ကျော်မှာပဲ ဆက်သွားမှာပေါ့။ ဘယ်လောက်အထိ ဆက်ကျော်မလဲဆိုတာကတော့ မှန်းရခက်ပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ မေလ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ တအောင်စ ၂၃၆၈ ဒေါ်လာဈေး ဖြစ်ပေါ်နေပြီး တပတ်အတွင်း တအောင်စ ၇၆ ဒေါ်လာ မြင့်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ဒီကနေ့ မေလ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ တဒေါ်လာ ရောင်းဈေး ၄၀၆၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး တပတ်အတွင်း တဒေါ်လာ ကျပ် ၇၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေစျေး စံချိန်တင် ထိုးတက်နေချိန်မှာ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေ အရောင်းအဝယ်မလုပ်ဘဲ စျေးကွက် ယာယီရပ်ဆိုင်းထားမှုတွေလည်း ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“လက်ရှိ ‌ရွှေဈေးကွက် အနေအထားကတော့ အရောင်းအဝယ်ပါးနေတယ်။ ဝယ်တဲ့သူလည်း နည်းနေသလို ရောင်းတဲ့သူလည်း နည်းပါတယ်” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

အခုလို ပြင်ပရွှေစျေးကွက်မှာ ရွှေဈေး ကျပ်သိန်း ၅၀ ကျော်အထိ စံချိန်တင် မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ကတော့ ဒီကနေ့ မေ ၁၆ ရက်နေ့လယ်ပိုင်းအချိန် အကယ်ဒမီ မီးလင်းရွှေစျေးကို ကျပ် သုံးဆယ့် ကိုးသိန်း ကိုးသောင်း ကိုးထောင့်ကိုးရာဈေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

image
2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၁၆ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၈၉ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၀၂၅၀၀၀ ကျပ်
ဝယ်ဈေး ၄၉၈၅၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၈၂၅၀၀၀ ကျပ်
ဝယ်ဈေး ၄၇၈၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

Cute ?

❤️

2 yrs - Translate

အကြာကြီးနေမှ ပြန်ဆက်သွယ်လာတဲ့သူကို ဘယ်လိုတုံ့ပြန်ရမလဲ?

ဘာကိုလဲ။

အကြာကြီးနေမှ သူပြန်ဆက်သွယ်လာတာထက် မင်း အဲဒီလူနဲ့ ပြန်ပတ်သက်ချင်လား၊ မပတ်သက်ချင်ဘူးလားက ပိုအရေးမကြီးဘူးလား။ မပတ်သက်ချင်ဘူးဆိုရင်တော့ သူဆက်သွယ်လည်း မင်းဘက်က အများကြီးစဥ်းစားနေစရာတွေ မလိုဘူးလေ။ ပတ်သက်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာဘဲ စာပြန်လိုက်ပေါ့။ အဓိက,က မင်းစိတ်ကို မင်းသိဖို့ပဲလိုတာပါ။

image
2 yrs - Translate

ငါးရံ့ ဘူးသီးချဉ်ရည်

ပါဝင်ပစ္စည်းများ
ငါးရံ့ ၄၀ သားခန့်
ဘူးသီး တစ်စိတ်
ခရမ်းချဉ်သီး ၂၀ သားခန့်
ခရမ်းချဉ်သီး ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ငရုပ်ပုသီး၊ ငရုပ်သီး၊ ငါးငံပြာရည်၊ ဆား၊ နနွင်း၊ နံနံပင်

ပြုလုပ်နည်း
ငါးရံ့ ၄၀ သားခန့်တစ်ကောင်ကို ဆေးကြောသန့်စင်ပြီး အနေတော်တုံးပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှုန့် တို့ဖြင့် နယ်ထားပါ။
ခရမ်းချဉ်သီး ၂၀သားခန့် ခပ်ပါးပါး လှီးထားပါ။
ငရုပ်ပုသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ညက်အောင် ရောထောင်းထားပါ။
ဘူးသီးတစ်စိတ်ခန့် အနေတော်လှီးဖြတ်ထားပါ။
ဒယ်အိုးထဲ ဆီထည့်ကာ ထောင်းထားသောငရုပ်သီးများကို ဆီသတ်ပါ။
ပြီးလျှင် ခရမ်းချဉ်သီးထည့်ကြော်ကာ ခရမ်းချဉ်သီးနွမ်းပါက ငါးနဲ့ဘူးသီးထည့်ပါ။
ဆုံဆေးရည်နဲ့ ရေကျက်အေး အနည်းငယ် ငါးငံပြာရည်ထည့်ပြီး ငါးကျက်ပြီးဘူးသီးနူးတဲ့အထိထားကာ နံနံပင်နဲ့ ငရုပ်သီးစိမ်းအုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
#cooking

image
2 yrs - Translate

သာမန်မိန်းကလေးတွေရဲ့ပျော်ရွှင်ခြင်းက
သိပ်ရိုးရှင်းတယ်။
- ပန်းတစ်ပွင့်လောက်ရတာနဲ့
-ကော်ဖီတစ်ခွက်သောက်ရတာနဲ့
- လမ်းထိပ်က အသုပ်စုံစားရတာနဲ့
-သံပုရာရည်တစ်ခွက် သောက်ရတာနဲ့
-မုန့်ဖိုးနည်းနည်းရတာနဲ့
- လိုချင်နေတဲ့ဝမ်းဆက်၊ဖိနပ်လေးရလိုက်တာနဲ့
- စျေးသင့်တဲ့နှုတ်ခမ်းနီတစ်ချောင်းရတာနဲ့
တစ်နေကုန် ပျော်နေတတ်တယ်။ဒီပျော်ရွှင်ခြင်းကို
သူမ ကိုယ်တိုင် ဖန်တီးယူနိုင်တာက ပိုချစ်ဖို့ကောင်းတယ်။သူတို့ချစ်တဲ့လူတွေဆီက အချစ်ခံရရင်
ပျော်သလား မမေးနဲ့။အသေးအမွှားကအစ သူတို့
ပျော်တတ်တယ်။လိုအင်ဆန္ဒနည်းသူမို့။

မနက်အလုပ်သွားခါနီး အိမ်က အမေ့ဆီက အဖေ့ဆီက
သကြားလုံးနှစ်လုံးဖြစ်ဖြစ် ပေါင်မုန့်တစ်ထုပ်ဖြစ်ဖြစ်
ရရင်လည်း ပျော်နေရော။မာလာရှမ်းကောနဲ့
Bubble Tea တစ်ခွက်လောက်
သောက်ရလည်း ပျော်ရတာပါပဲ။

ရိုးရိုးရှင်းရှင်း ပျော်ပျော်ရွှင်ရွှင်နေရဖို့ဆို
Self-respect (မိမိကိုယ်ကို လေးစားခြင်း)
Self- esteem (မိမိကိုယ့်ကို တန်ဖိုးထားခြင်း)
Be independent (ကိုယ့််အားကိုယ် ကိုးခြင်း)
Do the best (လုပ်စရာရှိတာ အကောင်းဆုံးလုပ်ခြင်း)
ဒါတွေက အရေးကြီးတဲ့ အချက်တွေပါပဲ။
Live each day simply.

image
2 yrs - Translate

အာရှဒေသအများအပြားသည် အပူလှိုင်းကြောင့် ပူလောင်အိုက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှသည် ဖိလစ်ပိုင်အထိ အပူစံချိန်များ အမြင့်ဆုံးကိုရောက်ခဲ့သော အပူလှိုင်းကြောင့် ကျောင်းသား သန်းပေါင်း များစွာသည် ကျောင်းမတက်ကြရဘဲ အိမ်တွင် နေခဲ့ကြရသည်။

ပြင်းထန်အပူဒဏ်သည် ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ရသည်ဟု ရာသီဥတု သိပ္ပံပညာရှင်များက ပြောသည်။ ရာသီဥတု ပြောင်းလဲမှုသည် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်းထန်အပူလှိုင်းများ မကြာမကြာ ဖြစ်ပေါ်မည်ဟု ဆိုသည်။ အပူလှိုင်း ကျချိန်များသည် အချိန်ပိုကြာလာမည်ဖြစ်သည်။ အပူလှိုင်းတို့သည် ပိုမိုပြင်းထန်လာမည်ဟု သိပ္ပံပညာရှင်များက ဟောကိန်း ထုတ်ထားကြသည်။

■ သက်ရောက်သည့် နေရာများ

ပြင်းထန်အပူသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့တွင် စံချိန်တင်အပူချိန်ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်မြို့တော် မနီလာသည်လည်း အပူ ချိန် စံချိန်တင်သွားခဲ့သည်။

ထိုင်းအာဏာပိုင်များက ပြင်းထန် သောအခြေအနေများနှင့်ပတ်သက်၍ သတိ ပေးချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ကမ္ဘော ဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်တို့က အာဏာပိုင်များကလည်း အပူ ချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထက်ကို ရောက်ရှိမည်ဟု သတိပေးထားသည်။

ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။ အိန္ဒိယနိုင်ငံကလည်း ပြင်းထန်အပူချိန်က ရွေးကောက်ပွဲတွင် လာရောက်မဲပေးကြမည့် ပြည်သူများကို သက်ရောက်မှုရှိ မရှိ လေ့လာ ဆန်းစစ်လျက်ရှိသည်။

ဂျပန် မြောက်ပိုင်းကိုတောင် သက် ရောက်မှုရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ ဆက်ပိုရို တွင် ဧပြီလထဲ အပူချိန်များသည် ၂၅ ဒီဂရီ ဆဲလ်စီယပ်(၇၇ ဒီဂရီဖာရင်ဟိုက်) ကို ကျော် လွန်သွားခဲ့ရာ နှစ်တစ်နှစ်၏ အစောဆုံးအ ချိန်တွင် အပူချိန် စံချိန်တင်သွားခြင်းဖြစ် သည်။

image
2 yrs - Translate

“On the road again, chasing adventures.” ❤️

image
2 yrs - Translate

“On the road again, chasing adventures.” ❤️

image