2 နှစ်များ - ဘာသာပြန်ပါ။

ဘာသာစကားဟာ လူ့စိတ်၊ လူ့ဉာဉ်၊ လူ့မနော ဖြစ်ပါတယ်။

လူရဲ့ ဆင်ခြေဆင်လက် လှည့်ဖျားပလီ လိမ်လည် ဝေ့ဝိုက်မှုကနေ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကာမမှု၊ ငွေကြေး၊ ဥပဒေနဲ့ တရားခွင်၊ ကြော်ငြာစကား၊ ဝါဒနဲ့ကောလာဟလဖြန့်၊ ထောက်လှမ်းရေးစစ်မေးမှု အထွေထွေ Case Studies များကို ဘာသာဗေဒရှုထောင့်ကနေ စူးစမ်းမယ့်

"Forensic Linguistics: A Cognitive Approach"

ဆိုတဲ့ အတန်းတခု မကြာခင်ဖွင့်ပါမယ်။

Ovid ရဲ့ the Art of Love ကနေ Peter Wright ရဲ့ Spy Catcher အထိ ဖတ်စာဖတ်ခိုင်းမှာ ဖြစ်ပါတယ်။

image

image
2 နှစ်များ - ဘာသာပြန်ပါ။

သက္ကတမေးဖြေ (၃)

(၁)
ဦးရွှေအောင် က ပါဏိနီ ကျမ်းကို ဘာသာပြန်ခဲ့တယ်ဆို။

မဟုတ်ပါဘူး။ ပါဏိနီကို ရုပ်တွက်ကျမ်း (ကစ္စည်းမှာဆို ရူပသိဒ္ဓိရှိသလို) သိဒ္ဒါန္တကော်မုဒီ ရှိတယ်။ အဲ့ဒါကို နိဿယ ပြန်တာဖြစ်ပါတယ်။ လေးအုပ်ပြီးပြန်မယ် ကြံပေမယ့် သန္ဓိ၊ နာမ်၊ ကာရက သုံးခန်း (တအုပ်စာ)သာ ပြီးခဲ့ပါတယ်။ အာချာတ်ခန်း (တအုပ်) လည်း ပြီးတယ်တော့ ကြားဖူးပေမယ့် ပုံနှိပ်မရှိပါဘူး။ ကိတ်၊ တဒ္ဓိတ်၊ သမာသ် (တအုပ်) နဲ့ ဝေဒိကခန်းနဲ့ ပရိသိဋ္ဌ (တအုပ်) ပြီးခဲ့ပုံမရဘူး။ ၄ပုံ ၁ပုံပြီးတယ်ပေါ့။

(၂)
ဒီကျမ်းဖတ်ပြီး သက္ကတတတ်နိုင်လား။

သာမန်တတ်သူများတောင် ပိုတတ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆို ပြတျာဟာရ မဟာသီဝသုတ် (၁၄)သုတ် ကို ဖွင့်ဆိုပုံမှာ မပြည့်စုံလို့ဖြစ်ပါတယ်။

(၃)
ဦးရွှေအောင်အပေါ် ဝေဖန်ချက် ဘယ်လိုပေးနိုင်ပါသလဲ။

ပါဠိသန်ပြီး သက္ကတမှာတော့ ရသဂိုဏ်းရဲ့အယူအစွဲပိုများပါတယ်။ ဓွနိဂိုဏ်းနဲ့ နိရုတ္တိကျမ်းဆိုင်ရာမှာ အားနည်းတယ်လို့ ထင်ပါတယ်။ ဒီတော့ ဓွနိဂိုဏ်းရဲ့ သဒ္ဒဗြဟ္မာ သဘောတရားများမှာ ထိရောက်မှုမရှိပါဘူး။ ကျနော်တို့ မြန်မာစာပေအတွက်တော့ တတပ်တအား ရှေ့ဆောင်လမ်းပြတယောက်ဖြစ်တာ မငြင်းနိုင်ပါဘူး။

ဆရာ ဦးဇော်မင်းဦး Facebook page မှ

image
2 နှစ်များ - ဘာသာပြန်ပါ။

ဟောဟေ လူဝိစ် ဘောဟက်စ်

https://en.wikipedia.org/wiki/Jorge_Luis_Borges

ဆရာ ဦးဇော်မင်းဦး Facebook page မှ

2 နှစ်များ - ဘာသာပြန်ပါ။

သက္ကတအသံထွက် (၂)

(၁)
သက္ကတအသံထွက် ဧ နဲ့ အဲ၊ ဩ နဲ့ ဪ ကို ဘယ်လို အသံထွက်လဲ။

e/ai, o/au အေ အိုက် အို အောက် လို့ ဆင်ဆင်ထွက်ပါတယ်။

(၂)
သက္ကတအတွက် IPA ဖိုနက်တစ်အက္ခရာရော မရှိဘူးလား။

ရှိပါတယ်။ SLP 1 လို့ ခေါ်ပါတယ်။ Sanskrit Library Phonetic 1 ပေါ့။ သုတေသနအတွက် သုံးကြပါတယ်။

(၃)
သက္ကတမှာ ဝိသဇ္ဇနီယ (ဝစ္စပေါက်) ကို ဘယ်လိုဖတ်ရလဲ။ ပြီးတော့ "ၐ ၑ သ" ဘယ်လိုကွာသလဲ။

ဝစ္စပေါက်သံ (ဝိဆရ်ပေါက် = ဝိသရ်္ဂ) ကို ဟ-သံတဝက် စွက်စေပြီး ဖတ်ရပါတယ်။ ဋ-တ(သသံ)-သ(ဆသံ) နေရာတွေကို လျှာထောက်ပြီး ရှ၊ သျှ၊ ဆ လို့ အစဉ်အတိုင်း ဖတ်ရင် ၐါဒိသံများ ရပါတယ်။

(၄)
သက္ကတမှာ stress ရှိလား။ ဘယ်လိုသတ်မှတ်လဲ။

ဝေဒခေတ်က ရှိပေမယ့် ပါဏိနိနောက်ပိုင်း ခုခေတ် မရှိဘူး။ ဥဒါတ္တ လို့ ခေါ်တယ်။ ဓာတ် ပစ္စည်းများအလိုက် ခွဲမှတ်ရတယ်။ ဘွာဒိ(ဘူဝါဒိ)ဂိုဏ်းခွဲတွေထဲမှာ တုဒါဒိဂိုဏ်းဝင်တွေဟာ ဥဒါတ္တသရတွေဖြစ်တယ်။ စသဖြင့် ပေါ့။

(၅) သက္ကတမှာ အဖြတ်အနား ဘယ်လိုမှတ်ယူဖတ်ကြတာလဲ။

ပဇ္ဇအဖွဲ့မှာ ဂါထာအမျိုးအစားအလိုက် ယတိ သတ်မှတ်ချက်ရှိတယ်။ ဂဇ္ဇစကားပြေမှာ အနက်အုပ်စုအလိုက် ခွဲဖတ်ပါတယ်။

(၆)
ခုခေတ် သက္ကတတတ်မြောက်သူတွေထဲမှာ အနောက်တိုင်းသားများ များတာတွေ့ရတယ်။ ဘာလို့လဲ။

စနစ်ကျလို့ဖြစ်ပါတယ်။

ဆရာ ဦးဇော်မင်းဦး Facebook page မှ

image

Ye Ko သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

ရင်ဖွင့်ပြချင်သည်။

2 နှစ်များ - ဘာသာပြန်ပါ။

သဘင်သည် မြနှင်းဆီ

Hello💁💁 အန်ညော်ယာဆယ်ယို ကဲချစ်တို့ရေHan Jaung Shikမှာအမြဲစားနေကြဟင်းပွဲတေကိုစားနေမဲ့အစားတခါမှ မစားကြည့်ဘူးတဲ့Menuလေးတေကိုလာtryကြည့်ပါလား😍အစပ်မစားနိုင်တဲ့သူလေးတေအတွက် ငါအသားလွှာခြောက်ဟင်းရည်လေးနဲ့ထမင်းလေးရှိတယ်လေ😉Seafoodတေပဲစားချင်တဲ့ကာကာတို့အတွက်က Seafood BBQ Sladလေးရှိတယ်ကွယ့်😉နောက်ပီးခေါက်ဆွဲပြုတ်လေးထဲမှာလဲပင်လယ်စာအစုံလေးနဲ့ကိုရီးယားခေါက်ဆွဲသေး လေးရှိတယ်နော် ပွဲလေးကလဲ ကြီးတာမို့shareပီးစားလို့ရတယ်နော့😍ပီးတော့နေ့လည်စာကို ကိုရီးယားဆန်ဆန်လေးစားချင်တဲ့သူတေအတွက်က နေ့လည်စာLunch set Boxလေးရှိမယ်နော်အရံဟင်းလေးတေရယ်အသားဟင်းတမျိုးရယ်ထမင်းလေးရယ်ပါ ပါတယ်နော်စျေးလေးကလဲတန်မှတန်ပဲမို့လာရောက်tryကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင့်🙆‍♂️😍
စားကောင်းစျေးတန်တဲ့ Han Jaung Shik ကို လာခဲ့ပါနော်။🍱🥘🤤
🏡 S/017 ဂန္ဓမာ(9)လမ်း၊ သပြေကုန်း ဧရာဝတီလမ်းအနီး၊ တံခွန် Electronic ဆိုင်ဘေးလမ်းက ဝင်ရင် ငါးခြံကျော်လေးမှာပါနော်
🕘Available everyday 10am - 10pm
☎ 09254053034, 09783936385
#hanjaungshikkoreanbbq #hanjaungshik #naypyitaw #thapyaykone #koreafood #bbq #korea #ကိုရီးယား #စားစရာ #စားသောက်ဆိုင်

image