Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်အရပ်ကို ချီတက်ရမှန်းလည်း မသိ
နေအထွက်ကို မျှော်ရမှန်းလည်း မသိတဲ့ အခြေအနေပါ
မtayသေးတာကို ကျေးဇူးတင်ရမှာလိုလို
စိတ်ညစ်စရာတွေနဲ့ ရှင်သန်ရမှာ စိတ်ညစ်ရမှာလိုလိုပါပဲ
အတွေးတွေက လူတစ်ယောက်ကို
သ-တ်ပြစ်နိုင်တယ်ဆိုတာ တကယ်ပါလား။
-ကိုနေညို
#january_x
"လွတ်လပ်မှု"
တခြားသူကို ဒုက္ခမပေးဘဲ
ကိုယ့်ကိုယ်ကို ဒုက္ခပေးရတဲ့အရသာကို
နှစ်ခြိုက်ကြတဲ့ လူငယ်တွေထဲက လူငယ်ပါ ။
-မောင်ထက်ခေါင်
၁၆.၉.၂၀၂၄
#crdphoto
နားချင်တယ်လို့ ငါအမြဲပြောဖြစ်ခဲ့တယ်
သို့ပေမဲ့ ငါ မနားခဲ့ရပါဘူး ။
ငါ့မှာ ခွေခေါက်စရာ အိပ်ရာ မရှိဘူး ။
ငတ်တဲ့အခါ တင်ကျွေးထားမဲ့လူလည်း မရှိဘူး ။
တစ်ဘဝလုံးစာအတွက်
ငါ့ဘဝကို ငါ ဘယ်သူ့လက်မှလည်း မအပ်ရဲဘူး ။
ပင်ပန်းလိုက်တာ ကျောလေး ခဏငှားပါ ။
ကိုယ်မှီချင်လို့ ။ ခဏပါပဲ.....။
#အလုံပိတ်အခန်းငယ် #nayvel
ပြူးကြည့် ဖြဲကြည့်တာတောင်
ဇဝေဇဝါအဖြစ် မသိရဘူး
လူကြီးမင်းရှာခိုင်းတဲ့ အနာဂတ်က
ငယ်ငယ်က သင်ထားတာနဲ့လဲ မတူဘူး ။
#ဒဿ 2024