มยิวยัน ไนง์ changed his profile cover
2 yrs

image
มยิวยัน ไนง์ changed his profile picture
2 yrs

image

image

image
มยิวยัน ไนง์ changed his profile picture
2 yrs

image

၂၀၀၉ ခုနှစ်တုန်းက မန်ယူကနေ ရီးရဲလ်ကို ရော်
နယ်ဒို ပြောင်းလာပြီးနောက်ပိုင်း ကမ္ဘာ့အကောင်း
ဆုံး ကစားသမား တစ်ယောက် ဘာနေဗျုးကို
ရောက်လာပြီလို့ အမွှန်းတင်ကြတယ်၊ သူတို့ပြော
တာလည်း မမှားပါဘူး၊ ဗင်နီဆီးရက်ဇ်တို့၊ ဘယ်
လင်ဟမ်တို့ ရောက်တုန်းက အမ်ဘာပေလို မ
ဟုတ်ဘူး၊ ဗင်နီဆီးရက်ဇ်တို့က ရီးရဲလ်ရောက်မှ
အကြီးအကျယ် အောင်မြင်တာ၊ အမ်ဘာပေက
အောင်မြင်ပြီးသား ကစားသမား အနေနဲ့ ရီးရဲလ်
ကိုရောက်တာ၊ မတူဘူး

အမ်ဘာပေက ရီးရဲလ်မှာ ကျောနံပါတ် ၉ ဝတ်
မယ်၊ ဒါပေမဲ့ ဘယ်နေရာမှာ ကစားခိုင်းမလဲဆို
တာ မသိရသေးဘူး၊ အဲဒိ ကိစ္စက နည်းပြ အန်
ဆယ်လော့တီ ကိုယ်တိုင်လည်း အာရုံစားနေပုံရ
တယ်၊ အမ်ဘာပေရဲ့ ကစားပေါက်က ဗင်နီဆီး
ရက်ဇ်နဲ့ ကွက်တိနီးပါး တူနေတာ၊ ဘယ်ခြမ်းက
နေ ဖောက်ဝင်တာတွေ၊ လိမ်တာတွေ အကုန်လုံး
နီးပါးပဲ၊ ဒါတင်ပဲလား ဆိုတော့ မဟုတ်ဘူး၊ အမ်
ဘာပေက ရိုဒရီနဲ့လည်း ဆင်တူနီးပါးပဲ၊ ဆိုတော့
ကာ အဲဒိ ဘရာဇီးသား ၂ ယောက်နေရာမှာ အမ်
ဘာပေ ဝင်ကစားမလား၊ အထူးသဖြင့် ဗင်နီဆီး
ရက်ဇ် နေရာမှာ အမ်ဘာပေ ကစားမလား၊ တွေး
ရ ခက်တယ်၊ အရင် ဘန်ဇီမာ ရှိတုန်းကလို ဘန်
ဇီမာကို အလယ်မှာ အထိုင်ထား၊ ဗင်နီဆီးရက်ဇ်
တို့ ရံ ကစားခဲ့သလိုမျိုး အမ်ဘာပေကို ကံ ကစား
ရအောင်လည်း မလွယ်ဘူး၊ အမ်ဘာပေ့ ပုံစံကို
က ပြေးဟယ်၊ လွှားဟယ်နဲ့ ကစားတဲ့ အပေါက်မျိုး

တကယ်တော့ တိုက်စစ်အတွဲဆိုတာ အားသမား
တစ်ယောက်နဲ့ စကေးသမား တစ်ယောက် တွဲတာ
ပုံစံတကျပဲ၊ အခုနောက်ပိုင်းခေတ်တွေမှာ တိုက်
စစ်ပိုင်းက ၃ ယောက်တန်း ဖြစ်လာတော့ MSN
လိုမျိုး၊ BBC လိုမျိုး အတွဲတွေ အောင်မြင်ကြ
တယ်၊ ပြီးတော့ လီဗာပူးက ဆာလတ်၊ ဖာမီနို၊
မာနေး အတွဲ၊ အဲဒိအတွဲတွေ အောင်မြင်တယ်ဆို
တာ ပုံစံကွဲ တိုက်စစ်သမားတွေကို စုစည်းထား
နိုင်တာ တစ်ချက်ပါတယ်၊ အခု အမ်ဘာပေတို့
၃ ယောက်ကို အန်ဆယ်လော့တီ ဘယ်လို နေရာ
ပေးမလဲ၊ ကစားခိုင်းမလဲ ဆိုတာ စိတ်ဝင်စားဖို့
တော်တော် ကောင်းတယ်

image
D Per changed his profile picture
2 yrs

image
myo gyi changed his profile picture
2 yrs

image
myo gyi changed his profile picture
2 yrs

image
Kaung min khant changed his profile picture
2 yrs

image