Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူပုံကြည့်တော့ သွယ်လျှလျှ
တစ်ကယ်ကျတော့ သူရဲကောင်းကြီးအလား
ခင်ဗျား ရဲရင့်လိုက်ပုံက ယောကျာ်းအချင်းချင်းတောင်
ကြက်သိမ်းထစရာ တုန်လှုပ်စရာ အံ့သြစရာ
ခင်ဗျားကျေးဇူးကြောင့် အဖေကို မုန်းနေမိသူတွေ
နောင်တရကုန်ကြပြီဆိုတာ ခင်ဗျားသိလား
ခင်ဗျားရဲ့နောက်ဆုံးအချိန်မှန်း သိနေတာတောင်
ကိုယ့်ရင်သွေးအပေါ် တာ၀န်ကျေလိုက်ပုံများတော့
ရင်သွေးလေးကို ဒိုက်ပုံကြား ပွေ့လျှက်သားတဲ့လားဗျာ
အမေက အသက်နဲ့ရင်းပြီးမွေးပေးခဲ့ပေမယ့်
အဖေကလည်း အသက်နဲ့ရင်းပြီး ချစ်ခဲ့ကြောင်းကို
စကားတစ်လုံးမှ မပြောပဲ ခင်ဗျားသက်သေပြခဲ့တာ
အသက်မဲ့နေတဲ့ ခန္ဒာကိုယ်ကတောင်
ကိုယ့်သွေးသားကို စောင့်ရှောက်ခဲ့ကြောင်း
ဟေ့လူ ရောက်လေရာဘ၀မှာ ရင်ကော့ပြီး
ခင်ဗျား ပြောဗျာ
မသိကျွမ်းဖူးတဲ့ ကျုပ်တို့ကိုတောင်
အကြိမ်ကြိမ်ငိုစေခဲ့တဲ့ ခင်ဗျားလုပ်ရပ်က
တဆိတ်လောက်တော့ မလွန်လွန်းဘူးလားဗျာ
ရုပ်ရှင်ဆန်ဆန် ဇာတ်၀င်ခန်း တစ်ခန်းလို
ရုပ်ရှင်ပြီးရင် အငိုတိတ်တက်ပေမယ့်
အခုတော့ ခင်ဗျားလုပ်ပုံကြောင့် အားလုံး
အခုချိန်ထိ မျက်ရည်မဆည်နိုင်ကြသေးဘူး
အမေကမွေးတဲ့အသက်နဲ့ အဖေကပေးခဲ့တဲ့အသက်
ထပ်တူရှိနေတဲ့ ခင်ဗျားရင်သွေးလေး
ဘေးကင်းစွာနဲ့ ရှိနေကြောင်း ခင်ဗျားသိရင်
တမလွန်ကနေ ၀မ်းသာနေမယ်မဟုတ်လား
ကျုပ်တို့အားလုံးဆုတောင်းပေးနေပါတယ်
ခင်ဗျားရင်နဲ့ပျိုးခဲ့တဲ့ ပန်းလေး
အခက်ခဲမရှိပဲ လန်းစေဖို့ 🙏🙏🙏🙏
DawPoe (18,9,2024)
ရင်သွေးလေးအတွက် အသက်ပေးသွားတဲ့
ထိုဖခင်ကို ၀မ်းနည်းစွာနဲ့
ကိုယ်တိုင်ရေးသား
လေးစားဂုဏ်ပြုလိုက်ပါတယ် 😢😢😢
Credit