ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထရာမီမုန်တိုင်းပြီးတော့ နောက်မုန်တိုင်းတစ်လုံး ဖိလစ်ပိုင်ကိုထပ်ဝင်
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်၏ အဆိုးဝါးဆုံးမုန်တိုင်းကြောင့် လူ ၁၀၀ ကျော် ေ-သဆုံးခဲ့ပြီး ရက်ပိုင်းအကြာ၌ပင် နောက်ထပ်မုန်တိုင်းတစ်လုံးအတွက် အောက်တိုဘာ ၂၈ ရက်တွင် သတိပေးချက်ထုတ်ပြန်ရပြန်သည်။
အောက်တိုဘာ ၂၂ ရက်က ဝင်ရောက်ခဲ့သည့် အားပြင်း အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ရေကြီးခြင်းနှင့် နေအိမ်များဆုံးရှုံးခြင်း တို့ဖြစ်ခဲ့ပြီးနောက် လူပေါင်း တစ်သန်းနီပါးသည် ကယ်ဆယ်ရေးဌာနများ သို့မဟုတ် ဆွေမျိုးနီးစပ်များထံတွင် ခိုလှုံနေကြရဆဲဖြစ်သည်။
ယခုအခါ နိုင်ငံတော်မိုးလေဝသဌာနက မိုးသည်းထန်မှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်မည့် အပူပိုင်းမုန်တိုင်း Kong-rey သည် လာမည့်နာရီပိုင်းအတွင်း ကုန်တွင်းပိုင်းကို ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် အရှေ့ပိုင်းကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်သည် လှိုင်းကြီးလေထန်မှုများဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။
Kong-rey သည် အောက်တိုဘာ ၂၉ ရက်တွင် တိုက်ဖွန်းမုန်တိုင်းအဖြစ် အားကောင်လာမည်ဖြစ်ကာ အစောဆုံးအဖြစ် အောက်တိုဘာ ၃၀ တွင် မြောက်ပိုင်းရှိ ဖိလစ်ပိုင်ကျွန်းငယ်များအနီးဖြတ်သန်းမည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ပြောဆိုသည်။
နိုင်ငံ၏ အရှေ့မြောက်ကမ်းရိုးတန်းဒေသတွင် မုန်တိုင်းသတိပေးချက် အဆင့် ၅ ဆင့်အနက် အနိမ့်ဆုံးအဆင့် သတိပေးချက်ကို ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မုန်တိုင်းထရာမီသည် နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ဧရိယာအချို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမုန်တိုင်းဝင်ရောက်ခဲ့မှုအတွင်း ေ-သဆုံးသူသည် ၁၁၆ ဦးအထိ ရှိလာခဲ့ကြောင်းနှင့် ၃၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အစိုးရ၏ သဘာဝဘေးဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ၏ ပထမဆုံးအဖြစ် ကုန်ထုတ် လုပ်သားသစ်(၁၅၂)ဦး ကိုရီးယားသို့ရောက်ရှိ
အောက်တိုဘာလ၏ ပထမဆုံးအသုတ်အဖြစ် မြန်မာကုန်ထုတ်လုပ်သားသစ်(၁၅၂)ဦးသည် ယနေ့ အောက်တိုဘာ ၂၈ ရက်က ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း မြန်မာသံရုံး၊ ဆိုးလ်မြို့ထံမှ သိရသည်။
၎င်းတို့အား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခြင်းဖြစ်ကာ ရန်ကုန်လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight)ခရီးစဥ်ဖြင့် အင်ချွန်းလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရောက်ရှိလာသည့် မြန်မာကုန်ထုတ်လုပ်သားသစ်များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြား၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။