Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Programmer အသစ်ဆိုတာ မဝေးတော့တဲ့အနာဂတ်မှာ လိုနိုင်ပါဦးမလား??
--------------------------------------------
Google ကုမ္ပဏီအတွက် လိုအပ်တဲ့ Code စုစုပေါင်းရဲ့ 25% လောက်ကို AI နဲ့ပဲ ရေးတော့တယ်လို့ Alphabet စီအီးအို Sundar Pichai က ဆိုလာတာပါ။
AI ကို အသုံးပြုပြီး Code ရေးတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ Progammers တွေနဲ့ ကျောင်းသားတွေ တော်တော်များများလည်း AI သုံးပြီး code တွေရေးနေကြတာပါပဲ။ ဒါပေမယ့် ထိပ်တန်း Tech Giant လို့ခေါ်ရမယ့် Google လို ကုမ္ပဏီကြီးမှာတောင် AI ကို code ရေးဖို့အတွက် ယုံကြည်စိတ်ချစွာ သုံးလာနေပြီဆိုရင်တော့ Programming ပိုင်းမှာ AI က ဘယ်လောက်ထိပေါက်ရောက်နေပြီလဲဆိုတာ သိသာထင်ရှားနေပါပြီ။
Google အနေနဲ့ code ရေးဖို့အတွက် AI ချည်းပဲ လွှတ်ထားတာတော့ မဟုတ်ပါဘူး။ AI ရေးလာသမျှ code တွေကို စီနီယာအင်ဂျင်နီယာတွေနဲ့ စီနီယာ Developers တွေက ပြန်စစ်ကြတာပါ။ "AI က အခုချိန်ထိတော့ လုံးဝလွှတ်ထားလို့တော့ မရသေးပါဘူး။ လူသား Developers တွေရဲ့ ကြီးကြပ်မှုတွေတော့ လိုနေပါသေးတယ်"လို့ စီအီးအို Sundar Pichai က ဆိုထားပါတယ်။ စီနီယာတွေနဲ့ AI တွေ အဓိကအလုပ်လုပ်တော့မယ့် ဒီစျေးကွက်ကြီးမှာတော့ Programmers အသစ်တွေနဲ့ အခုမှ Programmers ဖြစ်ဖို့ လေ့ကျင့်နေတဲ့သူတွေအတွက်တော့ တော်တော်လေးရုန်းကန်ရဖွယ် ရှိနေပါတယ်။
ကျွန်တော်တို့ အားထားသုံးနေတဲ့ Google Search ကိုလည်း AI overview ထည့်ပေးကာ မွမ်းမံထားတာပါ။ AI overview ကတော့ အင်တာနက်ပေါ်မှာရှိသမျှ အချက်အလက်အကုန်လုံးကို ဆွဲယူပြီး ကျွန်တော်တို့ရှာဖွေတဲ့ခေါင်းစဥ်နဲ့အကိုက်ညီဆုံး အဖြေကို ထုတ်ပေးတာပါ။ လူတော်တော်များများရဲ့ devices တွေမှာလည်း ရရှိနေပြီး ဖြစ်ပါတယ်။
Alphabet ကုမ္ပဏီကတော့ ဒီနှစ်အတွင်း ငွေရေးကြေးရေးပိုင်းမှာ တော်တော်လေး အပေါင်းဖက်ကို ပြနေတာပါ။ AI ဝန်ဆောင်မှုတွေနဲ့ Youtube ad ပိုင်းတွေမှာ ဝင်ငွေကောင်းခဲ့တာကြောင့် အရင်နှစ်ထက်စာရင် 15% လောက်အထိ ဒီနှစ်အတွင်း ဝင်ငွေတိုးမြင့်ခဲ့တာပါ။ Google Services ပိုင်းတွေမှာလည်း 28% အထိ ဝင်ငွေတိုးမြင့်ခဲ့သလို Google Cloud မှာတော့ ဝင်ငွေ 1.94 ဘီလီယံအထိ (အရင်နှစ်ကထက် 7 ဆကျော် ပိုတိုးလာတဲ့အထိ) ကို ဒီနှစ်အတွင်း တိုးတက်အောင်မြင်လာတာ ဖြစ်ကြောင်းပါဗျာ
ဘဏ်များမှတဆင့် လုပ်ခလစာလွှဲပို့သူများကို လျှပ်စစ်ကားနှင့်လျှပ်စစ်ဆိုင်ကယ်တင်သွင်းခွင့်ပြုမည်
ပြည်ပတွင် ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဘဏ်များမှတဆင့် လုပ်ခလစာလွှဲပို့သူများကို လျှပ်စစ်ကားနှင့်လျှပ်စစ်ဆိုင်ကယ်တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) - တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ (၂) သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ (၅) သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အထက်ဖော်ပြပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်သည်။
ယင်းကြောင့် လွှဲပို့ငွေများ ဆုံးရှုံးမှုမရှိစေရန် အရေးကြီးသဖြင့် ဘဏ်များမှတစ်ဆင့် အဆင်ပြေ ချောမွေ့စွာ ပေးပို့နိုင်ပြီဖြစ်ကြောင်း၊ယင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအနေဖြင့် မိမိမိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေရောင်း ဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များစာရင်း၊ အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ ငွေလွှဲနိုင်သည့်အဖွဲ့အစည်းများစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီဖြစ်သည်။
ယင်းအပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင်ပြီး ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်းလည်း သိရသည်။
ကျပ်သိန်း ၅၀၀၀ ဝန်းကျင်ရှိ လျှပ်စစ်ပြိုင်ကားတစ်မျိုး Xiaomi ရှောင်းမီ ထုတ်ဖော်ပြသ
ဖုန်းနဲ့ အိမ်သုံးပစ္စည်းတွေ အဓိက ထုတ်လုပ်နေတဲ့ Xiaomi ရှောင်းမီက လျှပ်စစ်စွမ်းအင်သုံး ပြိုင်ကားအမျိုးအစား ဇိမ်ခံကားတစ်စီးကို ထုတ်ဖော်ပြသလိုက်ပြီလို့ သိရပါတယ်။ အဲဒါအပြင် ကုမ္ပဏီအနေနဲ့ နောက်နှစ်မှာ သုတေသနလုပ်ငန်းအတွက် ယွမ် ဘီလျံ သန်း ၃၀ သုံးစွဲသွားမှာဖြစ်ပြီး Ai နည်းပညာ၊ OS စနစ်နဲ့ chip ပြားထုတ်လုပ်ငန်းတွေမှာ အဓိက သုတေသနပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။