ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
-အရိုးသားဆုံး ပြုံးပါ
မင်းဘယ်တော့မှသိက္ခာ မမဲ့ဘူး။
-အရိုးသားဆုံး ပြောပါ
မင်းဘယ်တော့မှ တန်ဖိုး မမဲ့ဘူး။
-အရိုးသားဆုံး နေပါ
မင်းဘယ်တော့မှ အောက်တန်းမကျဘူး။
ကိုယ့်ကြောင့် သူတပါးမနစ်နာသ၍
မင်းဟာ လူကောင်းတစ်ယောက်ပါ...။
#ဦးလေးကြီး
#crd
ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဂွာဒီယိုလာ ထောက်ခံ
--------------------------
မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာက ဝုဗ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ထောက်ခံကြောင်း ပွဲအပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့်လည်း နောက်ခံလူ ဂျွန်စတုန်းရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပွဲအပြီးမှာ (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့တာပါ။
ဂျွန်စတုန်းသွင်းယူခဲ့တဲ့ဂိုးမှာ ဘာနာဒိုဆေးဗားက လူကျွံနေခဲ့တာကြောင့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး မန်စီးတီးအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ ဂျွန်စတုန်း ဂိုးသွင်းပြီးနောက် စည်းကြပ်ဒိုင်က အလံထောင်လိုက်ချိန်မှာ ဆုံးဖြတ်ချက်မှား ယွင်းနေခဲ့တာကြောင့် စောဒကတက်ခဲ့မိပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က မှန်ကန် ခဲ့တယ်လို့ နည်းပြဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ တာကြောင့် ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ်(၂၀)မှတ်အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
အယ်ဟီလယ်နှင့် နေမာ လေ့ကျင့်ခန်း ပြန်ဆင်း
------------------------
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ဘရာဇီးတောင်ပံကစားသမား နေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အယ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် လေ့ကျင့်မှုတွေကို ကြိုတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး နေမာလည်း ပါဝင်လာတာကို တွေ့ခဲ့ရတာပါ။
အသက်(၃၂)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ နေမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲမှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ခွဲစိတ်မှုခံယူခဲ့ ရတာဖြစ်ပြီး အခု အချိန်ထိ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက် သာလာပြီဖြစ်တာ ကြောင့် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ (၂၀၂၃ )ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းကနေ အယ်ဟီလယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ် ပြီး ဒဏ်ရာ ပြဿနာကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။