Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗဟိုဘဏ်က ဒေါ်လာ ၉ သန်းခွဲကျော်နှင့် ဘတ်သန်း ၁၅၀ ကျော် ရောင်းပေး
နိုဝင်ဘာ ၂၊ ရန်ကုန်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံငွေကြေးဈေးကွက်မှာ အောက်တိုဘာ ၃၀ ရက်က အမေရိကန်ဒေါ်လာ ၉ သန်းခွဲကျော်နဲ့ ဘတ်သန်း ၁၅၀ ကျော်ကို ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ အဲဒီနေ့မှာ ငွေလဲနှုန်း ၃၅၇၂ ကျပ်နဲ့ ကန်ဒေါ်လာ ၉ သန်းခွဲကျော်၊ ငွေလဲနှုန်း ၅၂၆ ဒသမ ၇၀ ကျပ်နဲ့ ယွမ် ၂ သန်း ကျော်၊ ငွေလဲနှုန်း ၁၂၄ ဒသမ ၃၈ ကျပ်နဲ့ ဘတ်သန်း ၁၅၆ သန်းကျော်ထိ ထုတ်ရောင်းပေးခဲ့တာလို့ ထုတ်ပြန် ချက်အရ သိရပါတယ်။
အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် အဆင် ပြေ နိုင်ပြီး ပြင်ပဈေးကွက်မှာ ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆို ထားပါတယ်။ ဒါ့အပြင် အခုဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနဲ့ သွင်းကုန် လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ထုတ်ရောင်းပေးထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။
Credit - One News
#သတင်းဟင်းလေးအိုးကြီး
ဆိတ်ဖလူးပန်းတွေလိုပဲ
နေမထွက်လာခင်မှာ ကြွေကျချင်တယ်
နေကြာလို မပိုင်ဆိုင်ရဘဲနဲ့
မျှော်ငေးနေရတဲ့ ဘဝကြီးလည်း မဖြစ်ချင်ဘူး
ဘဝမှာ တစ်ယောက်ယောက်ကို စောင့်မျှော်နေရတာရယ်
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အချိန်တွေဆို သိပ်မုန်းမိတယ်
မချစ်နိုင်တာ သေချာလား
သေချာရင် အတွေးထဲက ဖယ်ထုတ်ပစ်မယ်
မပိုင်ဆိုင်ရဘူးလား
မပိုင်ဆိုင်ရရင် အနားတောင် မသွားဘူး
ငေးပြီးလည်း မကြည့်ဘူး
#han_phyo
စုံတွဲတိုင်းမှာ လမ်းခွဲခွင့် ဆိုတာ ရှိတယ်…
သို့ပေမဲ့ ဖောက်ပြန်ခွင့်တော့မရှိဘူး…
ကိုယ်နဲ့တွဲနေရင်း ရေရှည်အတွက်
အဆင်မပြေနိုင်ဘူးလို့ ယူဆမိလို့ လမ်းခွဲချင်တဲ့အခါ…
နှစ်ကိုယ်ကြား လမ်းခွဲစကားပြောပြီး ညှိနှိုင်းလို့ရတယ်…
ဒီလိုမလုပ်ပဲ လူတချို့က အဆင်မပြေဘူးဆိုတဲ့
အကြောင်းပြချက်နဲ့ နောက် တစ်ယောက်နဲ့
ပတ်သတ်လေ့ရှိကြတယ်…
ထိုအခါ ဖောက်ပြန်ခြင်းဆိုတာဖြစ်လာကြတယ်….
ထိုကဲ့သို့ဖောက်ပြန်သူတိုင်း သုံးတဲ့စကားက
အရင်RSနဲ့ လမ်းခွဲပြီးပြီ….
မှန်ပါတယ် လမ်းခွဲခဲ့တာ…
သို့ပေမဲ့ တစ်ဖက်သတ် လမ်းခွဲခြင်းမျိုးပဲ
ဖြစ်နေပါသေးတယ်…
ချစ်တယ် တွဲရအောင် ပြောတုန်းကလဲ တစ်ဖက်က
အချစ်ကို Propose လုပ်တယ် တဖက်က
အဖြေပေးခဲ့လို့သာ နှစ်ဦးသဘောတူ
တွဲခဲ့ကြတာမဟုတ်လား…
လမ်းခွဲတဲ့အခါမှာလဲ တစ်ဖက်က လမ်းခွဲဖို့ Proposeလုပ်ရင်
တဖက်ရဲ့ လက်ခံနိုင်မှုကို စောင့်ကြရမယ်လို့ထင်တယ်…
အများစုက လမ်းခွဲတဲ့အခါမှာ
တစ်ဖက်သတ်လမ်းခွဲကြတာများတယ်…
မိမိက အဆင်မပြေလို့ သူနဲ့လမ်းခွဲပေမဲ့
သူ့ဘက်က လက်မခံသေးချိန်
အခြားသူနဲ့ ပတ်သတ်မိရင် ဖောက်ပြန်တာဖြစ်လာကြရော…
အဲ….ဖောက်ပြန်ပြီးမှ လမ်းခွဲတာကြတော့
ယုတ်မာတာမျိုးပေါ့…
#ericchen
အချစ်ခံရပြီလို့ထင်ပေမယ့်
တကယ်တမ်း အပယ်ခံလူသားပဲဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်
အဲ့ဒီကောင်မလေးဟာ သံယောဇဉ်ကြီးပြီး
အရမ်းခင်တွယ်တတ်ပေမယ့်
တစ်ယောက်ထဲ အထီးကျန်နေရတာပဲများတယ်
သူမက ဂရုစိုက်ခံချင်ပေမယ့်
ဘယ်သူကမှ မနွေးထွေးခဲ့ကြဘူး
လိုအပ်တဲ့အချိန် သတိရကြတဲ့
လိုသုံးတစ်ယောက်ထက် မပိုခဲ့ဘူး
တစ်ခါတလေ နားကြပ်လေးကိုတပ်ပြီး
သီချင်းနားထောင်နေတတ်သလို
ဝမ်းနည်းတဲ့အခါ တစ်ယောက်ထဲ
ကြိတ်ငိုနေတတ်ပြန်တယ်
သူမဟာ ဘယ်တုန်းကမှ အချစ်မခံခဲ့ရဖူးပါဘူး
သနားစရာ အဲ့ဒီကောင်မလေးကတော့ ကျွန်မကိုယ်တိုင်ပါပဲ 🙂
Anon.