Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာ့အရေး ဆုတောင်းမေတ္တာ ပို့သကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
နိုဝင်ဘာ ၄
မြန်မာအပါအဝင် ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေးနဲ့ တောင်ဆူဒန်တို့မှာ ငြိမ်းချမ်းရေး ဆုတောင်း မေတ္တာပို့သကြဖို့ ပုပ်ရဟန်းမင်းကြီးက ကတ်သလစ်ဘာသာဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။
‘‘လက်နက်သံတွေတိတ်ပြီး အဲဒီနေရာမှာ ဆွေးနွေးပြောဆိုမှုတွေနေရာယူကာ ပြဿနာတွေကို ဖြေရှင်းနိုင်ပါစေ’’ လို့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပြောလိုက်တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခပြင်းထန်နေတဲ့ ကမ္ဘာ့နိုင်ငံတွေအရေးကို သူ့ရဲ့ ဝတ်ပြုဆုတောင်းစကားတွေထဲမှာ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ချမှတ်ခံနေရတဲ့ ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို ပြီးခဲ့တဲ့လပိုင်းတုန်းက တိုက်တွန်းခဲ့ဖူးပြီး ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ်လို့လည်း ဖွင့်ဟ ကမ်းလှမ်းဖူးပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက ကတ်သလစ်ဘာသာဝင်တွေဟာ သေလွန်သွားတဲ့ ဝိညာဥ်တွေအတွက် သတိတရ အောက်မေ့ဖွယ် ဆုတောင်းပွဲကို နိုင်ငံ့နေရာတချို့မှာ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ကွန်လွယ်သွားသူတွေနဲ့ အုတ်ဂူတွေပေါ်မှာ မီးထွန်းပေးတာ၊ ဆုတောင်းပေးတာအပြင် ညလုံးပေါက် သင်္ချိုင်းမှာနေပြီး အချိန်ကုန်ဆုံးတာတွေကို ကတ်သလစ် ခရစ်ယာန် ဘာသာဝင်တွေက တစ်နှစ်ကို တစ်ကြိမ် အထွတ်အမြတ်ထား ပြုလုပ်လေ့ရှိပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
ကျေးဇူးတင်တာပေါ့ အချစ်ရယ် ။
ကိုယ့်ကို ရွေးချယ် ပေးခဲ့တာ ရော
ကိုယ်ရှိတဲ့ နေရာ လေးကို တည့်တည့် လေး
လျှောက်လာ ပေးခဲ့တာ ရော
အရာရာ အသက်၊ရူ၊ကြ၊ပ်ရတဲ့
ကာလကြီးမှာ လက်ကလေးဆွဲထားပေးတာရော
ကျေးဇူးတင်ရပါတယ် ။
🌻🤍
#ခက်နှောင်
မျှော်လင့်တတ်တဲ့အခါ
အပေးလည်း မလွယ် ရသလို
အရွေးလည်း မလွဲ ရဘူး
ပေးတိုင်း ပြန်မရတဲ့အခါ
ကိုယ့်စိတ်ကလေး နာရတယ်
အိုကံ ကောင်းချင်ရင်
ချစ်ခြင်းမေတ္တာကိုလည်း ဆင်ခြင်ရသလို
ပစ္စည်းဥစ္စာကိုလည်း ချွေတာရတယ် ။ ။
#ခွန်ဟိဏ်း(Yesagyo)