ဒဏ်ရာကြောင့် လက်စတာနဲ့ပွဲကို ရီစီဂျိမ်းစ်လွဲချော်

နိုဝင်ဘာ ၂၂

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ဟာ နောက်ထပ် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ကျနော်တို့မှာ ဒဏ်ရာရနေတဲ့သူက ရီစီဂျိမ်းစ်တစ်ဦးတည်းပဲရှိပါတယ်။ သူဟာ သေးငယ်တဲ့အရာ တစ်ခုခုကို ခံစားခဲ့ရပြီး ဒီရက်သတ္တပတ်မှာ သူ့ကိုဘယ်လိုစွန့်စားမှုမှမပြုလုပ်ချင်ပါဘူး။ သူဟာ တံကောက်ကြောဒဏ်ရာ၊ကြွက်သား ပြဿနာခံစားနေရတာပါ။ ကာလရှည်ကြာအနားမယူရဘူးလို့ မျှော်လင့် ကြောင်း”ပြောခဲ့တာပါ။

ရီစီဂျိမ်းစ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ပွဲ အများအပြားကို လွဲချော်ခဲ့ပြီး ဒီရာသီပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့လက လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ နယူးကာဆယ်၊ယူနိုက်တက်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့တာပါ။

ရီစီဂျိမ်းစ်က ဒဏ်ရာအသစ်ဟာ သူ့အတွက် နောက်ထပ် စိန်ခေါ်မှုဖြစ်ပေမယ့် အမြန်ဆုံးပြန်လာခဲ့မယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရီစီဂျိမ်းစ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲသာကစားနိုင်ခဲ့ပြီး အင်္ဂလန်အသင်းနဲ့လည်း ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ချယ်လ်ဆီးအကယ်ဒမီထွက် ရီစီဂျိမ်းစ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၆၂ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်၊ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၉ မှတ်ကွာဟနေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ရီစီဂျိမ်းစ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
2 yrs - Translate

ကြိုက်တဲ့ချိန် ထွက် သွား ဆွဲ မထားဘူး"3

image
2 yrs - Translate

စကားပြောလိုက်ရရင်
စိတ်သက်သာရာရတဲ့
လူတစ်ယောက်ကိုယ့်မှာရှိရင်
ဘဝဟာ သိပ်ကံကောင်းတယ်။

🤍🍂
#ᗩᒪoᑎᗴ

image
2 yrs - Translate

ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ မေမေ ဒီးဒီ နဲ့ သမီးလေး ထရက်ရှာ

#updatenews

image
2 yrs - Translate

ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ မေမေ ဒီးဒီ နဲ့ သမီးလေး ထရက်ရှာ

#updatenews

image
2 yrs - Translate

ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ မေမေ ဒီးဒီ နဲ့ သမီးလေး ထရက်ရှာ

#updatenews

image
2 yrs - Translate

ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ မေမေ ဒီးဒီ နဲ့ သမီးလေး ထရက်ရှာ

#updatenews

image
2 yrs - Translate

ဒုတိယကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တဲ့ မေမေ ဒီးဒီ နဲ့ သမီးလေး ထရက်ရှာ

#updatenews

image
image
image
image
2 yrs - Translate

ဒေါင်းကလေးငယ်တွေကို သူမရဲ့ နှုတ်ခမ်းနီကြော်ငြာမှာ မော်ဒယ်အဖြစ်ရိုက်ကူးခဲ့တဲ့ မေပန်းချီ 🥰

#updatenews

image
2 yrs - Translate

butterfly tattoos

image