1 y - Translate

Life isn`t measured by
the number of years you live,
but the number of stories you can tell.

Did a good deed.

ပြည့်လျှံနေတဲ့နေရာတွေထက်
မပြည့်စုံပဲ လိုအပ်နေသေးတဲ့နေရာတွေကို
အရောက်သွားနိုင်တာဟာ ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။

image
1 y - Translate

ဆိတ်သား အားလူး
~~~~~~~~~
ဆိတ်ပေါင်သား ၂၅သား
အားလူး ၃လုံး
ပျဉ်တော်သိမ် ၂ခက်
ကြက်သွန်နီ ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ဂျင်း လက်တဆစ်
ဆား အနည်းငယ်
သကြား ။
မဆလာ ။
ငရုတ်ပုထောင်း ။
နနွင်း ။
ငံပြာရည် ။
ဒိန်ချဉ် ၁ဇွန်း

-ဆိတ်သားကို ရေဆေးရေစစ်ပြီး ဆား သကြား နနွင်း မဆ
လာ ဒိန်ချဉ် တို့နှင့်ရောနယ်ပြီး ၃နာရီခန့်နှပ်ထားပါ။(ကျွန်မက
မနက်ချက်ရန် ညထဲကနှပ်ပြီးရေခဲသေတ္တာထဲထည့်ထားပါတ
ယ်)အားလူးကို ဆားနယ်ပြီးအပေါ်ရဲရုံလေးကြော်ပြီးဆီစစ်ထာ
ပါ။
-ဆီ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့ကို ငရုတ်ပုထောင်းနှင့်
ဆီသတ်ကာမွှေးလာလျှင် ပျဉ်တော်သိမ်ထည့်မွှေ၍ဆိတ်သား
ထည့်၍ ရေခန်းသည်အထိ လုံးပါ။ရေခန်း ဆီပြန်လျှင် ငံပြာ
ရည်ထည့်၍ ရေထပ်ထည့်ကာ နူးသည်အထိတည်ပါ။နူးလျှင် အားလူးရော၍ ရေနွေးအနည်းငယ် ထည့်၍ ဆီပြန်သည်အထိ တည်၍ ပျဉ်တော်သိမ်ထည့်မွှေကာ ရပါပြီရှင်။
ဒိန်ချဉ်အစား သံပုရာသီးထည့်နိုင်ပါသည်၊ဆား သကြားအစား
အချိုမှုန့်/ကြက်သားမှုန့် ကြိုက်နှစ်ရာ သုံးနိုင်ပါသည်။

image
1 y - Translate

ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့် သံတမန်စာချုပ်ဖျက်သိမ်းသည့် မန်ယူအသင်းကို ပရိသတ်များ ဝေဖန်

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ သံတမန်စာချုပ်ဖျက်သိမ်းလိုက်တဲ့ မန်ယူအသင်းကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

နည်းပြကြီးဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်ကတည်းက အသင်းနဲ့ လမ်းခွဲခဲ့ပေမဲ့ သံတမန်တယောက် အဖြစ် အသင်းရဲ့ ပွဲစဉ်တိုင်းကို လာရောက်ကြည့်ရှုကာ အကြံပေးလေ့ရှိပြီး တနှစ်ကို ပေါင် ၂ သန်းထက်မနည်းတဲ့ လုပ်ခလစာ ရရှိနေတာပါ။

မန်ယူအသင်းဟာ ဖာဂူဆန်ကို အခုနှစ်ရာသီကုန်အထိ သံတမန်တယောက်အဖြစ် ဆက်လက် တာဝန်ပေးပြီး လုပ်ခပေးချေသွားမှာဖြစ်ပေမဲ့ လာမယ့်ရာသီက စတင်ပြီး စာချုပ်ဖျက်သိမ်းလိုက်တော့မှာပါ။

အံ့အားသင့်စရာ ဆုံးဖြတ်ချက်ဖြစ်ပြီး ဂန္ထဝင်နည်းပြတယောက်တောင် အသင်းရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုမှာ ကျန်ရစ်ခဲ့ခြင်းမရှိကြောင်း၊ ပွဲလာကြည့်တဲ့ ဖာဂီကို ကိုယ်သောက်မယ့် လက်ဖက်ရည် ကိုယ်တိုင်ယူလာဖို့အထိတောင် မန်ယူအသင်းက တောင်းဆိုတော့မှာ ဖြစ်ကြောင်း မန်ယူပရိသတ်တယောက်က ဝေဖန်ပါတယ်။

နောက်ထပ် မန်ယူပရိသတ်တယောက်ကတော့ နည်းပြအဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်ရမဲ့အစား ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။
DVB

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၆-၁၀-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

image
1 y - Translate

We need your password!
Really?

image
1 y - Translate

နမူနာ ပြောပြ တာပါဟာ😩🤧
_

image
1 y - Translate

သူငယ်ချင်းအစုံအလင် နဲ့
ခရီးထွက်မို့ တိုင်ပင်နေတဲ့ ငါတို့ အဖွဲ့😕🤨🥹

image
1 y - Translate

စော်ကားသလို ခံစားရတယ်

image
1 y - Translate

သီတင်းကျွတ်ပိတ်ရက် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် လည်ပတ်သူများဖြင့် စည်ကားနေ

သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ကာလတွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၌ ငါးရက်ကြာ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ကျင်းပနေကြောင်း သိရသည်။

သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီးယနေ့တွင် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

ပွဲတော်အချိန်ကာလအတွင်း ကျောင်းသုံးနှင့်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများရောင်းချပေးမည့်ဆိုင်ခန်းများစွာ ပါဝင်ကြောင်း၊ ညနေပိုင်းတွင် Glory Talents & Models Agency အဆိုရှင်ပေါင်းများစွာ ပါဝင်အားဖြည့်သွားမည်ဖြစ်ပြီး မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက် အပန်းဖြေလည်ပတ်ရန်လည်း ဖိတ်ခေါ်ထားသည်။

image