ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့အဆင့်အနိမ့်ဆုံး ဆန်မာရီနိုအသင်း ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်ရှိလာ
ကမ္ဘာ့အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးအသင်းဖြစ်တဲ့ ဆန်မာရီနိုအသင်းဟာ နေးရှင်းလိဂ်မှာ တန်းတက်ကစားခွင့် ရရှိခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့် မျှော်လင့်ချက်ရှိလာပါတယ်။
ဆန်မာရီနိုအသင်းဟာ ကမ္ဘာ့အဆင့် ၂၁၀ သတ်မှတ်ခံထားရပြီး အဆင့်အနိမ့်ဆုံးအသင်း ဖြစ်ပေမဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံး ၂ ပွဲမှာ တပွဲသရေ၊ တပွဲနိုင်ခဲ့ပြီးနောက် အုပ်စုပထမရခဲ့ပြီး နေးရှင်းလိဂ် C ဆီ တန်းတက်ခွင့် ရရှိခဲ့တာပါ။
ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ အုပ်စုပထမနဲ့ ဒုတိယနေရာ မရခဲ့တဲ့ အကောင်းဆုံး နေးရှင်းလိဂ် အုပ်စုဗိုလ်အသင်း ၄ သင်းက ပလေးအော့ဖ် ကစားခွင့် ရရှိမှာပါ။
အဲဒီ ၄ နေရာအတွက် ဆန်မာရီနို၊ မြောက်မက်ဆီဒိုးနီးယား၊ မြောက်အိုင်ယာလန်နဲ့ မော်ဒိုဗာ အသင်းတွေ ကစားခွင့်ရဖို့ရှိပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားအပြီးမှာ အနိုင်ရတဲ့နှစ်သင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
DVB