2 နှစ်များ - ဘာသာပြန်ပါ။

အလုပ်မလုပ်ချင်ဘူး

အသဲလေးယားအောင်ပဲလုပ်ချင်တယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

ICC ဖမ်းဆီးမိန့်က အစ္စရေးရဲ့ ကိုယ့်နိုင်ငံကိုယ်ကာကွယ်နေမှုကို တားဆီးနိုင်မှာမဟုတ်ကြောင်း နတန်ယာဟု ပြော

နိုဝင်ဘာ ၂၂

ဂါဇာစစ်ပွဲမှာ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ၎င်းကို ဖမ်းဆီးမိန့်ထုတ် လိုက်တဲ့အတွက် ၎င်းအနေနဲ့ အစ္စရေးနိုင်ငံကို ကာကွယ်နေတာတွေ ရပ်တန့်သွားမှာ မဟုတ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက နိုဝင်ဘာ ၂၁ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြားလိုက်ပါတယ်။

“အစ္စရေးဆန့်ကျင်ရေးနဲ့ပတ်သက်တဲ့ လက်မခံနိုင်စရာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကမှ ကျွန်တော်တို့ကို တားဆီး နိုင်မှာမဟုတ်ပါဘူး။ အခု ICC ဆုံးဖြတ်ချက်ကလည်း ကျွန်တော်တို့နိုင်ငံကို ဆက်လက်ကာကွယ်နေတဲ့ ကျွန် တော့်ကို တားဆီးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖိအားပေးမှုတွေကို လက်ခံမှာမဟုတ်ပါဘူး။” လို့ နတန် ယာဟုက ဗီဒီယိုဖိုင်ထဲကနေ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကို အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်းယူအက်ဂါးလန့်နဲ့အတူ ဂါဇာဒေသက စစ်ဆင်ရေးတွေမှာ “စစ်ရာဇဝတ်မှု” ၊ “လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု” တွေနဲ့ တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။

ကြာသပတေးနေ့က ICC ရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ သမိုင်းကြားမှာ “အမှောင်လွှမ်းသောနေ့” တစ် နေ့ဖြစ်ကြောင်း နတန်ယာဟုက ပြောပါတယ်။

“လူသားတွေကို ကာကွယ်ဖို့ တည်ထောင်ခဲ့တဲ့ သည်ဟိတ်မြို့က နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ဒီကနေ့အ ချိန်မှာ လူသားတွေရဲ့ ရန်သူဖြစ်လာပါပြီ။ ICC ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးနိုင်ငံမှာ လူဦးရေ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။

အဲဒီအချိန်ကတည်းကစပြီး ဂါဇာဒေသကို အစ္စ ရေးက တိုက်ခိုက်နေတာဖြစ်ပါတယ်။

အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ အရပ်သားအများစုပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၄၄,၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာဒေသကို ပို့ဆောင်မယ့် အစားအသောက်တွေနဲ့ ဆေးဝါးတွေကို အစ္စရေးက ကန့်သတ်ထားတဲ့အတွက် ဂါဇာဒေသမှာ အငတ်ဘေးအပါအဝင် အလွန်ဆိုးရွားတဲ့ လူသားချင်းစာနာမှုပြဿနာဖြစ်ပွားလာလိမ့်မယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

နတန်ယာဟုနဲ့ ဂါးလန့်ဟာ စစ်ဆင်ရေးနည်းလမ်းတစ်ခုအနေနဲ့ အငတ်ဘေးကြုံကြိုက်အောင် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနဲ့ လူသားမျိုးနွယ်ကိုသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ တခြား လူမဆန်တဲ့ရက်စက်မှုတွေကို ကျူးလွန်ခြင်းများဆောင်ရွက်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့အထောက်အထားတွေရှိကြောင်း ICC ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ICC ဟာ “တကယ့်စစ်ရာဇဝတ်မှုတွေ၊ အစ္စရေးတွေအပေါ်နဲ့ ကမ္ဘာတစ်ဝန်းက တ ခြားနိုင်ငံသားတွေအပေါ်ကျူး လွန်နေတဲ့ အလွန်ဆိုးရွားလှတဲ့စစ်ရာဇဝတ်မှုတွေ” အပေါ် မသိကျိုးကျွံပြုပြီး “တီထွင်ဖန်တီးထားတဲ့ရာဇဝတ်မှု တွေ” ကို ကျူးလွန်ခဲ့တယ်ဆိုပြီး အစ္စရေးကို စွပ်စွဲနေကြောင်း နတန်ယာဟုက ပြောပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဟာ နတန်ယာဟုနဲ့ ဂါးလန့်အပြင် ဟားမတ်စ် စစ်ရေးခေါင်းဆောင် မိုဟာ မက်ဒီယက်ဖ်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

စစ်ရေးခေါင်းဆောင် မိုဟာမက်ဒီယက်ဖ်ဟာ ဇူလိုင်လအတွင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံး သွားပြီဖြစ်ကြောင်း အစ္စရေးဘက်ကပြောပေမဲ့ ဟားမတ်စ်ဘက်က အတည်ပြုပြောကြားခြင်း မရှိပါဘူး။

Ref: Netanyahu Says ICC Warrant Won’t Stop Israel Defending Itself

#centralnewsnaypyitaw

image
Frankie မျှဝေသည်။ ပို့စ်  
2 နှစ်များ

2 နှစ်များ

TATTOO IDEAS 🔥🔥🔥

imageimage
+15
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image
2 နှစ်များ - ဘာသာပြန်ပါ။

TATTOO IDEAS 🔥🔥🔥

image