Dear Visitors,
Identity V × Persona 5 Royal Crossover II Event will start in 1 day.
Let's take an exciting journey of investigation and get rolling again!
#identityv #idvp5r
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Dear Visitors,
Identity V × Persona 5 Royal Crossover II Event will start in 1 day.
Let's take an exciting journey of investigation and get rolling again!
#identityv #idvp5r
ဝဋ်လည်တယ်ဆိုတာ ဒီလိုမျိုးလား အစ်ကို
ညီမ မျက်နှာလေး တစ်ချက်မဲ့မှာကြောက်တဲ့သူ..
အေးနေတဲ့အချိန်မှာ အနွေးဓာတ်ပေးပြီး
ပူနေတဲ့အချိန်မှာ အေးမြစေတဲ့လူ..
နောက်ပြီး အစ်ကို မဟုတ်တဲ့ လူ..
အဲ့ဒီ့လူကို ညီမတွေ့ခဲ့ပြီ။
အစ်ကို့ အပေါ်ချစ်ပေးခဲ့သမျှဝဋ်တေ
ပြန်လည်တာထင်ပါရဲ့ အစ်ကိုရယ်။
သူက ညီမကို သိပ်ချစ်တာပဲ။
ပျော်ရွှင်ရတယ်၊အေးချမ်းရတယ်။
အချစ်ဆိုတာ ဒီလိုမျိုးလည်းကြည်နူးဖို့
ကောင်းပါလားဆိုတဲ့ ခံစားချက်မျိုး ရတယ်။
အစ်ကို့အပေါ်ကို ချစ်ခဲ့တုန်းကရခဲ့တဲ့
နာကျင်မှုတေရဲ့ဆန့်ကျင်ဘက်ပါပဲ။
ဥယျာဥ်မှူးအသစ်ရဲ့လက်ထဲမှာ လှလှပပနဲ့
ဖူးပွင့်နေတဲ့ပန်းလေးကို မြင်ရင်တော့
အစ်ကို မနာလိုဖြစ်မိမှာ သေချာပါတယ်။
ဆွေ
တံဆိပ်ခေါင်းခွန်ဥပဒေအရ ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်နှုန်းထားများ-
(၁) ကတိစာချုပ် သဘောတူကတိစာချုပ် ၃၀၀ ကျပ်
(၂) ကွာရှင်းစာချုပ် ၂၅၀ ကျပ်
(၃) ကိတ္တိမမွေးစား စာချုပ် ၁၅၀ ကျပ်
(၄) ကိုယ်စားလှယ်လွဲစာ
(က)အထွေထွေကိုယ်စားလှယ်လွဲစာ (ငါးဦး) ၁၀၀၀ ကျပ်
(ခ)အထွေထွေကိုယ်စားလှဝ်လွဲစာ (ငါးဦးထက်ပိုလျှင်) ၂၅၀၀ ကျပ်
(ဂ) အထူးကိုယ်စားလှယ်လွဲစာ ၃၀၀ ကျပ်
(ဃ) အထူးကိုယ်စားလှယ်လွဲစာ ငါးဦးအထိဆိုလျှင်
၁၀၀၀ ကျပ်
(င)အထူးကိုယ်စားလှယ်လွဲစာ ငါးဦးထက်ပိုလျှင်
၂၅၀၀ ကျပ်
(စ) တရားရုံးအမှု လိုက်ပါဆောင်ရွက်ရန် ကိုယ်စားလှယ်လွဲစာ ၁၀၀ ကျပ်
(၅) ကျမ်းကျိန်လွှာ ၁၅၀ ကျပ်
(၆) ကုန်အမှတ်တံဆိပ် ၁၅၀ ကျပ်
(၇) ကြေညာစာတမ်း ၁၅၀ ကျပ်
(၈) ခံဝန်စာချုပ်
(အာမခံသည့်ငွေ သို့မဟုတ် တန်ဖိုးပေါ်တွင် ၁ % )
(၉) စာချုပ်စာတမ်းမူရင်းခွဲ (မူရင်းစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း / မူရင်းစာချုပ်အား မိတ္ထူ ကူးလျှင် ၁၀၀ ကျပ်)
(၁၀) စွန့်လွှတ်စာချုပ် (စွန်လွှတ်သည့်တန်ဖိုး ခံဝန်ချုပ်တွင်ဖော်ပြထားသည့်အတိုင်း 1.5%)
(အခြား အနေအထားတွင် ၂၅၀၀ ကျပ်)
(၁၁) စာချုပ်စာတမ်းမိတ္ထူကူးခြင်း
(မူရင်းမရှိလျှင် ၂၅၀ ကျပ်)
(၁၂) ပေးကမ်းစာချုပ်
(၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ၃၀၀ ကျပ်
(၂)မရွှေ့ပြောင်းနိုင်သောပစ္စည်း တန်ဖိုးအပေါ် 1.5%
(၁၃) ပစ္စည်းခွဲဝေစာချုပ် ဝေစုတန်ဖိုး အပေါ် 1.5%
(၁၄) မိသားစုစီမံမှုစာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး တစ်သိန်းခွဲကျပ်)
(၁၅) ယုံမှတ်အပ်နှံသည့်စာချုပ် တန်ဖိုးအပေါ် 1% (အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၆) လှုဒါန်းစာချုပ် တန်ဖိုးအပေါ် 1%
(အများဆုံးတန်ဖိုး ၆၀၀ ကျပ်)
(၁၇) လက်ထပ်စာချုပ် ၂၅၀ ကျပ်
(၁၈) အဌားစာချုပ် ဌားရမ်းသည့်တန်ဖိုးအပေါ်
0.3% မှ 1.5%
(၁၉) အပေါင်စာချုပ် သုံးလကျော်သည်ဆိုလျှင် တံဆိပ်ခေါင်းခွန်ဥပဒေ ဇယား(၁) စဉ် ၁၃(က) အရ ပေးဆောင်ရပါမည် ။
သုံးလ အထိဆိုလျှင် ၎င်းဇယား၏ တစ်ဝက်။
(၂၀) အာမခံစာချုပ် ငွေတစ်ထောင်ကျပ်ထပ်မပိုလျှင် 1.5% ၊အခြားကိစ္စများနှင့် ဆိုလျှင် ၂၅၀၀ ကျပ်
(၂၁) အမှားပြင်စာချုပ် ၁၅၀ ကျပ်
(၂၂) အစုစပ်စာချုပ် မတည်ရင်းနှီးငွေ ငါးသိန်းကျပ်ထက်မပိုလျှင် ၃၀၀ကျပ် ၊ တန်ဖိုးငါးသိန်းထက်ပိုလျှင် ၃၀၀ကျပ် နှင့်အတူ ပိုနေသည့်ငွေပမာဏအပေါ် 1% ပေါင်းပြီး ပေးရပါမည် )
(၂၃) အစုစပ်ဖျက်သိမ်းခြင်း ၂၀၀၀ ကျပ်
(၂၄) အရောင်းအဝယ်ကတိစာချုပ်
(၁) မရွှေ့ပြောင်းနိုင်သောပစ္စည်း မူလ တန်ဖိုးအပေါ် 5%
( နယ်မြို့များတွင် 3%)
(၂) ရွှေပြောင်းနိုင်သော ပစ္စည်း ၆၀၀ ကျပ်
(၂၅) အလုပ်သင် ၁၅၀ ကျပ်
(၂၆) ရှေ့နေအလုပ်သင် ၁၅၀၀ ကျပ်
(၂၇) တရားလွှတ်တော်ရှေ့နေ စာရင်းတင်သွင်းခြင်း ၃၀၀၀၀ကျပ်
(၂၈)သင်းဖွဲ့စည်းမျဉ်း မတည်ရင်းနှီးငွေ သိန်းတစ်ထောင်ထက်မပိုလျှင် ငါးသောင်းကျပ် သိန်းတစ်ထောင်ထက်ပိုလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။
(၂၉) ကုမ္ပဏီ သင်းဖွဲ့စည်းမျဉ်း (company Act Law ပုဒ်မ (၁၇) အရ သင်းဖွဲ့စည်းမျဉ်းပူးတွဲထားလျှင် တစ်သောင်းခွဲကျပ် ပူးတွဲမထားလျှင် တစ်သိန်းခွဲကျပ် ပေးဆောင်ရပါမည် ။ (Non –Profit အဖွဲ့အစည်းများအတွက်ဆိုလျှင် အခွန်ကင်းလွတ်ခွင့်ရပါမည် )
(၃၀) နိုင်ငံခြားမှ ကိုယ်စားလှယ်လွဲစာ မြန်မာနိုင်ငံရောက်သည့်အချိန်မှ လေးလအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မတင်လျှင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ပေးရမှာဖြစ်ပါတယ် ။
(၃၁) Bill of Landing (BL) စာချုပ် ၁၅၀ ကျပ်
#အများပြည်သူများသိရှိစေရန်
#crd
ရွေးကောက်ပွဲအနိုင်ရ ဒေါ်နယ်ထရမ့်ကို အိန္ဒိယဝန်ကြီးချုပ် ဂုဏ်ပြု
နိုဝင်ဘာ ၆၊ နိုင်ငံတကာ။
အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရသည်ဟု ရလဒ်များထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရမ့်ကို အိန္ဒိယဝန် ကြီးချုပ် မိုဒီက ကြိုဆိုဂုဏ်ပြုကြောင်း နိုဝင်ဘာ ၆ ရက်နေ့မှာ သူ၏ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထုတ်ပြန်ခဲ့သည်။
မိုဒီက “ ကျနော့်မိတ်ဆွေ ဒေါ်နယ်ထရမ့်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ အောင်မြင်မှု ရရှိခဲ့တဲ့အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆို ဂုဏ်ပြုပါတယ်။ သင့်ရဲ့ အရင်သမ္မတ သက်တမ်းကာလမှာ အောင်မြင်မှုတွေ တည်ဆောက်ခဲ့သလို အိန္ဒိယ-အမေရိကန် ပြည့်စုံကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာ အောင် တည်ဆောက်ဖို့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်ဆန်းသစ်စေဖို့ မျှော်မှန်းထားပါတယ်။ ကျနော်တို့ ပြည်သူတွေကို ကောင်းကျိုးတွေ ပိုမိုရရှိစေဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ချမ်းသာ ကြွယ်ဝရေးကို မြှင့်တင်ဖို့ အတူတကွ ဆောင်ရွက်ကြပါစို့လေ”ဟု ရေးသားထားသည်။
အဆိုပါ ရေးသားထုတ်လွှင့်မှုကို မိုဒီက ဒေါ်နယ်ထရမ့်နှင့် အတူရိုက်ကူးထားသော ဓာတ်ပုံများဖြင့် တင်ခဲ့သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဒေါ်နယ်ထရမ့်က ပြိုင်ဘက် ဟားရစ်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေကြသည်။
#centralnewsnaypyitaw
6 - 11 - 2024 ( 9:30 AM )
အကယ်ဒမီရွှေ အဖွင့်ရွှေစျေး
W.G 1oz = 2738.30 $
ပြင်ပစျေးနှုန်း
မီးလင်း - 6320000 Ks
၁၅`ရည် - 5920000 Ks
YGEA စျေးနှုန်း
မီးလင်း - 5640000 Ks
၁၅' ရည် - 5300000 Ks
အချိန်နှင့်တပြေးညီ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသည် ။
မှတ်ချက် ။ ။ အက်မင်သည် မည့်သည့်အရာမှ အရောင်းအဝယ် မလုပ်ပါ ။
#ရွှေစျေး
#gdbprice
ဆိတ်သားပြုတ်ကြော်
********************
ဆိတ်သားကို နနွင်း, ဆား, ဟင်းချိုမှုန့်နဲ့နယ်ပြီး
အိုးထဲထည့်လှော်လိုက်ပါ
ရေခန်းရင် ရေနွေးထည့်ပါ
မီးအားသင့်ရုံနဲ့
နူးအိနေအောင်ပြုတ်ထားပါ
အိုးထဲ ဆီများများထည့်
ဆီဆူလာရင် နနွင့်ထည်ပါ
ဆိတ်သားထည့်ပြီး မီးအားပြင်းပြင်းနဲ့
အပေါ်ယံလေး နီလာအောင်ကြော်၍
ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ
ဆီထဲကို ဂျင်း, ကြက်သွန်ဖြူထည့်ကြော်ပြီး
ဆိတ်သားကြော်ပေါ်လောင်းထည့်ပြီးရင်
ဆိတ်သားပြုတ်ကြော် ရပါပြီ။