2 yrs - Translate

ထီးတစ်လက်ကို နှစ်ယောက်ဆောင်းရတဲ့အခါ
တစ်ယောက်တည်းလုံနေလို့မရဘူး
နည်းတူ တစ်ယောက်တည်းလည်း
အစိုခံ အပူခံလို့ မဖြစ်ဘူး။
ကိုယ့်ဘက်ကပေးဆပ်တဲ့အခါ
တစ်ဖက်ကလည်း ပေးဆပ်ချင်စိတ်ရှိရမယ်။
ဒါကိုမှ မေတ္တာမျှတယ်လ်ို့ခေါ်တယ်။

- Lionel Sn -

image
2 yrs - Translate

အဆုံးထိတာဝန်မယူနိုင်ရင် ......
အခြားသောသူတစ်ယောက်ရဲ့ခံစားချက်တွေကို
မကစားမိပါစေနဲ့.... တဲ့.... ။

အထူးသဖြင့်....

သူ့ကမ္ဘာထဲမှာသူ ဟန်ချက်ညီညီကြိုးစားနေထိုင်နေတဲ့သူ....။

သူ့နေ့စဉ်ဘဝမှာသူ အတိမ်းအစောင်းမခံပဲ ရှင်သန်နေတဲ့သူ.... ။

သူ့ပြေးလမ်းမှာသူ ပန်းဝင်ဖို့ကြိုးစားနေတဲ့သူ..... ။

ပြီးတော့.....

သူ့ဒဏ်ရာတွေနဲ့သူတောင်မှပဲ နာကျင်နေပြီးသားသူတွေကိုပေါ့.... ။

#ညတာရာလင်း

image
2 yrs - Translate

အချစ်ဆိုတာ " အပ"စ်အနာဆာ ရှိတိုင်း
စွန့်ပ" စ်စရာမှ မဟုတ်တာ " တဲ့ ၊

လွယ်လွယ်လေး မချစ်တတ်တဲ့ ကိုယ်က
ချစ်မိပြီဆိုရင်လည်း သူမှသူ တစ်ယောက်တည်းပါပဲ

စွန့်ပစ်ချင်စရာ တစ်ခုတွေ့လာတိုင်း
ချစ်စရာတစ်ခုရှာပြီး ထပ်ချစ်တယ်
နာကျင်စရာတစ်ခု သူ့ဘက်ကလုပ်လာတိုင်း
ကောင်းကွက်လေးတစ်ခု ရှာပြီးကို ထပ်ချစ်တယ်

သူတစ်ယောက်တည်းကိုပဲ ထပ်တလဲလဲ
ရွေးချယ်တယ် ။
ဘယ်တော့မှ လက်မလျှော့ပါဘူးဆိုတဲ့ အသိမျိုး
သူ့အတွက်ပေးထားတယ်။

ဒါ့ကြောင့် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင်
ကိုယ့်လိုလူမျိုးကိုပဲ ပြန်ရချင်ပါတယ် ။

Hᴀᴘᴘʏ ᴏʀ Sᴀᴅ
Bʏ Aɴɢᴇʟ 🌻🤍

image
2 yrs - Translate

One day with you my beb.

image
2 yrs - Translate

မုန့်ကျွေးတာ လိုက်စားရင်းနဲ့ ရည်းစားဖြစ်သွားတာတို့ဘာတို့....🥲

image

ချဉ်ပေါင်ဖူး ငပိထောင်း
ချဉ်ပေါင်ဖူး
မြေပဲလှော်
ပုစွန်ခြောက်မှုန့်
ကြက်သွန်ဖြူ မီးဖုတ်
ငရုတ်သီးစိမ်းလှော်
စိမ်းစားငပိဖုတ်

အားလုံးရောပြီး ညက်အောင်ထောင်းပါ။

image

ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော တရုတ်နိုင်ငံသားတစ်ဦး၏ အလောင်းတွေ့ရှိ

နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၃၃ လမ်းနှင့် ၃၂ လမ်းရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသော တရုတ်နိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

“တစ်ယောက်ထဲနေတာ။ အလောင်းက ပုတ်ပွနေပြီ အပြင်ဒဏ်ရာလည်း မရှိတော့ ရောဂါကြောင့် သေဆုံးသွားတာ ဖြစ်နိုင်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ လာစစ်သွားတယ်” ဟု မဏိစလ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ တရုတ်နိုင်ငံသား MO.ZHI JUN ၄၃ နှစ်ကို ဟိုတယ်သန့်ရှင်ဝန်ထမ်းမှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

Credit - Myanmar News Zone

#သတင်းဟင်းလေးအိုးကြီ

imageimage

မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဗီဇာသက်တမ်းငါးနှစ်ကို စိစစ်ခွင့်ပြုမည် ဖြစ်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ကြိမ်ဖန်များစွာဝင်ထွက်သွား လာနိုင်သော ဗီဇာသက်တမ်းငါးနှစ်ကို ယနေ့မှစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် လိုအပ်ချက်များနှင့် ကိုက်ညီသော မြန်မာနိုင်ငံ စီးပွားရေးကုန်သည်များ နှင့် အဆိုပါကုန်သည်များ၏ အိမ်ထောင်ဖက်များနှင့် သားသမီးများအား သက်တမ်းအကြာဆုံး ၅ နှစ် အတွင်း တရုတ်နိုင်ငံသို့ အကြိမ်များစွာ လာရောက်နိုင်သော (Multiple Entry) ဖြင့် အကြာဆုံး ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်သော သက်ဆိုင်ရာဗီဇာအမျိုးအစားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဗီဇာကိစ္စနှင့် ပတ်သက်ပြီး ဖုန်းနံပါတ် ၀၉၈၉၄၈၅၃၁၈၈ နှင့် အီးမေးလ်: yangon@csm.mfa.gov.cn ကို ရုံးတက်ရက် နေ့လည် ၂ နာရီမှ ၆ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Qiang သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကူမင်းမြို့၌ မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံက မဲခေါင်မြစ်နိုင်ငံ ၅ နိုင်ငံအတွက် လန်ချန်း-မဲခေါင်ဗီဇာ ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး အရည်အချင်းပြည့်မီသော စီးပွားရေးကုန်သည်များအား ၅ နှစ်အတွင်း တရုတ်နိုင်ငံသို့ အကြိမ်များစွာလာရောက်နိုင်သော (Multiple Entry) ဗီဇာခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

#centralnewsnaypyitaw

image
2 yrs - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၁၈ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၉၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၂၃၁၄၅ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၃၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၇၇၀၀၀၀ ကျပ်
ဝယ်ဈေး ၅၇၃၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅.၀၀ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၀ ကျပ်
ဝယ်ဈေး - ၉၇၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၇၂ ကျပ်
ဝယ်ဈေး - ၂၈.၀၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၅၇ ကျပ်
ဝယ်ဈေး - ၅၁.၂၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၈ ကျပ်
ဝယ်ဈေး - ၃.၁၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၂၅ ကျပ်
ဝယ်ဈေး - ၅၄၈၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၅ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၃ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၅ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

Laneige ရဲ့ No.1 Toner 🤍
Dry Skin မို့ စိုအိပီး မျက်နှာလေးကြည်ချင်တယ်ဆို
ဒီတိုနာ သုံးကြည့်ပါရှင်
လူးလိုက်တာနဲ့ ရေဓာတ်ကို ချက်ချင်းဖြည့်ပေးတယ်
Alcohol free, Silicon free မို့
Sensitive skin ကအစသုံးလို့ရတယ်
စွဲသုံးရင် မျက်နှာလေးကြည်စေပီး
Dark spot လေးတွေ သိသိသာသာမှိန်လာစေတယ်
Dehydrated skin တွေလည်း သုံးလို့ရတယ်
အရမ်းအဆီပြန်တဲ့သူ / ဝက်ခြံသမားတော့ မရဘူးနော်

#sweetbeautyworld

image