1 y - Translate

ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဂွာဒီယိုလာ ထောက်ခံ
--------------------------
မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာက ဝုဗ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ထောက်ခံကြောင်း ပွဲအပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့်လည်း နောက်ခံလူ ဂျွန်စတုန်းရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပွဲအပြီးမှာ (၂)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ဂျွန်စတုန်းသွင်းယူခဲ့တဲ့ဂိုးမှာ ဘာနာဒိုဆေးဗားက လူကျွံနေခဲ့တာကြောင့် စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး မန်စီးတီးအသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ ဂျွန်စတုန်း ဂိုးသွင်းပြီးနောက် စည်းကြပ်ဒိုင်က အလံထောင်လိုက်ချိန်မှာ ဆုံးဖြတ်ချက်မှား ယွင်းနေခဲ့တာကြောင့် စောဒကတက်ခဲ့မိပေမယ့် ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က မှန်ကန် ခဲ့တယ်လို့ နည်းပြဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ တာကြောင့် ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ်(၂၀)မှတ်အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

image
1 y - Translate

အယ်ဟီလယ်နှင့် နေမာ လေ့ကျင့်ခန်း ပြန်ဆင်း
------------------------
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ဘရာဇီးတောင်ပံကစားသမား နေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အယ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် လေ့ကျင့်မှုတွေကို ကြိုတင်ပြုလုပ်နေခဲ့တာဖြစ်ပြီး နေမာလည်း ပါဝင်လာတာကို တွေ့ခဲ့ရတာပါ။

အသက်(၃၂)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ နေမာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲမှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ခွဲစိတ်မှုခံယူခဲ့ ရတာဖြစ်ပြီး အခု အချိန်ထိ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက် သာလာပြီဖြစ်တာ ကြောင့် အယ်ဟီလယ်အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ (၂၀၂၃ )ခုနှစ်ကတည်းက ပီအက်စ်ဂျီအသင်းကနေ အယ်ဟီလယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ် ပြီး ဒဏ်ရာ ပြဿနာကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

Those born in 1995 are now 29 years old ...
Life is fast, isn't it 🥺♥️

image
1 y - Translate

us ♥︎

image
1 y - Translate

သုံးထပ်သားနဲ.ကိုက်လန်
>>>>>>>>>>>>>>

သုံးထပ်သား..................၅၀ ကျပ်သား
ကိုက်လန်ဖူး.....................၃ စည်း
ကြက်သွန်နီ....................၁ လုံး (နုပ်နုပ်စင်း)
ကြက်သွန်ဖြူ...................၃ တက်
ချင်းကြီးကြီး....................၁ တက်
ပဲငံပြာရည်အကြည်...........၃ ဇွန်း( ထမင်းစားဇွန်း)
တရုတ်ဟင်းချက်အရက်......၁ ဇွန်း( ..........။......)
ခရုဆီ............................၁ ဇွန်း( .......။.........)
သကြား..........................၁ ဇွန်း(........။.........)
ဟင်းခတ်မှုန်. ..................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
နာနတ်ပွင့်.......................၂ ပွင့် ( မီးကင်ပြီးအနည်းငယ်ရိုက်ပြားပါ)

ချင်းနှင့်ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပါ။

ကိုက်လန်ဖူးလေးများကိုလည်းသင်ပြီးရေဆေး ၊စစ်ထားပါ။

သုံးထပ်သားတွေကို သန်.စင်ပြီး..မိမိနှစ်သက်သလိုတုံးကာ ၊ သကြား၊ ခရုဆီ ၊ ဟင်းခတ်မှုန်. ၊ တရုတ်ဟင်းချက်အရက်၊ ပဲငံပြာရည်အကြည် (လိုအပ်ပါကဆားအနည်းငယ်ဖြည့်စွက်) တို.နှင့်ရောမွှေကာ..ချင်း၊ကြက်သွန်
ဖြူထောင်းကိုအရည်ညှစ်ချကာ..နယ်ပြီး..(၃၀) မိနစ်ခန်.နှပ်ထားပါ။

နှပ်ထားတာအချိန်ပြည့်ပြီဆိုရင်တော့..ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေး
ကိုအပူပေးကာ..ကြက်သွန်နီကိုမွှေးလာအောင်ဆီသတ်ပါ။ မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့နာနတ်ပွင့်လေးလည်းထည့်ပါ။

ကြက်သွန်နီတွေမွှေးလာပြီဆိုရင်တော့..နယ်ပြီးနှပ်ထားတဲ့ဝက်သားတွေထည့်
ကာအဖုံးပိတ်ပြီး..မီးအေးအေးမှာနှပ်ချက်..ချက်ပါ။

ဝက်သားတွေနှူးလာပြီဆိုမှာ..သင်ထားတဲ့ကိုက်လန်ဖူးလေးများထည့်ပေါင်း
ကာ( ၁၀) မိနစ်ခန်.အဖုံးပိတ်ပြီး ချက်ပါ။

ဒါမှသာကိုက်လန်ဖူးလေးများကဝက်သားဟင်းအရည်ကိုပြည့်ဝစွာစုပ်ယူမှာ
ဖြစ်သလို..နှူးအိပေမယ့်အရောင်မပြောင်းသေးတဲ့ကိုက်လန်ဖူးစိမ်းစိမ်းလေးများကိုရရှိမှာဖြစ်ပါတယ်...။

image
1 y - Translate

ငှက်ပျေားဖူးငပိကြော်
—————————
ငှက်ပျောဖူးကိူလေးစိမ်ခြမ်းပြီး ရေနွေးစိမ်ထားတယ်
ပြီးမှ ရေပြန်ဆေးပြီး နုတ်နုတ်လှီးထားတယ်
ကြက်သွန်ဖြူနီ နနွင်း ဆီသတ်နနွင်းပြီး
ငြုပ်သီးခွဲခြမ်းမှုန့် နဲ့ငပိ ထည့်သပ်ပါ ငပိစိမ်းနံ့ပျောက်ရင်
လှီးထားတဲ့ ငှက်ပျောဖူးများထည့်ပါ နှစ်သက်ရာ အချိုမှန့်ထည့်ပါ နံ့အောင်မွှေပေးပါ ရေနဲနဲလေးထည့်ပြီးထားပါ
ငှက်ပျောဖူးနူးပြီး အရသာကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်ပါ

image
1 y - Translate

စားအုန်းဆီဈေး ပြန်ကျလာ၊ ၆၂၆၅ကျပ်ဖြင့်ရောင်းရန်သတ်မှတ်

---------------------------------------

၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၁)ရက်

စားအုန်းဆီဈေးတွေဟာ (၄)ပတ်ဆက်တိုက်ပြန်ကျလာပြီဖြစ်ပြီး အခုအပတ် ရည်ညွှန်းဈေး မှာ စားအုန်းဆီတစ်ပိဿာကို၆၂၆၅ကျပ် နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အရင်အပတ်က စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း၆၃၅၅ကျပ်ရှိခဲ့တဲ့ အတွက်ဈေးအနည်းငယ်ကျသွားဝာာဖြစ်ပါတယ်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့နိုင်ငံတွေမှာ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှု‌တွေအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်မှ အောက်တိုဘာလ (၂၇)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ်၆၂၆၅နဲ့ရောင်းချရမယ်လိုထုတ်ပြန်ကြေညာထားပါတယ်။

ဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်ခြင်းနဲ့မသမာတဲ့လုပ်ဆောင်မှု‌တွေပြုလုပ်ပါက အရေးကြီး ကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်း

image
1 y - Translate

ရန်ကုန်ရွှေအသင်းရည်ညွှန်းဈေး တစ်ကျပ်သား (၅၅) သိန်းကျော်လာ

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်ရွှေအသင်းရည် ညွှန်းဈေးသည် တစ်ကျပ်သား ၅၅ သိန်းကျော်အထိမြင့်တက်လာကြောင်း အသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်လျက်ရှိပြီး ယနေ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၇၀၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ်မှတ်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပြီး ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ၆၃၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

သို့သော်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အရောင်းပိုများနေကြောင်း ရွှေအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။

" အဝယ်ကတော့ ရှိတယ်။ ဒါပေမဲ့နည်းတယ်။ အရောင်းကပိုများတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ရွှေအရောင်းအဝယ်ကောင်းမယ်လို့ မှန်းထားတယ်။ အခုတော့ နည်းနည်းလေးအေးနေတယ်" ဟု ရွှေရောင်းချသူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

ရန်ကုန်ရွှေအသင်းအနေဖြင့် ရည်ညွှန်းဈေးကို နိုင်ငံတကာ ရွှေဈေးအား ဗဟိုဘဏ်၏ ‌‌ဒေါ်လာသတ်မှတ်ဈေးဖြင့် တွက်ချက်ပြီး သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ် လာကို ၄၃၅၀-၄၄၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

image
1 y - Translate

ကလောမြို့လေးမှာ တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့တောင်တန်းတွေကြားက ဟိုတယ်လေး☘️

မြို့ထဲနဲ့လည်း သိပ်မဝေးပဲ လုံးဝ Kalaw Vibe လေးအပြည့်ရစေတဲ့ဒီဟိုတယ်လေး☘️

တန်ဆောင်တိုင် `ကလောမြို့´ကိုသွားလည်ဖို့ရည်ရွယ်ထားရင်ခြံဝန်းကျယ်ကျယ်နေရာကောင်းကောင်းနဲ့ Neo Aurum Resortကိုညွှန်ပေးချင်ပါတယ်

Neo Aurum Resortမှာ မနက်ခင်းတိမ်တွေတလိမ်လိမ်ထွက်လာတာကိုမြင်ရတဲ့နေရာ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကသွားတည်းခဲ့တဲ့ဟိုတယ်လေး❤️ပိုင်ရှင်လည်းသဘောကောင်းသလိုဝန်ထမ်းလေးတွေလည်းဖော်ရွေးကြတယ်❤️

Neo Aurum Resortဟိုတယ်က ပုံတွေထဲကထက်အပြင်မှာပိုလှတယ် ဟိုတယ်ဝန်းထဲမှာသွားလာရတာလည်းအရမ်း relaxဖြစ်တယ် စိမ်းစိုလှပတဲ့တောင်တန်းအလှနဲ့အတူမြင်ရတော့ခဏသာစိတ်အေးချမ်းစေတယ်☘️

တန်ဆောင်တိုင် ကလောမြို့ကိုအလည်လာဖြစ်ခဲ့မယ်ဆိုရင် Neo Neo Aurum Resortကိုရွေးချယ်ဖို့ထပ်ပြီးအကြံပေးပါရစေနော်🥰

👨‍👩‍👧‍👧ငယ်ချင်း၊မိသားစုတွေနဲ့အေးအေးဆေးဆေးအနားယူကြမယ်ဆိုလျှင် နေရာကျယ်ကျယ် မြက်ခင်းပြင် ပန်းဥယျာဉ်တို့ပါတဲ့ ဘန်ဂလိုအခန်းလေးတွေရှိရာ Neo Aurum ကိုလာရောက်တည်းခိုကြည့်ဖို့လမ်းညွှန်ပေးလိုက်တယ်နော်

💁 အခန်းတွေကလည်း သန့်ရှင်း သပ်ရပ်မှုအပြည့်ရှိပြီး အိမ်လေးက တောင်တွေနဲ့ ကာရံထားတာမို့ မနက်ခင်းပိုင်းတွေဆို အခန်းထဲကနေ 🍃 View အပြည့်နဲ့ ကြည့်ရှုခံစားနိုင်ပါတယ်

Neo Aurum Resortရဲ့ဝန်ဆောင်မှုကအောက်ပါအတိုင်း👇

🍜အရသာရှိစုံလင်တဲ့မနက်စာ
🚗ကားပါကင်ကျယ် (၂)ခု
❄️ရေစိမ်ကန်(bathtub)
🌦️ရေပူ၊ရေအေး/ရေခဲ‌သေတ္တာ
🌦️Aircon/ TV / Safe box / Wifi တို့ပါပါတယ်။
☀️မီးပျက်မှာကိုလည်းစိတ်ပူစရာမလိုဘူးနော် မီးပျက်ခဲ့ရင်လည်း မီးစက်လည်းနှိုးပေးပါတယ်

🍹Bar and Restaurant လည်းရှိလို့ Cocktail တခွက်နဲ့ ကလောညနေခင်းလေးတွေကို သာသာယာယာဖြတ်သန်းမလား တစ်နေတည်းမှာအကုန်လုံးအဆင်ပြေတဲ့ဟိုတယ်လေး

အစုအဖွဲ့လိုက် Request ရှိပါက dinner လေးတွေလည်း ညှိနှိုင်းစီစဉ်ပေးလို့ရတဲ့အတွက်
ကလောလာမယ်ဆို Neo Aurum ကိုသာ Hello လိုက်ပါနော်♥️

အော်ဒါနဲ့ တောင်ကြီးတန်ဆောင်တိုင်ပြီးရင် ကလောမှာ မီးရှော်တိုင်ပွဲရှိတယ်နော်😍

ဆက်သွယ်မေးမြန်းလို့ရမယ့်ဖုန်းနံပါတ်များ
☎️081-235-0717
☎️09967733339
☎️092055668

Location
Near B.E.H.S(2),BoKone Quarter(3) ,Thazin Road,Kalaw Shan Stage