Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နောက် ၁ဝ နှစ်ကြာရင်
ကိုယ်နဲ့ အတူရှိနေမယ့်လူဟာ
အခုချိန် ကျနော်ချစ်နေတဲ့လူပဲဖြစ်ချင်တယ်
အဲ့ဒီလူဟာ မင်းပါပဲ။
#1918a
ဘဝမှာ နေရတာပျော်လားလို့မေးခဲ့ရင်
သိပ်ပျော်တယ်လို့ပဲ ကျွန်မဖြေမယ်...
မနက်ခင်းနိူးထလို့ အသက်ရှင်ခွင့်ရှိနေသေးတာဟာလည်း ကံကောင်းခြင်းတစ်ခုပါပဲ...
အလကားရတဲ့ "လေ"ကိုရှုရှိုက်ပြီး ရှင်သန်လှုပ်ရှားခွင့်ရနေသေးတာဟာလည်း ကံကောင်းခြင်းထဲကတစ်ခုပါပဲ...
မြင်နိူင်တဲ့ မျက်လုံးတွေရှိနေတုန်း အကောင်းမြင်စိတ်မွေးပြီး ကြားနိူင်တဲ့နားတွေရှိနေခိုက် သာယာနာပျော်ဖွယ် သဘာဝရဲ့တေးသံတချို့ကိုနားဆင်းခွင့်ရတာကလည်း မင်္ဂလာတစ်ပါးပါပဲ...
ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးထားပြီး မိမိကိုယ်ကိုယ်ချစ်တတ်ခြင်းကလည်း ဘဝ နေပျော်ခြင်းတစ်ခုပါပဲ...
ရှင်သန်ခြင်းနေ့ရက်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ့်ကြောင့် နစ်နာဆုံးရှုံးခြင်းမရှိရင် ဘဝနေရတဲ့ အခိုက်အတန့်တိုင်းက လိပ်ပြာလုံပါတယ်...
ငယ်ငယ်က အမေက ဘယ်မှာပဲေဆာ့ေဆာ့မပျော်တော့ရင် အိမ်ပြန်ခဲ့လို့ ပြောခဲ့ပေမဲ့ ဘဝရဲ့လောကဓံနဲ့အံတု ပြီး"ကစား" နေကြရတဲ့ လူတန်းစားတွေမို့ မပျော်ပေမဲ့ အိမ်ပြန်ချိန်နဲ့ဝေးတဲ့အချိန်တွေမှာတော့ ပျော်အောင်နေကြရအုံးမှာပါ...
ကိုယ်လိုချင်သလို စိတ်တိုင်းကျ ရနေတဲ့ဘဝမဟုတ်လို့ ဒဏ်ရာတွေကြားမှာလည်း နေပျော်ပါတယ်...
#mayhsuyarmanyamyae
မင်းကို တကယ် ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။
အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ် ။
ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်က်ို စိတ်ညစ်ရအောင် မလုပ်ဘူး ။
စိတ်ညစ်အောင်လည်း မထားဘူး ။
အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစားမျိုးပေါ့ ။
ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲ ။
ဒီစာသားလေးကို နိုင်နိုင်းစနေရဲ့ စာအုပ်လေးထဲမှာ
ဖတ်မိထားတာ ကြာတော့ကြာပြီ ။
သဘောကျလို့
ခုချိန်ထိ အမြဲလိုလို ခေါင်းထဲ ရှိနေတဲ့စာသားလေး ။
လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ ။
တကယ်ချစ်ရင် ပျော်အောင်ထား ။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။
ဒါမျိုးမှ တကယ် ချစ်တာ ...
စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။
အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေက အဖေ့ကြောင့် တစ်ခါမှ စိတ်မညစ်ရဖူးဘူးလို့
ဖြေတယ် ။
လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ
ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ ။
🍂❤️
#ᗩᒪoᑎᗴ
ရေကျော်ပွဲဈေး ကျင်းပနေ
နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ရေကျော်ပွဲဈေးကို နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရေကျော်ပွဲဈေးသည် အလွန်စည်ကားသော ပွဲဈေးတစ်ခုဖြစ်သည်။
သို့သော် ကိုဗစ် ၁၉ စတင်ဖြစ်ပွားခဲ့သည့် ကာလကနေ မကျင်းပခဲ့ဖြစ်သည်မှာ ၄ နှစ်ဝန်းကျင်ရှိခဲ့ရာ ယခုနှစ်မှာ တော့ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
#centralnewsnaypyitaw


+6