2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

image
2 နှစ်များ - ဘာသာပြန်ပါ။

Diet Meal 🤤

imageimage
+4
2 နှစ်များ - ဘာသာပြန်ပါ။

အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှု ဖြေရှင်းရာတွင် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က အလုပ်ရှင်၊ အလုပ်သမားများ၏ အငြင်းပွားမှုများကို ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ UMFCCI နှင့် MRCCI တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမား ၃၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းထားကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး နိုင်ငံတော်စီးပွားရေးနှင့် အလုပ်သမားများ၏ လူမှုဘဝ တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်းအစွဲမထားဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏အကျိုးကို ကြည့်ရှုဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀) ဖြန့်ဖြူးပေးသွားမည်

မကွေးတိုင်း ဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေး တောင်သူများထံ Manual Drum Seeder Type II အမျိုးအစား လက်ဆွဲမျိုးစေ့ချ ကိရိယာ Drum Seeder အလက်(၅၀၀)ကို နွေစပါးစိုက်ပျိုးချိန်ရာသီအမှီဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသခံတောင်သူများ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေပြီး တစ်ဧက အထွက်နှုန်း တိုးတက်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တပ်မတော်အကြီးစားစက်ရုံ(ဆင်တဲ)က ထုတ်လုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type II အမျိုးအစား အလက်ပေါင်း (၅၀၀)ကို ဝယ်ယူကာ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဖြန့်ဖြူးပေးထားပြီး ဒေသခံတောင်သူများထံ ယခုနှစ် နွေစပါးစိုက်ပျိုးချိန်ရာသီအမှီ ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် လက်ဆွဲမျိုးစေ့ချ ကိရိယာ ဖြန့်ဖြူးပေးရာတွင် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ (၂၅)လက်၊ မြို့သစ်မြို့နယ်၌ (၇၆) လက်၊ တောင်တွင်းကြီးမြို့နယ်၌ (၈၆)လက်၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၄၁)လက်၊ ပွင့်ဖြူမြို့နယ်၌ (၈၆)လက်၊ စလင်းမြို့နယ်၌ (၅၁)လက်၊ စေတုတ္တရာမြို့နယ်၌ (၄) လက်၊ ငဖဲမြို့နယ်၌ (၉)လက်၊ သရက်ခရိုင်၊ သရက်မြို့နယ် ၌ (၁၄)လက်၊ မင်းတုန်းမြို့နယ်၌ (၁၅)လက်၊ မင်းလှမြို့နယ် ၌ (၁၀)လက်၊ ကံမမြို့နယ်၌ (၂၂)လက်၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ (၄၆)လက်နှင့် ဆင်ပေါင်ဝဲမြို့နယ်၌(၁၅) လက် စုစုပေါင်း အလက်(၅၀၀)ကိုဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ယခုနှစ် မိုးစပါးကို ဧကပေါင်း (၆၃၀၃၇၉) ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ဧကပေါင်း (၅၆၂၀၅) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။