Fox News အစီအစဉ်တင်ဆက်သူ ပိဟဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ထရမ့် အမည်စာရင်း တင်သွင်းမည်

နိုဝင်ဘာ ၁၃

အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် စစ်မှုထမ်းဟောင်း Fox News သတင်းဌာနအစီအစဉ်တင်ဆက်သူ ပိ ဟဂ်ဆက် (Pete Hegseth) ကို အမည်စာရင်းတင်သွင်းသွားမှာဖြစ်ကြောင်း ရွေးကောက်ခံအမေရိကန် အကြို သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၂ ရက်နေ့(အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။

“ပိဟာ သန်မာ စမတ်ကျပြီး အမေရိကန်ထိပ်တန်းဦးစားပေးမူဝါဒကို အမှန်တကယ်ယုံကြည်တဲ့သူဖြစ်ပါတယ်။” လို့ ထရမ့်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

“ပိဟာ ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်တော့မှာမို့လို့ အမေရိကန်ရဲ့ ရန်သူတွေကို ပြောချင်တာက ကျွန် တော်တို့တပ်မတော်ဟာ ပြန်ပြီး အင်အားတောင့်တင်းလာတော့မှာဖြစ်ပြီး အမေရိကန်ဟာ ဘယ်တော့မှ အရှုံး ပေးမှာ မဟုတ်ဘူးဆိုတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

ပိဟဂ်ဆက်ဟာ အာဖဂန်၊ အီရတ်နဲ့ ကျူးဘားက ဂွမ်တာနာမိုပင်လယ်အော်တို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကြည်းတပ်အရာရှိဟောင်း (ဗိုလ်မှူးဟောင်း) တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ Fox News သတင်းဌာနရဲ့ “Fox & Friends Weekend” မှာ တွဲဖက်အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ထရမ့်ရဲ့အမည်စာရင်းတင်သွင်းမှုကို အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင်တော့ ကြုံတောင့်ကြံခဲ ရွေးချယ်ခံရမယ့် ပိဟဂ်ဆက်ဟာ လက်ရှိကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်နေရာကို ဝင်ရောက်တာဝန်ထမ်း ဆောင်ရမှာဖြစ်ပါတယ်။

လွိုက်သြစတင်ကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ သမ္မတဂျိုးဘိုင်ဒန်အစိုးရလက်ထက်မှာ စတင်တာဝန်ထမ်း ဆောင်စဉ်ကတည်းက ကြယ်လေးပွင့်ကြည်းတပ်ဗိုလ်ချုပ်ကြီးအဆင့်ကို ဂုဏ်ပြုပေးအပ်ထားပါတယ်။

အင်္ဂါနေ့အစောပိုင်းက အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ကို စီအိုင်အေ ညွှန် ကြားရေးမှူးအဖြစ် အတည်ပြုရွေးချယ်လိုက်ပြီးနောက်မှာ အခုလို ပိဟဂ်ဆက်ရဲ့ အမည်စာရင်းတင်သွင်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

လွှတ်တော်အမတ် မိုက်ဝေါ့ဇ်ကို အမျိုးသားအကြံပေးအရာရှိအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး အထက်လွှတ် တော်အမတ်မာကိုးရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းရေးပြင်ဆင်နေစဉ် တစ်ရက်အကြာမှာ ပိဟဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းဖို့ ကြေညာခဲ့တာဖြစ်ပါ တယ်။

ရွေးချယ်မှုလေးခုစလုံးကိုကြည့်ရင် ထရမ့်အစိုးရဟာ တရုတ်နိုင်ငံအပေါ် ပိုမိုတင်းမာစွာဆက်ဆံလာမှာဖြစ်သလို ဂျပန်လို အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံတွေနဲ့ ပိုမိုနီးကပ်လာဖွယ်ရှိတယ်လို့လည်း ရှုမြင်နေကြပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး သတ်မှတ်အရည်အချင်း (စွမ်းဆောင်ရည်/သင်တန်း/အတွေ့အကြုံ) မရှိဘူး ဆိုပြီး အဲဒီအချိန်က ကန့်ကွက်ခံခဲ့ရတဲ့ ထရမ့်သစ္စာခံ ဂျွန်ရတ်ကလစ်ဟာ ထရမ့်အစိုးရသက်တမ်းမကုန်ခင် ၈ လကြာတဲ့အထိ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

“သူ (ဂျွန်ရတ်ကလစ်) ဟာ အမျိုးသားလုံခြုံရေးအတွက် အမြင့်ဆုံးအဆင့်ရောက်ရှိလာအောင် ဆောင်ရွက်ပြီး အင်အားကတစ်ဆင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်သလို အမေရိကန်နိုင်ငံသားအားလုံးအတွက် ဖွဲ့စည်းပုံအခြေ ခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေအတွက် မကြောက်မရွံ့ ကာကွယ်သွားမယ့်သူတစ်ဦးဖြစ်ပါတယ်။” လို့ ထရမ့်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Ref: Trump nominates Fox News host Pete Hegseth to be defense chief

#သတင်းဟင်းလေးအိုးကြီး

image

တန်ဆောင်တိုင်ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက အရေးယူမယ်

နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားပါတယ်။

တန်ဆောင်တိုင်ပွဲကို တောင်ကြီးတက္ကသိုလ်အနီးရှိ အဝေရာကုန်းသာယာကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မိန်းလမ်းကနေတော့ ဝင်လို့မရဘူး။ သစ်တောဂိတ်ဖက်ကနေ ဝင်လို့ရမယ်၊ အနောက်မြို့ပါတ်လမ်းအတိုင်း မြို့ရှောင်လမ်းကနေ ရထားသံလမ်းလမ်းဆုံဂိတ်ဖက်ကနေ ဝင်လို့ရမယ်။ အဲဒီ ၂နေရာလုံးမှာ ဂိတ်တွေရှိမယ်။ ကား၊ ဆိုင်ကယ်တွေ လိုင်စင်မပါရင် ဝင်လို့မရဘူး။ ဆိုင်ကယ်အပ်တဲ့နေရာတွေအထိ လိုက်စစ်မယ်လို့ ပြောတယ်”လို့ဘဒေသခံတစ်ဦးက ပြောပါတယ်။


အခုနှစ်မှာ ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးအင်အား တိုးမြင့်ချကာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းက လမ်းဆုံလမ်းခွတွေမှာလည်း လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။

မူလက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ရက်၊ နေ့ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်၊ ညပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို အဲဒီဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေကို နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။


#centralnewsnaypyitaw

image

အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ အားလုံးနှင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာ (၂၁)ရက်မှ စတင် ဖွင့်လှစ်သွားမည်

#သတင်းဟင်းလေးအိုးကြီး

imageimage

မလေးရှားကိုတရားမဝင်သွားတဲ့ မြန်မာ ၂၄ ဦး ထိုင်းမှာ ဖမ်းမိ

နိုဝင်ဘာ ၁၃

မလေးရှားနိုင်ငံကို သွားမယ့် တရားမဝင်မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဟတ်ယိုင်ခရိုင်အတွင်းက လမ်းမတခုပေါ်ဖြတ်သန်းသွားတဲ့ pickup အမျိုးအစား ထရပ်ကားတစ်စင်းကို မနေ့ နိုဝင်ဘာ ၁၂ ရက်မနက် အစောပိုင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတွေက ပူးပေါင်းစစ်ဆေးခဲ့ရာကနေ တရားမဝင်မြန်မာသုံးဦးကို အရင်ဆုံးဖမ်းဆီးမိခဲ့တာပါ။

ဒီလိုတရားမဝင်လိုက်ပါလာတဲ့ မြန်မာသုံးဦးကိုတွေ့ဆုံဖို့ မော်တော်ဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

အဲဒီအမျိုးသားကတဆင့် ဟတ်ယိုင်မြို့ပေါ်က နေအိမ် ၃ လုံးကို ဆက်တိုက်ရှာဖွေခဲ့ပြီး တရားမဝင်မြန်မာ ၂၁ ဦးကို ထပ်မံဖမ်းဆီးမိခဲ့တာလို့လည်း ထိုင်းသတင်းတွေအရသိရပါတယ်။

တရားမဝင် မြန်မာသုံးဦးကိုတင်ဆောင်လာတဲ့ ထရပ်ကားကို အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးက မောင်းနှင်လာတာဖြစ်ပြီး ဆူရက်သနီပြည်နယ်ကနေ ဟတ်ယိုင်ပြည်နယ်ကိုပို့ဆောင်ပေးခ ဘတ် ၁,၅၀၀ ရတယ်လို့ ဆိုပြီး အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားကတော့ မလေးရှားကိုပို့ဆောင်ဖို့ တာဝန်ယူထားတယ်လို့ ပြောပါတယ်။

ဒီလိုတရားမဝင်လူပို့ဆောင်တဲ့ ထိုင်းကားသမားရော မြန်မာကိုပါ ထိုင်းဥပဒေအရအရေးယူဖို့လည်းရှိနေပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရ ဇွန်ကနေ အောက်တိုဘာလအထိ တရားမဝင်မြန်မာ ၂ သိန်းကျော် ဖမ်းဆီးခဲ့ပါတယ်။

#centtalnewsnaypyitaw

image

ရွှေလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး သုံးလအတွင်း လိုင်စင်ပြန်လည် လျှောက်ထားရမယ်


နိုဝင်ဘာ၁၃

ရွှေလုပ်ငန်းလုပ်ကိုင်သူတွေအားလုံး အရေးကြီးကုန်စည်ဝန် ဆောင်မှုဥပဒေအရ လာမယ့်နိုဝင်ဘာလ (၁၈) ရက်နေ့မှ စကာ သုံးလအတွင်း ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း မနေ့က နိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

ရွှေအရောင်းအဝယ်လုပ်ငန်းတွေကို သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ပြီးခဲ့တဲ့အောက်တိုဘာလ၂၅ရက်က အရေးကြီးကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွေ အဖြစ်သတ်မှတ်လိုက်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးမယ်လို့ အသိပေးခဲ့ပြီး နောက် လက်ရှိမှာ လုပ်ငန်းလိုင်စင် လျှောက်ထားရယူဖို့လိုအပ်တဲ့ အချက်အလက်တွေကို အသိပေးလာကာ သုံးလအတွင်းလိုင်စင် လျှောက်ဖို့ဖော်ပြထားပါတယ်။

" လက်ရှိမှာ တရားဝင်ဖွင့်နေတဲ့ရွှေဆိုင်တွေက လိုင်စင်သက်တမ်းက ကုန်သွားပြီအဲ့ဒီတော့ ဒီသုံးလကာလအတွင်း ဆိုင်ဆက်ဖွင့်မယ်ဆိုရင်လိုင်စင်ကိုအပြီးလျှောက်ရမယ်။အခုပြောထားတဲ့၃လအတွင်းမှာ ဝန်ကြီးဌာနက ရှိသမျှ ရွှေလုပ်ငန်းလိုင်စင်တွေကိ ုစီမံချက်နဲ့အပြီးလုပ်ပေးမှာပေါ့။ အဲဒီ့နောက်ပိုင်းလည်း လျှောက်လို့တော့ရတယ်။ ခရီးသွားနေလို့မလျှောက်ဖြစ်ဘူးဘာညာဆိုရင်တော့အရောင်းအဝယ်လုပ်တာကို လိုင်စင်ရမှဆက်လုပ်ပေါ့။ လိုင်စင်မရလို့ လုပ်ငန်းမလုပ်ရ ရင်နစ်နာမယ့်အခြေအနေမျိုးမဖြစ်အောင် လို့ တော့သုံးလအတွင်း အပြီးလျှောက်ရမယ်လို့ပြောတာပါ။လိုင်စင်မရှိပဲ အရောင်းအဝယ်လုပ်တာကို သုံးလနောက်ပိုင်းတွေ့ရင်တော့ အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေတွေနဲ့ အရေးယူခံရနိုင်ပါတယ်လို့ "ရွှေလုပ်ငန်းရှင်များအသင်း ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တွေအနေနဲ့ ယခင်က စည်ပင်လိုင်စင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့အဖိုးတန်သတ္တုရွှေကိုင်ဆောင်ခွင့်လိုင်စင် နှစ်မျိုး သာရှိခဲ့ပြီး ယခုလျှောက်ထားဖို့အသိပေးလိုက်တဲ့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပေးမယ့် ရွှေလက်ဝတ်ရတနာရောင်းချခွင့်ရွှေဆိုင်လိုင်စင်နဲ့ ရွှေတုံးရွှေခဲအတုံးလိုက်ရောင်းချခွင့်လိုင်စင်နှစ်မျိုးပါ အပါအဝင်ဆိုပါက ရွှေလုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းလိုင်စင်အမျိုးအစား လေးမျိုးကို ကိုင်ဆောင်ပြီး လုပ်ငန်းလုပ်ကိုင်ရမယ်လို့သိရပါတယ်။

" လိုင်စင်လုပ်ဖို့ကြေငြာတာတော့သိပါတယ်။ ဘာတွေထပ်ပြီးတင်းကျပ်မလို့လဲတော့မသိဘူးပေါ့။ လိုင်စင်လုပ်တာက လည်း တခါလာလိုင်စင်တမျိုးနဲ့ လုပ်ငန်းတစ်ခုတည်းကိုပဲအခုလိုတွေ လုပ်ခိုင်းနေတော့ကြာလာတော့စီးပွားရေးလုပ်ရတာ ပိုပြီးအခြေအနေဆိုးလာတယ်။ အခုခေတ်က လူတွေကကျပ်တည်းလာတော့ ရွှေဝယ်တာကို အတော်စိတ်ဝင်စားမှုနည်းလာပြီး အခြား ဘက်တွေမှာပဲ ငွေကိုအသုံးပြုလာကြတာဆိုတော့ ၊ အမှန်ပြောရရင် အခု လိုင်စင်ထပ်လျှောက်ခိုင်းတာကို အလုပ်ထပ်ရှုပ်ရဦးမယ်လို့ပဲ တွေးမိပါတယ်" လို့ ရွှေအရောင်းအဝယ်ပြုလုပ်နေသူ တယောက်ကပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပြုလုပ် ပေးမယ့်စီမံချက်ကာလ သုံးလနောက်ပိုင်းမှာ လိုင်စင်တွေမရှိဘဲ ရွှေအရောင်းအဝယ် ပြုလုပ်နေသူတွေ ကိုတွေ့ရှိပါကလည်း အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ ထောင်ဒဏ် ၆လမှ ၃နှစ် နဲ့ ငွေကျပ်၅သိန်းထက်မပိုတဲ့ငွေဒဏ်တွေ နဲ့အရေးယူမှာဖြစ်ကြောင်း သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားပါတယ်။

Photo:CJ

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၃-၁၁-၂၀၂၄)

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image
1 y - Translate

Roadtrip + Camping With You 🛵🌊🐚✨️

image