ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စားအုန်းဆီ အခြေခံ လက်ကားစျေးနှုန်း တစ်ပိဿ (၃၈၀) ကျပ် အထိ မြင့်တက်
နိုဝင်ဘာ ၁၈
စားအုန်းဆီ အခြေခံ လက်ကားစျေးနှုန်းဟာ တစ်ပိဿ (၃၈၀) ကျပ်အထိ မြင့်တက်လာခဲ့တယ်လို စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ေကာ်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၅ ရက်နေ့အထိ ရန်ကုန် အထိုင်စျေး အခြေခံ
လက်ကား ရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿကို (၇၀၁၅) ကျပ်အဖြစ် သတ်မှတ်ထားတာကို တွေ့ရပါတယ်။
ယခင် တစ်ပတ်က စျေးနှုန်းဟာ (၆၆၃၅) ကျပ်ရှိခဲ့ပြီး ပြည်တွင်းကို ဆီ အဓိက တင်ပိုတဲ့ မလေးရှားနိုင်ငံရဲ့ FOB စျေးနှုန်းပေါ် စောင့်ကြည့်ပြီး သယ်ယူပိုဆောင်ခ၊ ဘဏ်စရိတ်နဲ့ အခွန်အခများ ထည့်သွင်း တွက်ချက်ကာ အခြေခံ စျေးနှုန်း သတ်မှတ်တာလို သိရပါတယ်။
စျေးကွက်အတွင်း စျေးနှုန်း မြှင့်တင်ရောင်းချတာတွေ၊ စျေးကစားဖိုအတွက် ရည်ရွယ် သိုလှောင်တာတွေ လုပ်ဆောင်မယ်ဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမယ်လို ဆိုပါတယ်။
#centralnewsnaypyitaw
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd
လေယာဉ် ကွင်းရောက်တဲ့ ခါ
လေယာဉ်နဲ့ ပတ်သက်တဲ့ အဂ်လိပ်လို အခေါ်ဝေါ်တွေ
#crd





ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးဖြင့် ေ-သဆုံးသူ ၄၀၀ ကျော်လာ
အပူချိန် မြင့်တက်ခြင်း၊ မိုးရာသီကာလရှည်ကြာခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများမြင့်တက်ခဲ့ပြီး နှစ်များစွာအတွင်း ရောဂါဖြစ်ပွားမှု သည် အဆိုးဆုံးအခြေအနေရောက်ရှိနေကာ ေ-သဆုံးသူ ၄၀၀ ကျော်လာခဲ့သည်။ ယင်းအခြေအနေကြောင့် ဆေးရုံများသည် ကုသရေး၌ မနိုင်မနင်းဖြစ်နေပြီး အထူးအားဖြင့် မြို့ပြ ဒေသများရှိ ဆေးရုံများမှာ အခက်အခဲတွေ့နေရသည်။
၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆက်စပ်ရောဂါဝေဒနာများဖြင့် ေ-သဆုံးခဲ့သူ ၄၀၇ ဦးထက်မနည်း ရှိနေပြီး ဆေးရုံတက်ရောက်ရသူ ၇၈,၅၉၅ ဦး ရှိခဲ့သည်ဟု နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
နိုဝင်ဘာလလယ်တွင် ဆေးရုံတက်ရောက်ကုသမှုခံရသူ ၄,၁၇၃ ဦးရှိခဲ့ရာ၌ မြို့တော်ဒါကာမှ ၁,၈၃၅ ဦးဖြစ်ပြီး ၂,၃၃၈ ဦးမှာ အခြားဒေသများမှဖြစ်သည်။
“အောက်တိုဘာလမှာတောင် မိုးရာသီလိုမျိုး မိုးရွာသွန်းတာတွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ ဒါက ပုံမှန်မဟုတ်ပါဘူး” ဟု Jahangimagar တက္ကသိုလ်မှ သတ္တဗေဒပါမောက္ခ ကာဘီရူလ် ဘာရှားက ပြောဆိုသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရာသီပုံစံများ ပြောင်းလဲခြင်းသည် ရောဂါပိုး အဓိကသယ်ဆောင်သူဖြစ်သော အေဒီးစ်ခြင်မျိုးအတွက် သင့်တော်သော အခြေအနေကို ပေးစွမ်းသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။
“ဒီလို ရာသီအပြောင်းအလဲတွေက ခြင်တွေ ပေါက်ဖွားဖို့ရာ အကောင်းဆုံးအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ဆိုသည်။
လူဦးရေထူထပ်သော မြို့ကြီးများတွင် ရောဂါပျံ့နှံ့မှု အဆိုးဆုံးအခြေအနေကို ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီအတွင်း အဖြစ်များလေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းပုံမှန်ကာလထက် ကျော်လွန်ကာ ပျံ့နှံ့ဖြစ်ပွားနေခဲ့သည်။