Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲအတွက် အဓိကကစားသမားအချို့လွဲချော်မည့် အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်း
ပြည်ပလိဂ်များတွင်သွားရောက်ကစားနေသည့် ကစားသမားများပြားနေသော အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမားအချို့သည် အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲနှင့်လွဲချော်နိုင်မည်ဖြစ်သည်။
အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမား(၁၆)ဦးသည် ပြည်ပလိဂ်များတွင်သွားရောက်ကစားနေခြင်းဖြစ်ကာ သက်ဆိုငိရာကလပ်အသင်းများက ၎င်းတို့အား အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပြုသွားနိုင်မည်မဟုတ်ဘဲ အချို့ ကစားသမားအနည်းငယ်သာ ဝင်ရောက်ယှဥ်ပြိုင်ရန် စေလွှတ်ခံရဖွယ်ရှိနေသည်။
အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းသည် လာမည့် ဒီဇင်ဘာ ၉ ရက်တွင် အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲ၏ ပထမဆုံးပွဲစဥ်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကာ အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲသည် ဖီဖာနိုင်ငံတကာရက်သတ္တပတ်အတွင်း ကျင်းပမည့်ပြိုင်ပွဲမဟုတ်ပေ။
ကဲ ပုစွန်ထောင်းနည်းလေးပြောပြပါဆိုလို့ပြောပြမယ်😋
ပုစွန်အစိမ်းထောင်းမစားတဲ့သူကျော်သွားပါရှင့်😩
ပုစွန်ကို လတ်ဆတ်တာလေးရွေးဝယ်နော် အိမ်ရောက်ရင်ရေအထပ်ထပ်ဆေး စိတ်ရှည်တဲ့သူဆို ပုစွန်ခေါင်းဖြုတ်နော် ကျမက စျေးတခါသွားရင် အသားတွေတပတ်စာဝယ်လာတာမို့လို့ ပါ ပုစွန်တွေဆေးပြီးရင်ရေစစ် စစ်ပြီးရင်သံပုရာသီးတလုံးလောက်ခွဲ ပြီးညစ်ပြီးနှပ်ထားလိုက်နော် ပြီးရင် ငရုတ်သီး ကြ က်သွန်နီများများ ကြ က်သွန်ဖြူက ကိုယ်ကြိုက်သလောက် ညက်ညက်လေးထောင်းထားလိုက်နော ထောင်းတဲ့အချိန် ဆား အရသာမှုန့်တွေရောထောင်းထားနော် ညက်ပြီဆိုရင် နှပ်ထားတဲ့ပုစွန်တွေ ဖွဖွလေးရောထောင်းနော် အရသာကိုမြည်းကြည့် ဆားအပေါ့အငန် အချိုလိုရင်ထပ်ထည့်နော် ပြီးရင် ခွက်ထဲထည့် အချည်လိုရင် သံပုရာသီးညစ်ထည့်လိုက်နော်😊 ပုစွန်အထောင်းစပ်စပ်လေးရတာပေါ့နော် 😉နံနံပင်ရှ်ရင်နံနံပင်လေးထည့်နော်
အရှေ့တောင်အာရှမှာ အလှဆုံး မြန်မာနိုင်ငံက "ဟိုက်ပါရေတံခွန်"။
ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ အနောက် တောင်ဘက် ၁၂ အကွာ ဟိုက်ပါကျေးရွာအနီးမှာတည်ရှိပါတယ်။
ဟိုက်ပါရေတံခွန်က မြန်မာနိုင်ငံမှာ သာမက အရှေ့တောင်အာရှမှာပါ အလှဆုံးလို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေက သတ်မှတ်ကြပါတယ်။
ပန်ချောင်းပေါ်မှာတည်ရှိပြီး အထပ် ထပ်၊ အဆင့်ဆင့်၊ အသွယ်သွယ် ဖြာကျနေတဲ့ ရေတံခွန်ဖြစ်ပြီး မြင်ရတာ မျက်စိပသာဒရှိတာမို့ အရှေ့တောင်အာရှမှာ အလှဆုံးရေတံခွန်လို့ပြောကြတာ ဖြစ်မှာပါ။
ဟိုက်ပါရေတံခွန် ကိုတောင်ကြီးကနေ ကားနဲ့သွားသွားမယ်ဆိုရင် ၆ နာရီကျော်လောက် မောင်းရပါတယ်။
မိုင်းပွန်၊ ပင်လုံ၊ လဲချား၊ မိုင်းနောင်၊ မိုင်းရှူးမရောက်မီ လမ်းခွဲလေးကနေ
၆ မိုင်ခန့် ဝင်လိုက်ရင်တော့ အလွန်သာယာလှပတဲ့ ဟိုက်ပါရွာနဲ့
ဟိုက်ပါရေတံခွန်ရဲ့ သဘာဝအလှတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။
သဘာဝအတိုင်း သာယာလှပနေတဲ့ အရှေ့တောင်အာရှမှာ အလှပဆုံး ဟိုက်ပါရေတံခွန်ကို စိတ်အမောတွေဖြေဖို့ တခါတခေါက်လောက်တော့ သွားရောက်လည်ပတ် ခံစားကြည့်သင့်ပါတယ်
#ဟိုက်ပါ
#ရေတံခွန်