46 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။အ​မေရိကန်​ရွေးကောက်ခံသမ္မတထရမ့်ကဖိအားများ​ပေး​နေသည့်ကြားမှက​နေဒါဝန်ကြီးချုပ်ထရူဒိုသည်သူ့အစိုးရအဖွဲ၏သုံးပုံတစ်ပုံကိုအ​ပြောင်းအလဲလုပ်ခဲ့သည်။

၂။မ​လေးရှားနိုင်ငံသည်​ပျောက်ဆုံးသွား​သောမ​လေးရှား​လေ​ကြောင်းမှခရီးစဥ်အမှတ်MH370လေယာဥ်ကိုပြန်လည်ရှာ​ဖွေရန်သ​ဘောတူလိုက်သည်။

၃။တူရကီသမ္မတအာဒိုဂန်ကယခုအချိန်သည်ဆီးရီးယားရှိအိုင်အက်စ်နှင့်ကာ့ဒ်အကြမ်းဖက်အဖွဲများကိုအမြစ်ဖြတ်​ချေမှုန်းရန်အချိန်ဖြစ်သည်ဟု​ပြောလိုက်သည်။

၄။မက္ကဆီကိုသမ္မတက​ဒေါ်နယ့်ထရမ့်နှင်ထုတ်မည့်မက္ကဆီကိုနိုင်ငံသားများကိုလက်ခံရန်အဆင်သင့်ဟု​ပြောလိုက်သည်။

၅။ဂျာမန်တွင်အ​​​ခြေချ​နေထိုင်ခွင့်ရထား​သောအာရပ်​ရွှေ့​ပြောင်း​နေထိုင်သူတစ်ဦးကငှားလာ​သောကားဖြင့်ခရစ္စမတ်​စျေးပွဲ​တော်ကိုဝင်​ရောက်တိုက်ရာက​လေးတစ်ဦးအပါအဝင်လူ​လေးဦး​သေပြီးလူ၂၀၀​ကျော်ဒဏ်ရာရမှုသောကြာ​နေ့ကဖြစ်ပွားသည့်အ​ပေါ်အ​မေရိကန်ဘီလီယံနာသူ​ဌေးကြီးအီလွန်မတ်စ်ကဂျာမနီအဓိပတိအိုလက်ဖ်​ရှော့လ်သည်ချက်ခြင်းနှုတ်ထွက်သင့်သည်ဟုပြစ်တင်​ဝေဖန်လိုက်သည်။

NOM

46 ပတ် - ဘာသာပြန်ပါ။

မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၄) အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၅၂၀)ခန့်ကိုဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာမည်မဟုတ်၍ အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ပြင် မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ဒီဇင်ဘာ ၂၃ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည် တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကယားပြည် နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်လည်း မိုးဇလက အသိပေးခဲ့သည်။

image

imageimage
46 ပတ် - ဘာသာပြန်ပါ။

"တရုတ်က ဆွီဒင်၊ ဖင်လန်၊ ဂျာမနီနဲ့ ဒိန်းမတ်တို့ အား ကေဘယ်ကြိုး ပျက်တောက်မှုမှာသင်္ဘောပေါ်တက်ရောက်စစ်ဆေး ခွင့်ပြုလိုက်ပါသည်။"

ဂျာမနီ၊ ဆွီဒင်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များအား ဘောလ်တစ်ပင်လယ်တွင် ကေဘယ်လ်ကြိုးများ ကျိုးပေါက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရုတ်ကုန်သေတ္တာသင်္ဘောပေါ်တက်ရောက်ခွင့်ပြုခဲ့ကြောင်း ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

Yi Peng 3 သင်္ဘောသည် နိုဝင်ဘာလအတွင်းက ပင်လယ်အောက်ဖိုက်ဘာအော်တစ်ကေဘယ်လ်ကြိုးများ ကျိုးပေါက်မှုနှင့်ပတ်သက်၍ ဆွီဒင်နိုင်ငံမှ အလိုရှိနေပြီး စတော့ဟုမ်းနှင့် ဘေဂျင်းရှိ သံတမန်များက ယင်းကိစ္စကို ဆွေးနွေးနေစဉ် အနီးနားရှိ ရေပြင်တွင် တစ်လကြာ ရပ်နားနေခဲ့သည်။

image
46 ပတ် - ဘာသာပြန်ပါ။

PHOTO NEWS

ဒီဇင်ဘာ ၂၁

IBEC ဗုဒ္ဓတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် ၏ ဒုတိယအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကြွရောက်

#centtalnewsnaypyitaw

imageimage
+6
46 ပတ် - ဘာသာပြန်ပါ။

ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု ၁၀ ရာခိုင်နှုန်းထက်မပိုရန် MEODA ဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် မြန်မာနိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက အသင်းသားများအား တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ ၃၅ ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဒေါ်လာရောင်းချပေးကာ ကျန်ရှိ ၆၅ ရာခိုင်နှုန်းအတွက် Online Trading Platform မှ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးဆန်းလင်းက ပြောသည်။

အဆိုပါ နိုင်ငံခြားငွေဈေးနှုန်းများဖြင့် တွက်ချက်သည့် ရည်ညွှန်းဈေးနှုန်းများသည်လည်း အလွန်သက်သာမှုရှိပြီး စားသုံးသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလွယ်တကူဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကြောင့်မို့ တင်သွင်းလာတဲ့ စားအုန်းဆီများကို တစ်ဆင့်ပြန်လည်ရောင်းချတဲ့ လက်လီလက်ကား စားသုံးဆီကိုယ်စားလှယ်များအနေနဲ့လည်း မိမိတို့ရဲ့ သတ်မှတ်ထားတဲ့ ၂ ရာခိုင်နှုန်းအမြတ်နဲ့ပဲ စားသုံးသူများထံ အလွယ်တကူ ဖြန့်ဖြူးရောင်းချပေးဖို့ ကျွန်တော်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော်ပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။

လက်ရှိတွင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ရည်ညွှန်းဈေးနှုန်းအား ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချမှုကို ရာနှုန်းပြည့်ဆောင်ရွက်ပေးနေသည့်အတွက် ဝေးလံသောနေရာဒေသများသို့ ကိုယ်စားလှယ်များ ရောင်းချပေးရာတွင်လည်း သယ်ယူမှုအဆင့်တွင် ၂ ရာခိုင်နှုန်းအမြတ်သာတင်ရန်နှင့် အဆင့်ဆင့်မြတ်တင်မှုမှာလည်း ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရမည်ဖြစ်သည်။

“၂ ရာခိုင်နှုန်းနဲ့ ရောင်းချတဲ့အခါမှာလည်း တချို့ဝေးတဲ့နေရာတွေကို သယ်ယူပို့ဆောင်ခတွေရှိရင်လည်း အဆင့်အဆင့် နှစ်ရာခိုင်နှုန်းပဲ ပေါင်းပြီးတော့ အလွန်ဆုံး ၁၀ ရာခိုင်နှုန်းထက်မပိုတဲ့နှုန်းနဲ့ ရောင်းချပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ ရရှိထားတဲ့ ရောင်းချခွင့်ရှိတဲ့ စားအုန်းဆီများကို မိမိတို့ရဲ့ တာဝန်သိမှု၊ တာဝန်ရှိမှုနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုနဲ့ သတ် မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်းပဲ စားသုံးသူများကို ရောင်းချပေးဖို့အတွက် စားသုံးသူများရဲ့ မျက်နှာကိုကြည့်ပြီး ရောင်းချပေးဖို့၊ စားသုံးသူရဲ့ အကျိုးကိုကြည့်ပြီး ရောင်းချပေးဖို့အတွက် ဒီနေရာကနေပြီးတော့ ကျွန်တော်ရဲ့ အသင်းသူအသင်းသားများ စားသုံးဆီကိုယ်စားလှယ်များကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်” ဟု ဦးဆန်းလင်းက ပြောသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၂၅၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

Credit - MT News Agency

#centralnewsnaypyitaw

image

ဗဟိုဘဏ်က ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေး စီစဉ်နေ

ဒီဇင်ဘာ ၂၁

ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transaction Law) ကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ အာမခံထားပြီး ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ငွေချေးခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ကြောင်းသိရသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် စီမံ/ဘဏ္ဍာ၊ ဥပဒေရေးရာ၊ တရားလွှတ်တော်ချုပ်ရုံး၊ စက်မှုဝန်ကြီးဌာန၊ DICA ၊ ဗဟိုဘဏ်၊မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်းအဖွဲ့နှင့် ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေ‌ကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မည့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် MSME လုပ်ငန်းများ၏ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက် အကူပြုရန် ရည်ရွယ်ထား‌ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် အပေါင်ပစ္စည်းများကို မှတ်ပုံတင်ထားခြင်းကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေရန်၊ အာမခံအကျိုးခံစားခွင့်နှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများအား ဥပဒေအရ ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

လက်ရှိတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် ရွှေငွေရတနာပစ္စည်းများ၊ မော်တော်ယာဉ်များ၊ ကုန်လှောင်ရုံပစ္စည်းများဖြစ်သော ဆန်၊ စပါး၊ ပဲ နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ လက်ခံနိုင်သော ငွေစာရင်းများကို အပေါင်ထားမှုအချို့ ဈေးကွက်အတွင်း ရှိနေကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image

အမြန်လမ်း မိုင်တိုင် ၇၃ တွင် ဟွန်ဒါဖစ်ယာဥ်တစ်စီး သစ်ပင်ဝင်တိုက်သဖြင့် ယာဥ်မောင်း အမျိုးသမီးဒဏ်ရာရ

ဒီဇင်ဘာ ၂၁

အမြန်လမ်း နေပြည်တော်- ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၇၃/၂ နှင့် ၇၃/၃ ကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ဟွန်ဒါဖစ်မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းရှိ မြေသားလမ်းပေါ်မှ သစ်ပင်ကို ဝင်တိုက်မိခဲ့ရာ ယာဥ်မောင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို အမျိုးသမီးတစ်ယောက်တည်း မောင်းလာတုန်း လမ်းခုလတ်မှာ ကားက အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဒဏ်ရာက စိုးရိမ်စရာ မရှိပါဘူး”ဟု အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ယာဥ်မောင်း အမျိုးသမီးတွင် ညာဘက်ဒူးပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မော်တော်ယာဥ်ခေါင်းပိုင်းမှာ ကြေမွကာ ကားတံခါးလည်းပျက်စီးခဲ့ပြီး ယာဥ်မောင်းအမျိုးသမီးကို ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းက ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
46 ပတ် - ဘာသာပြန်ပါ။

How tight is your Christmas budget this year? Me:

image