Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မရမ်းကုန်းရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီး သေဆုံး
ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားကာ အမျိုးသားကြီးတစ်ဦး ဓားဒဏ်ရာ(၅)ချက်ဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အား သိရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၅ ရက်)၊ ညနေ ၅ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်း၊ (၆)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူသတ်မှုဖြစ်တာ။ ရန်ငြိုးရန်စရှိလို့ဖြစ်မယ်လို့ ထင်တယ်။ အသေးစိတ်ကိုတော့ မသိပါဘူး။ ဒဏ်ရာက (၅)ချက် လောက်ရှိတယ်။ လည်ပင်းနဲ့ ရင်ဘက်ပေါ့။ တရားခံနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိပါဘူး။ မိသားစုဝင် တွေတော့ မတွေ့ဘူး။ ကျွန်တော်တို့မြင်တာတော့(တိုက်ခန်းထဲမှာ) သူတစ်ယောက်တည်းပဲ တွေ့တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်တွင် အသက်(၅၉)နှစ်အရွယ် ဦးခင်မောင်သိန်းသည် ၎င်း၏ နေအိမ်တိုက်ခန်းအတွင်း သတ်ဖြတ်ခံထားရကာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက အင်းစိန်မြို့နယ် ပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး အထက်ပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw
အချစ်နဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “ပြုစား” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲ အခမ်း အနားကျင်းပ
ဇန်နဝါရီ ၁၆
ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အချစ်နဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းပုံစံ “ပြုစား” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဗိုလ်က ဒီဇာတ်ကားမှာ မိုးခေတ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ရိုက်ဖူးသမျှထဲမှာ အဆန်းဆုံးနဲ့ ဗိုလ်အတွက် ပင်ပန်းတယ်။ အရမ်းကိုကျေနပ်အားရခဲ့တဲ့ ကာရိုက်တာလေးတစ်ခုပါရှင့်။ ပြုစားက ရှေ့မှာရိုက်ခဲ့တဲ့ကားတွေနဲ့ မတူဘူးပေါ့နော်။ ပြုစားတတ်တဲ့ မိန်းမလို့အထင်ခံရတာပါ။ ကာရိုက်တာက အရမ်းလည်းကြီးနေတယ်။ တော်တော် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ခိုက်တတ်တဲ့ မိန်းမ အထင်ခံရတာပေါ့။ ပြုစားကားက ချစ်ခြင်းတရားတွေ ရိုမန့်လေးတွေလည်းပါသလို နာကျဥ်းခြင်းတွေ မုန်းတီးခြင်းလည်းပါပါတယ် ”လို့ သရုပ်ဆောင် ရတနာဗိုလ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံရေးသားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကိုလည်း မယ်မင်းဘုံက စုန်း၊ သရဲ၊ အချစ်၊ မိသားစုဇာတ်လမ်းပုံစံနဲ့ ပုပ္ပားဒေသဘက်မှာ ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ နေဝင်း၊ ရှိန်းတင်ထူး၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ရတနာဗိုလ်၊ ခြူးလေးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“မြဇာဆိုတဲ့ စုန်းမ ခြေထောက်ထော့ကျိုးပုံစံ ကွမ်းစားပြီး အနုပညာသက်တမ်းတစ်လျှောက် တစ်ခါမှ သရုပ်ဆောင်မဆောင်ဖူးတဲ့ ကာရိုက်တာနဲ့ သေချာသရုပ်ဆောင်ခဲ့တာပါ။ထူးခြားကတော့ ကိုယ်က အမည်းဝမ်းဆက်ကိုလည်း သဘောကျတယ်။ အမေရေယဉ်ကို တိုင်တည်ပြီး ဝတ်ဆင်ထားတာပါ။ တစ်ကားလုံးမှာ ကွမ်းစားရတာ ခက်ခဲတာပါ။ လျှာတွေမှာ ထုံးတွေပေါက်ခဲ့တယ်။ ပထမဆုံးလုပ်ဖူးတဲ့ကာရိုက်တာပေါ့နော်။ ခြေထောက်ကလည်း ဆာရမယ်ပေါ့နော်။ ကျိန်စာတိုက်တဲ့ အခန်းတွေကအစပေါ့။ အဓိက ဒါရိုက်တာမယ်မင်းဘုံကို ယုံကြည်ပြီး ရိုက်ခဲ့တာပါ။ ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ အသက်ရှုမှားလောက်အောင် မွန်းကြပ်နေရောနေမှာပါ။ ပါဝင်ကြတဲ့ ကာရိုက်တာအလိုက် အကောင်းဆုံးကြိုးစားထားတာမို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် ”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
“ပြုစား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို အသက် ၁၃ နှစ်အောက် ကလေးတွေက မိဘနဲ့အတူကြည့်ရှုသင့်ပြီး ထိတ်လန့်ဖွယ်ရာဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး


+7
မန်ယူနည်းပြဟောင်း တန်ဟတ်ဂ် ဒေါ့မွန်နည်းပြဖြစ်လာနိုင်ဟု သတင်းထွက်
မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်ဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းရဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ဟော်လန်နည်းပြဟာ မန်ယူအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့လပိုင်းကတည်းက ဒေါ့မွန်အသင်းရဲ့ ပွဲစဉ်တွေကို အသင်းတာဝန်ရှိသူတွေနဲ့အတူ ကြည့်ရှုလေ့ရှိပါတယ်။
ဒေါ့မွန်က လီဗာကူဆင်ကို ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာလည်း အသင်းဈေးကွက်ဒါရိုက်တာ၊ နည်းစနစ်ဒါရိုက်တာတို့နဲ့အတူ ကြည့်ရှုအားပေးခဲ့ပါတယ်။
ဒေါ့မွန်အသင်းကို လူငယ်နည်းပြ နူဆာဟင်က တာဝန်ယူနေပြီး ရလဒ်မကောင်းဘဲ ဖြစ်နေတာကြောင့် နည်းပြတန်ဟတ်ဂ်ကို အစားထိုးခန့်အပ်နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။