Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Haunted Mansion (2023) ရယ်လဲရယ်ရ_ကြောက်လဲကြောက်ရမဲ့ဇာတ်ကား
ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။
သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။
တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။
#movie
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် အခန်းပေါင်း ၄၅၀ ခန်းကျော်မကြာခင် ထပ်မံငှားရမ်းပေးသွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်ရှိသုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် များမှ အခန်းပေါင်း ၄၅၀ ခန်းကျော်ကို မကြာခင် ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအငှားအိမ်ရာသည် တစ်လကို တိုက်ခန်းငှားရမ်းခအဖြစ် ပထမထပ်ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ နှင့်စတုတ္ထထပ် ၄၆၀၀၀ သတ်မှတ်ထားပြီး တိုက်ခန်းငှားရမ်းမည့်သက်တမ်းမှာ ၅နှစ် ဖြစ်ကြောင်းသိရသည်။
ယင်းသုခပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်းရမည်ဆိုပြီး ငွေကြေးလိမ်လည်မှုများ ရှိနေအတွက် ပြည်သူများ အနေဖြင့်သတိပြုရန် သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထားကြောင်းသိရသည်။
NOM
နိုင်ငံတကာသတင်းတိုများ
၁။အိန္ဒိယဘောလီးဝုဒ်၏နံမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်သောဆာအစ်အလီခန်သည်ဘာ့ဂလာရီမြိုတွင်ဓါးထိုးခံရသည်။
၂။ဘူလ်ဂေးရီးယားလွှတ်တော်သည်ရှေးရိုးစွဲများဦးဆောင်မည့်ညွန့်ပေါင်းအစိုးရသစ်ကိုအတည်ပြုလိုက်သည်။
၃။ထရမ့်အပါအဝင်အမေရိကန်သူဌေးများ၏အခွန်ဆောင်မှုကိုတရားမဝင်ထုတ်ဖော်ပြောဆိုသဖြင့်ထောင်ငါးနှစ်ကျခံနေရသောအခွန်ဝန်ထမ်းဟောင်းချားလ်စ်လစ်တဲဂျွန်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်ဂျိုးဘိုင်ဒင်အစိုးရကစဥ်းစားနေကြောင်းသိရသည်။
၄။အမေရိကန်၊အီဂျစ်နှင့်ကာတာနိုင်ငံတို၏ဝင်ရောက်စေ့စပ်ပေးမှုဖြင့်၁၅လကြာတိုက်ခိုက်နေသည့်အစ္စရေးနှင့်ဟားမတ်စ်တိုသည်အပစ်အခတ်ရပ်စဲလိုက်ကြသည်။
၅။ထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အမေရိကန်ကုမ္ပဏီ၇ခုကိုတရုတ်ကအမည်ပျက်စာရင်းကြေညာလိုက်သည်။
၆။ကင်ဆာဖြစ်နိုင်ခြေကြောင့်အစားအသောက်သုံးအနီရောင်ဆိုးဆေးအမှတ်(၃)ကိုအမေရိကန်တွင်သုံးစွဲခွင့်ပိတ်ပင်လိုက်သည်။
NOM
Jeff Bezos ၏ New Glenn ဒုံးပျံသည် ပထမဆုံး စမ်းသပ်ပျံသန်းမှုတွင် ပတ်လမ်းကြောင်းသို့ ရောက်ရှိခဲ့သည်။
Blue Origin သည် ၎င်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုတွင် အရွယ်အစားကြီးမားသော ဒုံးပျံသစ်ကြီးကို ကြာသပတေးနေ့တွင် လွှတ်တင်ခဲ့ပြီး ရှေ့ပြေးပုံစံ ဂြိုလ်တုကို ကမ္ဘာမြေပြင်အထက် မိုင်ထောင်ပေါင်းများစွာကို လှည့်ပတ်ရန် လွှတ်တင်ခဲ့သည်။
ကမ္ဘာကို လှည့်ပတ်ခဲ့သည့်ပထမဆုံး အမေရိကန်ကို အစွဲပြု၍ အမည်ပေးထားသည့် New Glenn ဒုံးပျံသည် လွန်ခဲ့သော ရာစုနှစ်တစ်ဝက်ခန့်က NASA ၏ Mariner နှင့် Pioneer အာကာသယာဉ်ကို လွှတ်တင်ရန် အသုံးပြုခဲ့သည့် အလားတူ နေရာ ဖလော်ရီဒါမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။