နန်းတွင်းဝတ်စုံနှင့် ရှမ်းစော်ဘွားတစ်ဦး(1899)

Source: "Shan Sawbwa in court dress" - Survey of India Offices, Gazetteer Of Upper Burma And The Shan States(1899). #shan_chief #saopha #burma #court_dress #colorized

image
2 yrs - Translate

ထွက်ပေါ်နေတဲ့ ကောလဟာလတွေအပေါ် Official Single ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလိုက်တဲ့ အေးချမ်းမောင် 👍

သူကတော့ ဒီလို အရည်မရ၊ အဖတ်မရ Caption တွေကိုတင်လေ့မရှိပေမယ့် ဖြေရှင်းဖို့လိုအပ်တယ်လို့ထင်တာကြောင့် တင်ခဲ့တာပါ။ ဒီရက်ပိုင်းထဲမှာပဲ အေးချမ်းမောင်ရဲ့ ချစ်သူဟုဆိုကာ သူနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့တာပါ။ ဒီကောလဟာလတွေအပေါ် အေးချမ်းမောင်က Official Single ဖြစ်ကြောင်း ယခုလိုဖြေရှင်းခဲ့တာပါ။

#celenews

image

ဘယ်လူနဲ့မဆို အဆင်ပြေတယ်
တွေ့တဲ့သူနဲ့ လိုက်ပြီး mood နဲ့

vibe ကိုပြောင်းနိုင်တယ်
အရောင်ပြောင်းနိုင်တယ်ဆိုတာ

ဂုဏ်ယူစရာတော့မဟုတ်ဘူး

အရောင်ပြောင်းတာ ကြောက်လို့
သူများလုပ်ခံရမှာစိုးလို့ မသိအောင်ပုန်းတာ

အကြောက်တရားနဲ့နေထိုင်နေရပြီဆိုရင်ကို
လူဖြစ်ရတာကမတန်တော့ဘူး

သူများနဲ့ fit in ဖြစ်ဖို့ ကိုယ့် value တွေ
လိုက်ပြောင်းတဲ့သူမဖြစ်ပါစေနဲ့

#crd
#moti

2 yrs - Translate

Angry Scalper (2021)

ဒီဇာတ်လမ်းလေးမှာတော့ ပါးထူဟာ ရိုးသားပြီး ကြိုးစားတဲ့လူတစ်ယောက်ပါ..သူ့မှာ ထာနာလိုခေါ်တဲ့ ချစ်ဇနီးတစ်ယောက်လည်းရှိပါတယ်

တစ်နေ့ ပါးထူတိုလင်မယားနှစ်ယောက် လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ကြရင်း တစ်ဖက်ကားရှင်ဂန်းစတားတစ်ယောက်က ထာနာကို မျက်စိကျသွားကာ ညတွင်းချင်း ပါးထူမရှိခိုက်ထာနာကို ပြန်ပေးဆွဲသွားပါတယ်

ပါးထူပြန်ရောက်ချိန်မှာတော့ သူ့ရဲ့ ဇနီးကပျောက်ဆုံးနေပြီးနောက်နေ့မှာပဲ ပိုက်ဆံပေးပြီး သူ့မိန်းမကို ဝယ်လိုက်ပြီလို ဖုန်းကောလ်တစ်ခုလက်ခံရခဲ့ပါတယ်

အဲ့ဒီအချိန်မှာ ပါးထူတစ်ယောက် သူ့ရဲ့ သူငယ်ချင်းလောင်ကျောင်းအလွတ်တန်းစုံထောက် စုန့်ချိုက်တိုနဲ့အတူ သူ့မိန်းမကို ဘယ်လိုအခက်အခဲတွေကြားထဲမှာ ကယ်ကြမလဲဆိုတာကိုတော့

#crd
#storymode

image

ဆင်ဖြူကျွန်းမြိုအရှေ့ဘက် ဧရာဝတီမြစ်အတွင်က ရေလုပ်သား စဉ်ဘဝ ခွင့်တောင်းပီရိုက်ခဲ့စဉ်က #网友投稿

2 yrs - Translate

SpaceX lost another Starship in its latest launch, seven weeks after an explosion sent pieces of a SpaceX Starship launch vehicle falling into the Atlantic.

https://abcnews.go.com/US/spac....ex-attempting-starsh

image
2 yrs - Translate

Demon Slayer: Infinity Castle Arc Movie ကတော့ Worldwide ရုံတင်ရက်အဖြစ် ရှေ့တုန်းကထွက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ September လ 12 ရက်နေ့လို့ကြေညာသွားပါပြီ။
Japan မှာကတော့ July လမှာပြမှာဖြစ်ပြီး Worldwide ကတော့ September 12 ပါ။

image

အကင်စားခြင်းနှင့် ကျန်းမာရေး
*****
(ကျန်းမာရေး) မတ် ၇
အကင်စားတဲ့အခါကျရင် တူးနေတဲ့နားလေးက ကြွပ်ကြွပ်ရွရွလေးနဲ့မို့ တခြားနေရာထက်စာရင် သူ့ကို ပိုစားချင်ကြတယ်။ တူးလို့ထွက်လာတဲ့အနံ့ကတောင် မွှေးသလိုလို ထင်ကြတယ်ဟုတ်။ လူကြီးတွေကတော့ တူးနေတာတွေ မစားနဲ့။ တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ပဲလား။

တူးတဲ့အခါ ဒီလိုဓာတုပစ္စည်းတွေ ထွက်လာပါတယ်

တူးတဲ့အခါ Acrylamide, HCAs နဲ့ PAHs ဆိုတဲ့ ဓာတုပစ္စည်း ၃မျိုးထွက်လာပါတယ်။ တူးတာတွေ စားမိရင် ကင်ဆာဖြစ် တတ်တယ်ဆိုတဲ့ စကားကလည်း ဒီဓာတုပစ္စည်းတွေကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။

Acrylamide ကတော့ သကြားဓာတ်ပါတဲ့ အစား အစာတွေ (ဥပမာ ဂလူးကို့စ်၊ ဖရက်စ်တို့) နဲ့ asparagine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တို့ ဓာတ်ပြုရာက ဖြစ်လာတာပါ။ လွယ်လွယ်ပြောရရင် ပေါင်မုန့်တို့၊ အာလူးတို့လို အစားအစာတွေကို အပူချိန်ပြင်းပြင်းနဲ့ အချိန်ကြာကြာ ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းပါ။

HCAsနဲ့ PAHs ကတော့ အသားတွေကို အပူပြင်းပြင်းနဲ့ ကင်တဲ့အခါ ထွက်လာတတ်ပါတယ်။ HCAsက တူးနေတဲ့ အစိတ်အပိုင်းတွေမှာ ကပ်နေတတ်ပါတယ်။ PAHsကတော့ အသားကအဆီတွေ အောက်မှာကင်နေတဲ့ မီးပေါ် ကျတဲ့အခါ ထွက်လာတဲ့ မီးခိုးငွေ့မှာ ပါတတ်ပါတယ်။ ဒီမိးခိုးက အသားကိုပြန်ဟပ်တဲ့အခါ အသားမှာပါ ကပ်ပါလာတတ်ပါတယ်။

တူးနေတာတွေ စားမိရင် ကင်ဆာဖြစ် တတ်သလား

တူးနေတာတွေ စားရင် ကင်ဆာဖြစ်တတ်တယ်လို့ မကြာခဏ ကြားဖူးပေမယ့် တကယ်လေ့လာကြည့်တဲ့အခါ ရေရေရာရာ မတွေ့ရပါဘူး။ Acrylamide နဲ့ ပတ်သက်လို့ ပြောရရင် လက်ရှိအချိန်ထိတော့ သူက ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိမရှိဆိုတာကို အတိ အကျ မပြောနိုင်သေးပါဘူး။ တိရိစ္ဆာန်တွေနဲ့ ပြုလုပ်ထားတဲ့ လေ့လာချက်တချို့မှာတော့ Acrylamideက ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်တယ်ဆိုပေမယ့် လူမှာ ဖြစ်မဖြစ်ဆိုတာကိုတော့ မသိရသေသးပါဘူး။

နောက်တစ်ချက်က ဒီလေ့လာချက်တွေက 1980s, 1990 နှစ်တွေဆီက ဖြစ်တဲ့အတွက် တော်တော်ကြာနေပြီဖြစ်လို့ ခုခေတ်မှာ ပြန်လေ့လာရင် ဒီအဖြေအတိုင်း ဖြစ်ပါ့မလားဆိုတာ မပြောနိုင်ပါဘူး။

ပညာရှင်တွေက Acrylamideနဲ့ ပတ်သက်ပြီး ကင်ဆာဖြစ်နိုင်ခြေ ရှိမရှိဆိုတာကို အတိ အကျ မပြောနိုင်ကြသေးပါဘူး။ Cancer Research UK ကတော့ Acrylamideက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကို သဘောမတူပါဘူး။ American Cancer Society ကတော့ Acrylamideက ကင်ဆာကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပေမယ့် နောင်တစ်ချိန်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းဖြစ်လာနိုင်မလားဆိုပြီး မျှော်လင့်ထားကြပါတယ်။

National Cancer Institute ကလည်း တိရိစ္ဆာန်တွေနဲ့ လေ့လာချက်မှာသာ Acrylamideက ကင်ဆာနဲ့ ဆက်စပ်မှုရှိပေမယ့် လူတွေနဲ့ ‌လေ့လာတဲ့အခါမှာ ဒီလိုမျိုး ဆက်စပ်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါက Acrylamideနဲ့ ပတ်သက်တဲ့ လေ့လာချက်တွေပါ။

HCAs, PAHsနဲ့ ပတ်သက်လို့ American Cancer Societyက လူမှာ ကင်ဆာဖြစ်နိုင်စေသလားဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီတော့ အတိုချုပ်ပြောရရင် တူးနေတာတွေ စားရင် ကင်ဆာဖြစ် မယ်ဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်မရှိပါ။ ဖြစ်ချင်မှ ဖြစ်မှာပါ။

ဒါဆို တူးနေတာတွေကို စိတ်ကြိုက်စားလို့ ရပြီလား

ဒီလိုလည်း မဟုတ်သေးပါဘူး။ ဘယ်လောက်ပဲ တူးနေတဲ့ အစားအစာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေက ဆက်စပ်မှု မရှိဘူးပဲဆိုဆို စိတ်လွတ်လက် လွတ် စားလို့တော့ မဖြစ်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးမလား။ တိကျတဲ့ လေ့လာချက်တွေမထွက်ခင် သင့်တင့်တဲ့ ပမာဏလောက်ပဲ စားသင့်ပါတယ်။

သင့်တင့်တဲ့ ပမာဏဆိုတာကလည်း ဘယ် လောက်ပါဆိုပြီး တရားဝင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကိုယ့်ဉာဏ်နဲ့ ချင့်ချိန်ပြီး စားရမှာပါ။ ဥပမာ တစ်ပတ်ကို ၁-၂ကြိမ်လောက်နဲ့ အလွန် အကျွံ မစားဘူးဆိုရင် အန္တရာယ်ကင်းပါတယ်။

တူးနေတဲ့ အစားအစာတွေကို စားမိရင် ကင်ဆာဖြစ်မှာလားဆိုတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်အသိနဲ့ ဆင်ခြင်ပြီး သင့်တင့်သလောက်ပဲ စားဖို့တော့ လိုပါတယ်။

image
2 yrs - Translate

အလယ်ခေတ်ရဲတိုက်အိမ်သာများ
အလယ်ခေတ်ရဲတိုက်တွေဟာ စစ်ရေးအရ အရေးပါတဲ့ အဆောက်အဦတွေအဖြစ် ထင်ရှားပေမယ့်၊ တကယ် တမ်းတော့ အဲ့ဒီခေတ်က လူနေမှုဘဝရဲ့ ပုံရိပ်တွေကိုပါ ဖော်ပြနေပါတယ်။
အထူးသဖြင့် ရဲတိုက်တွေမှာ တွေ့ရတဲ့ အိမ်သာ (Garderobe) တွေဟာ အဲ့ဒီခေတ်ရဲ့ တစ်ကိုယ်ရေသန့် ရှင်းမှုနဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေအနေကို သိသိသာသာ ပြသနေတဲ့ အရာတွေပါ။
Garderobe ဆိုတဲ့ စကားလုံးကိုယ်တိုင်က ပြင်သစ်စကားက ဆင်းသက်လာပြီး "အဝတ်အစားထားတဲ့နေရာ" လို့ အဓိပ္ပာယ်ရပေမယ့်၊ ရဲတိုက်တွေမှာတော့ အိမ်သာတွေကို ဒီလိုပဲ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။
ထူးခြားတာကတော့ ဒီအိမ်သာတွေရဲ့ တည်ဆောက်ပုံပါပဲ။ ရဲတိုက်နံရံတွေကနေ အပြင်ဘက်ကို ထိုးထွက်နေတဲ့ ပုံစံမျိုးနဲ့ ဆောက်ထားတာများပါတယ်။
Garderobe တွေကို များသောအားဖြင့် အထပ်လိုက်တည်ဆောက်ထားပြီး ထိုင်တဲ့ခုံနေရာမှာ အပေါက်ဖောက်ထားပါတယ်။ အဲ့ဒီအပေါက်ကနေ မစင်တွေကို အောက်ကို တိုက်ရိုက်ကျစေတဲ့ စနစ်ပါ။
အောက်ခြေမှာတော့ ရေရှိတဲ့ ကျုံး ဒါမှမဟုတ် တွင်းနက်ကြီးတူးထားတတ်ပြီး တချို့နေရာတွေမှာ ရေနဲ့ မျောချတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီလိုတည် ဆောက်ပုံက အခုခေတ်အမြင်နဲ့ ကြည့်ရင်တော့ တော်တော်လေး ရှေး ဆန်တယ်လို့ ထင်ရနိုင်ပါတယ်။
ဒါပေမယ့် အဲ့ဒီခေတ်အခါတုန်းကတော့ အပြင်မှာ အညစ် အကြေးစွန့်တာထက်စာရင် တော်တော်လေး သာတဲ့ စနစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနံ့အသက်ဆိုးတွေနဲ့ ရောဂါပိုးတွေ ပြဿနာကတော့ ကြီးမားတဲ့ စိန် ခေါ်မှုတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ Garderobe ဆိုတဲ့ နာမည်ရဲ့ မူလအဓိပ္ပာယ်နဲ့ ဆက်စပ်နေပါတယ်။ "အဝတ်အစားထားတဲ့နေရာ" ဆိုတဲ့ အဓိပ္ပာယ်အတိုင်းပဲ တချို့လူတွေက သူတို့ရဲ့ အဝတ်အစားတွေကို Garderobe အနီးမှာ ထားလေ့ရှိပါတယ်။
အကြောင်းကတော့ မစင်ကထွက်တဲ့ အမိုးနီးယားဓာတ်ငွေ့ဟာ အဝတ်တွေမှာ ကပ်နေတတ်တဲ့ သန်းနဲ့ တခြားပိုးမွှားတွေကို သေစေနိုင်တယ်လို့ ယုံကြည်ခဲ့ကြလို့ပါ။
ဒါပေမယ့် ဒီအိမ်သာတွေဟာ တစ်ခါတလေမှာ လုံခြုံရေးအတွက်ပါ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ ရန်သူတွေဟာ Garderobe ကနေတစ်ဆင့် ရဲတိုက်ထဲကိုအလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက် အိမ်သာတည် ဆောက်တဲ့အခါမှာ လုံခြုံရေးကို အထူးဂရုစိုက်ခဲ့ကြရပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အလယ်ခေတ်ရဲတိုက်တွေက Garderobe (အိမ်သာ) တွေဟာ အဲ့ဒီခေတ်ရဲ့ နည်းပညာနဲ့ လူနေမှုပုံစံရဲ့ အကန့်အသတ်တွေကြားကနေ ပေါ်ထွက်လာတဲ့ ကြိုးပမ်းမှုတစ်ခုပါ။
အခုခေတ် အိမ်သာတွေနဲ့ ယှဉ်လိုက်ရင်တော့ ရိုးစင်းလွန်းတယ်လို့ ထင်ရနိုင်ပေမယ့်၊ အလယ်ခေတ်လူနေမှုဘဝကို လေ့လာတဲ့အခါမှာ မေ့ထားလို့မရတဲ့ အရေးပါတဲ့ အစိတ် အပိုင်းတစ်ခုအဖြစ် သမိုင်းမှာ ကျန်ရစ်နေတာ အမှန်ပါပဲ။
#knowledge