42 w - Translate

Stylish Layered Haircuts with Bangs ❤

image
42 w - Translate

Stylish Layered Haircuts with Bangs ❤

image
42 w - Translate

Stylish Layered Haircuts with Bangs ❤

image
42 w - Translate

Stylish Layered Haircuts with Bangs ❤

image
42 w - Translate

Stylish Layered Haircuts with Bangs ❤

image
42 w - Translate

Stylish Layered Haircuts with Bangs ❤

imageimage
+4
42 w - Translate

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူများ(၂၉၁၀)ဦးရှိ

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပ ညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ(၂၉၁၀)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်မှစတင်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား Naypyitaw State Academy ရှိ Function Hall ၌ နိုဝင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့သည်။

ယခု ပညာသင်နှစ်တွင် ဆေးနှင့်ဆေးနှီးနွှယ်တ က္ကသိုလ်များ၌ ပထမနှစ်တက်ရောက်ခွင့်ရသော ကျောင်းသား/ကျောင်းသူ(၂၇၈၈)ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်ခွင့်ရသူ ကျောင်းသား/ကျောင်းသူ(၁၂၂)ဦး(စုစုပေါင်း ၂၉၁၀ ဦး)ရှိသည်။

image
42 w - Translate

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင် နေထိုင်သူများကို အိမ်ပြန်ခြင်းမပြုရန် အစ္စရေးတားမြစ်ထား

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ကပ်လျက်နယ်စပ်ရှိ လက်ဘနွန် ဒေသ ၁၀ ခုကို ဆက်သွယ်ထားသည့် စိတ်ကူးမျဉ်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းမပြုရန် တားမြစ်ထားသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ မျဉ်း၏ တောင်ဘက်သို့ ရွေ့ပြောင်းသူများသည် မိမိကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်‌ကြောင်းသိရသည်။

ထို့အပြင် အစ္စရေးစစ်တပ်သည် ဒေသခံများ မပြန်ရန် တားမြစ်ထားသည့် လက်ဘနွန်ကျေးရွာ ၆၀ ကျော်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန်-ပြင်သစ်၏ ပဏာမခြေလှမ်းကို အခြေခံ၍ နိုဝင်ဘာ ၂၇ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ အဆိုပါသဘောတူညီချက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် ကုလသမဂ္ဂယာယီတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်တပ်များ ဖြန့်ကျက်ချထားရေးအတွက် ပံ့ပိုးပေးသည်။ အစ္စရေးတပ်ဖွဲ့များသည် ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းမှ တဖြည်းဖြည်းဆုတ်ခွာသွားမည်ဖြစ်သည်။

image
42 w - Translate

"မကွေးတိုင်းဒေသကြီး၊ မကွေးမြို၌ “ချိုချို”စိန်ရွှေရတနာဆိုင်မှ ငွေကျပ် ၇၅၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားနှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ"

နေပြည်တော်၊ နိုဝင်ဘာ ၃၀

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်၊အောင်ရတနာရပ်ကွက်ရှိ “ချိုချို”စိန်ရွှေရတနာဆိုင်သိုအမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် ၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအား တူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင် သွားခဲ့ပြီးသေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင် လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြိုမရဲစခန်း(ပ)၁၂၃/၂၀၂၄၊  ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက မြိုပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စုံစမ်းရှာဖွေခြင်း၊ မြိုဝင်၊ မြိုထွက် စစ်ဆေးရေးဂိတ်များမှ ပိတ်ဆိုစစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ “ချိုချို” စိန်ရွှေရတနာဆိုင် အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ထွန်း(၄၉)နှစ် (ဘ)ဦးမြသောင်း၊ အောင်မြေသိမ်ကုန်းရပ်ကွက်၊ မင်းဘူးမြိုနယ်နေသူအား ယင်းနေ့ည ၇ နာရီခွဲတွင် မကွေးမြိုနယ်၊ ယင်းဆိပ်စစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလာသည့်  NewAnbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ အောင်မင်းသူ(ခ) မိုးသန်း(၃၄)နှစ် (ဘ)ဦးခင်မောင်ဦး၊ ရွှေပြည်သာမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတိုနှစ်ဦးသည် “ချိုချို”စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက် ယူဆောင်ခဲ့ပြီး လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ရှားပင်လှကျေးရွာအနီးရှိလျှိတစ်ခုအတွင်း၌ ဝှက်ထားခဲ့ကြောင်းသိရှိရသဖြင့်နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေကလစ် ၅ ခုနှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁ တောင့်တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ အောင်မင်းသူ (ခ)မိုးသန်းအား နိုဝင်ဘာလ၂၉ ရက်နေ့ ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို၊ ရွှေဆံတော် ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

တရားခံ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတိုနှစ်ဦးအား ထပ်မံစစ်ဆေးချက်အရ လုယက်မှုကျူးလွန်စဉ် ပစ်ခတ်သုံးစွဲခဲ့သည့်  GLOCK 19 အမျိုးအစား ပစ္စတိုသေနတ်နှင့် ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၄ တောင့်အားတရားခံ အောင်ဇော်ထွန်းမှ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြိုနယ်တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ “ချိုချို”စိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန် ရန် ၎င်းတိုနှစ်ဦးသည် လုယက်မှုမကျူးလွန်မီ နှစ်ရက်ခန့်ကြိုတင်၍ စိန်ရွှေရတနာဆိုင်၏ ရောင်းချ နေမှုအခြေအနေနှင့် လူဝင်၊ လူထွက်အခြေအနေများအား စောင့်ကြည့်ခဲ့ကာလုယက်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

image
42 w - Translate

နိုဝင်ဘာလ၃၀ရက်နိုင်ငံတကာသတင်းတိုများ

၁။အ​နောက်အုပ်စုက​ထောက်ပံ့ထား​သောဆီးရီးယားအကြမ်းဖက်များကထိုးစစ်ဆင်လာသဖြင့်ဆီးရီးယားနိုင်ငံအစ်လစ်ဘ်​ဒေသတွင်ရုရှားနှင့်ဆီးရီးယားတပ်များက​လေ​ကြောင်းမှတိုက်ခိုက်ရာအကြမ်းဖက်၄၀၀​ကျော်​သေဆုံးသည်။

၂။ယူကရိန်းသမ္မတဇလင်စကီးကဥ​ရောပလုံခြုံ​ရေးအတွက်ရုရှားနှင့်တိုက်ခိုက်​နေရခြင်းဟု​ပြောသည်။

၃။ကုန်သွယ်​ရေးစစ်မှ​ရှောင်ရှားရန်က​နေဒါဝန်ကြီးချုပ်ထရူဒိုသည်ဖ​လော်ရီဒါရှိ​ရွေး​ကောက်ခံသမ္မတထရမ့်၏မာအာလာဂိုစံအိမ်သိုလာ​ရောက်​ဆွေး​နွေးသည်။

၄။ယူကရိန်းတွင်​နောက်လာမည့်​ရွေး​ကောက်ပွဲ၌သမ္မတဇလင်စကီးဝင်​ရောက်​ရွေး​ကောက်မခံရန်ပြည်သူ၆၀%ကဆန္ဒပြု​ကြောင်းစစ်တမ်းတစ်ခုက​ဖော်ပြသည်။

၅။​ပြုံယမ်းသို​ရောက်​နေ​သောရုရှားကာကွယ်​ရေးဝန်ကြီးအင်ဒ​ရေဘယ်လူ​ဆော့ဗ်အား​မြောက်ကိုးရီးယား​ခေါင်း​ဆောင်ကင်ဂျုံအန်ကယူကရိန်းသည်အ​နောက်အုပ်စု​ပေး​သောတာ​ဝေးပစ်လက်နက်များဖြင့်ရုရှားနိုင်ငံအတွင်းပစ်ခတ်ခဲ့မှုအ​ပေါ်လက်တုန့်ပြန်ရန်ရုရှားတွင်အခွင့်အ​ရေးရှိသည်ဟု​ပြောလိုက်သည်။

၆။ဆီးရီးယားနိုင်ငံအလက်ပိုမြိုကိုအ​နောက်အုပ်စုကပံ့ပိုးထား​သောအကြမ်းဖက်များတိုက်ခိုက်စဥ်ဆီးရီးယားဗိုလ်မှူးချုပ်တစ်ဦးနှင့်အီရန်ဗိုလ်ချုပ်တစ်ဦး​သေဆုံးသည်။

NOM