2 yrs - Translate

ပိုက်ဆံနဲ့ပတ်သတ်ရင် တစ်ခါမှ မခက်ခဲခဲ့ဖူးဘူး

ငွေဟာနတ်ကြီးတယ်တစ်ကယ်
ကိုယ်ကတော့ယုံတယ် ။

လက်ထဲ cash ပြတ်မလိုဖြစ်ရင်တောင် သူ့အလိုလိုဝင်ငွေကရလာတယ် ။

ကိုယ် ပိုက်ဆံနဲ့ပတ်သတ်ပီး နေတဲ့နည်းလေးတွေပြောပြမယ် ။

၁ - ကိုယ်ဟာ ငွေရေးကြေးရေးနဲ့ပတ်သတ်ရင် ဘယ်တော့မှ မကပ်ဖူး ။
ငွေရှာရခက်လို့ ကပ်စေးနည်းကောင်းနည်းလိမ့်မယ်
ဒါပေမယ့် မကပ်တတ်ဖူး ။
တစ်ချို့ကျ ၅၀.၁၀၀ , ၅၀၀,၁၀၀၀ လောက်ကို ကပ်တဲ့သူတွေရှိတယ်
ဥပမာ ၁၁၀၀၀ ကျတယ်စိုပါစို့
သူက ၅၀၀၀ ပဲပေးချင်ပီး ၁၀၀၀ ကိုလိုက်ကပ်နေတာမျိုးပေါ့ ။
ကိုယ်ဆို အချင်းချင်းကြား ပေးစရာရှိရင် ဘယ်တော့မှ မတွက်ကပ်ဖူး ။

၂- နောက်တစ်ခုက သူများပိုက်ဆံကို အချောင်လိုချင်စိတ်မရှိတာ ။
ဘဝမှာ သူများငွေဆို တစ်ကျပ်တောင် အလကားရလိုစိတ် အချောင်လိုချင်စိတ်မရှိသလို
အဆင်မပြေရင်တောင် အသနားခံတာလိုလို ပေးစာကမ်းစာ စားချင်တာလိုလိုမျိုး လုံးဝမရှိဘူး ။
သူများက မကောင်းတတ်လို့ မသထာတဲ့ကြားကပေးတဲ့ ပိုက်ဆံကို မမက်မောဖူးဘူး ။

၃- ​ငွေတောင်းရလက်မခက်ဖူး ။
တစ်ခါတစ်လေကျ group လိုက်မုန့်စားဘာညာရှိရင်
စုရှင်းတာမျိုးရှိတတ်တယ်
ကိုယ်က တစ်ခါတစ်လေ နမော်နမဲ့နိုင်စွာမေ့သွားလို့ လာပြန်တောင်းရင် မျက်နှာမပျက်တတ်ဖူး။
ကိုယ်ဆိုကြုံဖူးတယ်
စိုက်လည်းထားရသေးတယ်
ပြန်တောင်းတော့ကျ မျက်နှာပျက်တတ်တဲ့လူတန်းစားတွေ ​။
ကိုယ်ဆို ကိုယ်မေ့လို့လာတောင်းရင် အားနာပီး စောင့်ပေးလို့ကျေးဇူးတင်ကြောင်းသာပြောတယ် ။

၄- ငွေကပ်တဲ့သူတွေနဲ့တွေ့ရင် ကိုယ်ကပဲပေးလိုက်တယ် ။
ကိုယ်က ပိုက်ဆံနဲ့ပတ်သတ်ရင် ကပ်သီးကပ်ဖဲ့တွေမလုပ်တတ်ပေမယ့်
ပေသီးခေါက်ပီး လျော့ပေးချင်လို့ ဂွင်ဆင်တဲ့သူမျိုးတွေလည်းကြုံဖူးတယ် ။
ကိုယ်က sense ကောင်းတော့ တစ်ခါတစ်လေ မှားတွက်တာမျိုးဆို ပြောပြလိုက်တယ် ။
တစ်ချို့ကျ တမင်မပေးချင်လို့ လုပ်တဲ့သူတွေကြုံတဲ့အခါ စကားတွေအများကြီးမပြောတော့ဘူး
ကိုယ့်ဘက်ကပဲ သူလိုချင်တာပေးလိုက်တယ် ။
သူမပေးချင်လို့ တမင်လုပ်နေတာကို ကိုယ်ကသွားပြောရင် စိတ်ကွက်စရာအပြင်ဘာမှမရှိဘူးမလား ။
အရမ်းလွန်ရင်တော့ပြောလိုက်ပေမယ့်
ကိုယ့်အတွက် မှုစရာမလိုရင်တော့ လျှော်ပေးလိုက်တာများတယ် ။

ကိုယ်နေတဲ့နည်းတွေကမှားရင်မှားနေလိမ့်မယ်
ပိုက်ဆံကို စိစစ်မသုံးဘူးလို့ထင်ကောင်းထင်လိမ့်မယ် ။
ဒါပေမယ့်လေ ငွေကနတ်ကြီးတယ်
စောနကလို ကပ်တဲ့သူနဲ့တွေ့လို့ ကိုယ်က လျှော်ပေးလိုက်ရင် ကိုယ့်ဘက်မှာ income အဝင်ပိုကြမ်းလာသလိုခံစားရတယ် ။
မပြောပလောက်တဲ့ amount ကို လိုက်ကပ်တဲ့သူတွေကိုကြည့်လိုက်
ကိုယ့်ကိုယ်ကပ်တဲ့ amount ထပ်ပိုပြီး ထွက်ငွေတစ်ခုခုရှိလာတာမျိုးလည်း ခနခနတွေ့ဖူးတယ် ။

သူများပိုက်ဆံကို မပေးချင်မှန်းသိရဲ့နဲ့ တမင်ကိုယ်ကျိုးအတွက်ယူတဲ့သူတွေမှာလည်း ငွေမြဲတာမမြင်ဖူးဘူး ။
တစ်ခုမဟုတ်တစ်ခု ခက်ခဲနေကြတာချည်းပဲ ။

ကိုယ်ကတော့ ပိုက်ဆံနဲ့ပတ်သတ်လာရင် ပေါ့ပေါ့ပါးပါးပဲထားတယ် ။
လက်မခက်ဖူး
သူများပိုက်ဆံမမက်ဖူး။

ဒီနေ့ဒီချိန်ထိ ငွေကြေးတစ်ခုခုဆုံးရှုံးသွားရင်တောင် ၂ ဆပြန်ရတတ်တယ် ။
ဘယ်တုန်းကမှလည်း ငွေကြောင့် ပူပင်သောကမရောက်ခဲ့ရဖူးဘူး ။

image
2 yrs - Translate

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ၊
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ
ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ
ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
စားသင့်တဲ့အချိန်မှာ စားမှအရသာရှိတာ
အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ
အရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ
လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက်
ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေးပါ။

image
2 yrs - Translate

သင့် RS မှာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင် လမ်းခွဲဖို့ပြင်ဆင်သင့်ပါပြီ။

‌၁။ ပျော်ရွှင်မှု တစ်ကြိမ်အတွက် ရန်မကြာခဏဖြစ်နေရတယ်။

ပြန်တွေးကြည့်ပါ။ တစ်လမှာ ရန်ဖြစ်တဲ့အချိန်နဲ့ ချစ်နေတဲ့အချိန် ဘယ်အချိန်ပိုများလဲလို့။ တကယ်လို့ အမြဲလိုလို ကတောက်ကဆဖြစ်နေတယ်။ ပျော်ရွှင်နေရတဲ့အချိန်ထက် စိတ်ညစ်နေရတယ်ဆိုရင် ဒီ RS ကိုမေးခွန်းထုတ်သင့်ပါတယ်။

‌၂။ ကိုယ့်အလိုဆန္ဒ ကို အမြဲချိုးနှိမ်ထားရတယ်။

အမြဲလိုလို ကိုယ်ဖြစ်ချင်တာထက် သူဖြစ်ချင်တာကိုပဲလိုက်လျောပေးနေရတယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုအပ်ချက်၊ ကိုယ်မကြိုက်တဲ့အရာတွေကိုကျ သူ့အနေနဲ့ ဂရုမစိုက်ဘူး။ ပြုပြင်မပေးဘူးဆိုရင် မေးခွန်းထုတ်သင့်ပါတယ်။

‌၃။ နှစ်ယောက်အတူအချိန်ပေးတာနည်းလာတယ်။

အရင်တုန်းကလို ရုပ်ရှင်အတူကြည့်တာ၊ အပြင်အတူသွားတာမျိုးတွေမရှိသလောက်နည်းလာမယ်။

‌၄။ စိတ်ရှည်သည်းခံတာတွေ ပျောက်ဆုံးလာတယ်။

နှစ်ဦးနှစ်ဖက် ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကအစ စကားများရန်ဖြစ်နေကြမယ်။

‌၅။ သူမရှိလည်းဖြစ်တာပဲဆိုပြီး တစ်ယောက်တည်းနေချင်စိတ်တွေပိုပိုဖြစ်လာတယ်။

သူနဲ့တွေ့ရတာ၊ သူနဲ့နေရတာ ကိုယ့်အတွက် ဝန်ထုတ်ကြီးတစ်ခုလိုဖြစ်လာတယ်။ သူအနားရှိရင်ကို ကိုယ့်အတွက်အဆင်မပြေဘူး။ ဘူနေသလို ခံစားရမယ်။ တစ်ပြိုင်နက်တည်းမှာလည်း ရုန်းထွက်ချင်စိတ်တွေပေါက်နေမိမယ်။

‌အထက်ဖော်ပြပါ အချက် ၅ ချက်နဲ့ကိုက်နေပြီဆိုရင်တော့ သင့်စိတ်ခံစားချက်ကို မလိမ်မညာဘဲ တစ်ဖက်လူကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောပြသင့်ပါတယ်။ အချစ်စိတ်တွေညှိုးနွမ်းနေတာကိုပြန်လည်ရှင်သန်လာအောင် လုပ်လို့ရပေမယ့် အချစ်စိတ်သေဆုံးသွားတဲ့အရာတစ်ခုကို ရှင်သန်အောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

‌သင်ကော... RS တစ်ခုပြီးဆုံးမယ်မှန်းသိလာတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုအချက်လေးတွေကို ရိပ်မိလာလဲ ပြောခဲ့ကြပါဦးနော်။

image
2 yrs - Translate

ကမ္ဘာ့ စမတ်ဖုန်းတင်ပို့မှုမှာ Samsung က နံပါတ်တစ် နေရာ ရောက်သွားပြန်ပါပြီ

2024 Q1 မှာ Samsung အနေနဲ့ စမတ်ဖုန်းပေါင်း သန်း ၆၀ ကျော်တင်ပို့နိုင်ခဲ့ပြီး Market Share 21% နီးပါး အထိရခဲ့တာပါ

ဒီ List ကို သေချာကြည့်ရင် ထူးခြားတာတွေ ထပ်တွေ့ပါမယ် Apple နဲ့ Samsung တို့က ထိပ်ဆုံး နေရာတွေကို ယူထားနိုင်သေးတယ်ဆိုပေမဲ့ မနှစ်က Q1 2023 နဲ့ယှဉ်မယ်ဆိုရင် စမတ်ဖုန်း တင်ပို့မှုက ပိုနည်းပါတယ် Samsung က 0.4 Million ပိုနည်းပေမဲ့ Apple ကတော့ 5 Million နီးပါး ပိုနည်းသွားတာပါ OPPO ကတော့ အငြိမ်လေးပဲ

ဒီမှာဆက်ပြောစရာရှိလာတာက နောက်ထပ် Company တွေပဲ

xioami ဆိုရင် 10 သန်းကျော် ထပ်များလာတယ်
Transsion ဆိုတဲ့ (Tecno / Infinix/ Itel) ဆိုရင် 15.4 Million ကနေ 28.5 Million ဆိုတော့ ကာ YOY Changes မှာ 84.9 % အထိ ဖြစ်သွားခဲ့တာပါပဲ

တစ်ခုတော့ရှိမယ် Company 3 ခုပေါင်းဖြစ်နေတာ့ အသေးစိတ်ဒေတာကိုတော့မသိရဘူး Transsion ကို ခနဖယ်ထားရင်တောင် ဒုတိယ အကြမ်းဆုံးက ၁၄ နှစ်သက်တမ်းပဲရှိသေးတဲ့ xiaomi ဖြစ်နေတာပါ

သုံးသပ်ရရင် ဖုန်းလောကအတွက် Major Player တွေက နေရာတစ်ခုရနေသေးတယ်ဆိုပေမဲ့ နောက်ထပ် နေရာ ထပ်ရဖို့ ကြိုးစားနေတဲ့ Company တွေရဲ့ တိုးတက်မှုကလဲ လျှော့တွက်ထားလို့မရဘူးဆိုတာပါပဲ

image
2 yrs - Translate

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ဓာတ်ပုံ( မြေလတ်အသံ)

image
2 yrs - Translate

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ဓာတ်ပုံ( မြေလတ်အသံ)

image
2 yrs - Translate

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ဓာတ်ပုံ( မြေလတ်အသံ)

image
2 yrs - Translate

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ဓာတ်ပုံ( မြေလတ်အသံ)

image
2 yrs - Translate

ဩဇာသီးဆွတ်ခူးချိန် သဘာဝအလှပါ
မြန်မာနိုင်ငံ ပြည်မြို့ဒေသကပါတဲ့
ပြည်မြို့နယ်ကတောင်သူတွေဟာ
ဩဇာသီးပင်တွေ များစွာစိုက်ပျိုး၍
အောင်မြင်ဖြစ်ထွန်းပါသတဲ့🍀

ဓာတ်ပုံ( မြေလတ်အသံ)

image
image
image
image
2 yrs - Translate

စိတ်ဖိစီးမှု သက်သာစေရန် သောက်သင့် တဲ့ မုန်လာဥနီ ဟင်းနုနွယ် ဖျော်ရည်

ပါဝင်ပစ္စည်းများ
– ဟင်းနုနွယ် လူကြီးလက်နှစ်ဘက်အပြည့်
– ဂေါ်ဖီစိမ်း (ဘရိုကိုလီ) အခက်သေး ၄ ခက်

– တရုတ်နံနံ အခက်ရှည်ရှည် ၄ ခက်
– မုန်လာဥနီ အနေတော် ၂ ဥ

ပြုလုပ်နည်း

မုန်လာဥနီကို ခပ်ပါးပါးလှီးပါ။ ဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်ရွက်တို့ကို ကတ်ကြေးဖြင့်ညှပ်ပါ။ ပြီးရင်တော့ Blender နဲ့ရောကြိတ်ပြီး သောက်သုံးနိုင်ပါပြီ။ အဖတ်ပါတာမကြိုက်သူများ ရေစစ်နဲ့စစ်ပြီးလည်း သောက်နိုင် ပါတယ်။ ချက်ချင်းမသောက်နိုင်သူများ ရေခဲသေတ္တာထဲသိမ်းပြီး ၂၄ နာရီအတွင်း သောက်သင့်ပါတယ်။ သောက်ရလွယ်ပြီး များများလည်းသောက်နိုင်တာမို့ အသီးအရွက်များများစားဖြစ်စေတဲ့နည်းပါပဲ။

အကျိုးကျေးဇူး

ဟင်းနုနွယ်ရွက်နဲ့ မုန်လာဥနီဟာ ဟော်မုန်းဓါတ်ညီမျှအောင် ထိန်းညှိပေးတဲ့အတွက် အိပ်မပျော်ခြင်း၊ အကြောတက်ခြင်းတို့ကို သက်သာစေပါတယ်။ ဂေါ်ဖီစိမ်းနဲ့တရုတ်နံနံက အရိုးနဲ့ ကြွက်သားကို ကျန်းမာစေတာကြောင့် ပေါ့ပါးလန်းဆန်းစေပါတယ်။

image