2 နှစ်များ - ဘာသာပြန်ပါ။

မိဘတွေကို သူတို့ သက်ရှိထင်ရှားရှိနေစဉ်မှာ အချိန်ပေးဂရုစိုက်ပါ

တစ်ခါတုန်းက အမျိုးသားတစ်ဦးဟာ ပန်းဆိုင်တစ်ဆိုင်ကိုသွားပါတယ်။ အဝေးမှာရှိနေတဲ့သူ့ရဲ့အမေဆီကို ပန်းစည်းပို့ပေးဖို့အတွက်ပါ။ ပန်းဆိုင်ရှေ့ကိုရောက်တဲ့အခါ ကလေးမလေးတစ်ယောက်က စိတ်ညစ်လက်ညစ်နဲ့ထိုင်နေတာကို သူတွေ့လိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့ သူမေးလိုက်တဲ့အခါ ကလေးငယ်လေးက သူ့အမေကို နှင်းဆီပန်းတစ်ပွင့်ဝယ်ပေးချင်တာ ပိုက်ဆံမလောက်လို့စိတ်ညစ်နေတာလို့ ပြောပြပါတယ်။ အဲ့ဒါနဲ့ သူက ကောင်မလေးအတွက်ပ နှင်းဆီပန်းဝယ်ပေးပြီး သူ့အမေအတွက် ပန်းစည်းပို့ပေးဖို့မှာလိုက်ပါတယ်။

ပြန်ထွက်လာတော့ ကလေးမလေးကိုပါ လိုက်ပို့ပေးရမလားလို့မေးလိုက်တော့ ကလေးမလေးကလည်း သူမရဲ့အမေဆီလိုက်ပို့ပေးဖို့ ပြောတာပေါ့။ တကယ်တမ်းလိုက်ပို့တော့မှ သူမ အမေရှိနေတယ်ဆိုတဲ့နေရာက အုတ်ဂူကလေးဖြစ်နေတော့တာပါပဲ။ ကလေးမလေးက သူမရဲ့ အမေရဲ့အုတ်ဂူမှာထားဖို့ နှင်းဆီပန်းလာဝယ်တာပဲ ဖြစ်ပါတယ်။ သူလည်း နောင်တရသွားပြီး ပန်းဆိုင်ကို ပြန်သွားကာ ပို့ပေးဖို့ပြောထားတဲ့ ပန်းစည်းကိုယူပြီး သူကိုယ်တိုင်ပဲ မိုင်ပေါင်းများစွာ အဝေးမှာရှိနေတဲ့ သူ့အမေဆီ ချက်ချင်းသွားပါတော့တယ်။

ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာကတော့ အဝေးမှာ ရှိနေတာပဲဖြစ်ဖြစ် အတူတူနေတာပဲဖြစ်ဖြစ် မိဘကို အသက်ထင်ရှားရှိနေတုန်း ဂရုစိုက်အချိန်ပေးတာက အကောင်းဆုံးပါပဲ။ သားသမီးရဲ့ စကားလေးတစ်ခွန်း၊ ပန်းလေးတစ်ပွင့်ကစလို့ အနမ်းလေးတစ်ချက်အထိ မိဘကို ကြည်နူးပီတိဖြစ်စေတာတော့ ရှိနိုင်မယ်မထင်ပါဘူး။ ဘဝဆိုတာက အချိန်သိပ်ကို တိုတောင်းပါတယ်။ ဒါကြောင့် အသက်ထင်ရှားရှိနေစဉ်အတွင်း မိဘကို အကောင်းဆုံးပြုစုစောင့်ရှောက် အချိန်ပေးတာက နောက်ပိုင်းမှ နောင်တရနေရတာထက် အများကြီး ပိုကောင်းမွန်တန်ဖိုးရှိတာမို့ မိသားစုကို အချိန်ပေး ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။

Ref: Rose for mother

image
2 နှစ်များ - ဘာသာပြန်ပါ။

လမ်းသွားရင်း ဖုန်းကြည့်နေသူတွေ လမ်းကူးချိန်မှာ ပိုသတိထားမိစေဖို့အတွက် ဟောင်ကောင်မြို့ လူကူးမျဉ်းကြားတွေမှာ အနီရောင်မီး ထွန်းပြီး အချက်ပြတဲ့စနစ်ကို ကျင့်သုံးနေရပါတယ်။ ဖုန်းကြည့်နေသူတွေ သတိထားမိအောင် လမ်းမပေါ်မှာ မီးနီနဲ့ အချက်ပြတဲ့စနစ်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာပါ။

Ref: HONG KONG PUTS STREET LIGHTS ON THE GROUND BECAUSE PEOPLE WON’T STOP LOOKING AT THEIR PHONES

image
2 နှစ်များ - ဘာသာပြန်ပါ။

"Someone will come who will love you just as you are, give you the security you miss, treat you exactly as you deserve your heart. "♥️

image
2 နှစ်များ - ဘာသာပြန်ပါ။

ရီမွန်တာဒါဘုရင်ကြီးလို့ တင်စားခံနေရတဲ့ လူးဝစ်အန်နရစ်ချ်ကေး

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်း၏ စပိန်လူမျိုးနည်းပြ လူးဝစ်အန်နရစ်ချ်ကေးအား စပိန်မီဒီယာများက ရီမွန်တာဒါဘုရင်ကြီး(King of Remontada)ဟု ချီးမွမ်းခေါ်ဆိုနေကြသည်။Remontada ဆိုသည့်စပိန်စကားမှာ အင်္ဂလိပ်လို Comeback ဟုအဓိပ္ပာယ်ရသည်။အန်နရစ်ချ်ကေးအား Comeback King ဟု ချီးမွမ်းနေခြင်းမှာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အသက်ဆက်နိုင်အောင် ဖြစ်နိုင်ခြေအလွန်နည်းသောအနေအထားမှ စွမ်းဆောင်ပေးနိုင်ခဲ့၍ ဖြစ်သည်။(၂၀၁၆-၁၇) ရာသီက အန်နရစ်ချ်ကေးကိုင်တွယ်နေသော ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် ပီအက်စ်ဂျီအသင်းအား ပထမအကျော့၌ (ဝ-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့တွင် ဘာစီလိုနာအသင်းက (၆-၁)ဂိုးဖြင့်ပြန်အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ်(၆-၅)ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။လက်ရှိတွင် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ်တာဝန်ယူနေသော အန်နရစ်ချ်ကေးသည် ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဘာစီလိုနာအသင်အား (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကို အဝေးကွင်းတွင် ပြန်လည်ချေပကာ (၄-၁)ဂိုးဖြင့်အနိုင်ပြန်ရအောင် အံအားသင့်ဖွယ်စွမ်းဆောင်နိုင်ခဲ့သည်။သူ၏ ပီအက်စ်ဂျီအသင်းအနေဖြင့် ဘာစီလိုနာကို ကျော်လွှားနိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးနေပြီဟု အားလုံးကယူဆနေချိန်တွင် အန်နရစ်ချ်ကေးက နှစ်ကျော့ပေါင်းရလဒ် (၆-၄)ဂိုးဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အား အရယူပြခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ထိပ်တိုက်တွေ့ဆုံမှုများတွင် ဒုတိယအကျော့ပွဲများ၌ မထင်မှတ်သည်များကို လုပ်ပြပြီး ပြန်လာနိုင်ခဲ့သည့် အန်နရစ်ချ်ကေးကို စပိန်မီဒီယာများက King of Remontada ဟု ခေါင်းစဉ်တပ်ကာ ချီးကျူးနေကြခြင်းဖြစ်သည်။ အန်နရစ်ချ်ကေးကမူ မိမိအား ယခုကဲ့သို့ အလွန်အကျွံချီးမြှောက်ခြင်းကို လက်မခံကြောင်း ပြောဆိုခဲ့သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Love knows no distance, Stay intertwined, wherever life takes you | 🤍

image
2 နှစ်များ - ဘာသာပြန်ပါ။

Love knows no distance, Stay intertwined, wherever life takes you | 🤍

image
2 နှစ်များ - ဘာသာပြန်ပါ။

Love knows no distance, Stay intertwined, wherever life takes you | 🤍

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

Queen Of Tears ကိုကြည့်ရင်း ဝင်လာတဲ့အတွေးကလေ တစ်ယောက်နဲ့တစ်ယောက်သာ တကယ်ချစ်နေရင် နွေးထွေးပြဖို့လည်းလိုသလို ချစ်ပြဖို့လည်းလိုကိုလိုတယ်နော်။
နောက်တစ်ခုက တကယ်သာချစ်နေရင် တန်ဖိုးလည်းထားတတ်ရမယ်။
Hae inသာ ရောဂါမဖြစ်ခဲ့ရင် Hyun wooကလည်း ချက်ချင်း ကွာရှင်းမှာဖြစ်ပြီး Hae Inကလည်း ဒီလို ‌ချစ်ပြလာမှာ မဟုတ်ဘူး။
သူတို့က အချင်းချင်းရဲ့တန်ဖိုးတွေကို မေ့နေခဲ့ကြတာ
Hae Inကလည်း သနားဖို့ကောင်းသလို Hyun wooဖက်ကိုကြည့်ပြန်တော့ သူလည်းသနားဖို့ကောင်းနေတာဘဲ။
Hae Inကအခု သူတကယ်ကြီး သေရပါတော့မယ်ဆိုတာ သိရမှ Hyun woo ကို ပိုနွေးထွေးလာတာ ချစ်ပြလာတာ
ဆုရှံုးရခါနီးမှအသိစိတ်ပြန်ကပ်လာတဲ့သဘောမျိုးဘဲ။
သူတို့နှစ်ယောက်က အချင်းချင်း အရမ်းချစ်ကြရဲ့သားနဲ့ .
Hae Inကလည်းအရမ်းခက်ထန်တဲ့ပုံစံမျိုးနေပြပြီး အလုပ်ကိုဘဲ အာရုံစိုက်နေပြီး Hyun woo ကို မချစ်ပြခဲ့မိ။
Hyun wooကလည်း သူ့ကို နည်းနည်းလေးမှ မကြင်နာပြတော့ ကြာလာတော့ သွေးအေးလာတယ်ထင်လာပြီး Hae Inမိသားစုတွေကြောင့် စိတ်ရှုပ်လာ
သူတို့ကအချင်းချင်း ချစ်တယ်ဆိုတာကို မေ့ပြီး တစ်ယောက်နဲ့တစ်ယောက် သူစိမ်းဆန်လာကြတာ
သူတို့ စချစ်ခဲ့တဲ့ပုံစံတွေ၊သူတို့ဘယ်လို‌ေတွအတူတူဖြတ်သန်းခဲ့တာ‌ေတွကို သူတို့မေ့သွားကြတာမို့ ကွာရှင်းဖို့ထိလုပ်ခဲ့ကြတာလို့ထင်တယ်။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အခုတကယ်ကြီး ခွဲရ‌တော့မယ်ဆိုတာသိမှ အချင်းချင်းရဲ့တန်ဖိုးကိုသိလာကြတာနော်
တကယ်သာချစ်ရင် ဘယ်လောက်ဘဲတွန်းထုတ်နေပါစေ ကိုယ့်အနားက မထွက်သွားဘူးဆိုတာ တကယ်နော်။
Hyun woo ကိုယ်တိုင် ကွာရှင်းချင်ခဲ့ပေမယ့် ကွာရှင်းပြီးတောင် Hae Inအနားက လုံးဝ ထွက်မသွားခဲ့ဘူး။
Hae Inသတိပြန်ရတဲ့ အပိုင်းမှာဆို သတိရရချင်း “ချစ်တယ်”ဆိုပြီး Hyun woo ကိုပြောရှာတာ
မပြောခဲ့ရမှာစိုးလို့တဲ့လေ
အဲ့အခန်းမှာ ကိုယ်လည်း တကယ် အတည်ငိုရတာဘဲ
သူတို့နှစ်ယောက်ကို‌ေတာ့ တကယ် Happy ending ဖြစ်စေချင်တယ်။
Hae Inလည်း သွေးဖြူဥပြန်တိုးလာပြီး ရောဂါအရှင်း‌ေပျာက်ပြီး ပျော်ပျော်ရွှင်ရွှင်လေး Hyun wooနဲ့တစ်သက်လုံး နေသွားစေချင်တယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Bled Island, Slovenia 💙💙💙💙

image
2 နှစ်များ - ဘာသာပြန်ပါ။

ယောကျ်ားလေးတစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ပြောပါဆိုရင် ပိုက်ဆံမရှိတဲ့အခါ အနားမှာ
ပါရမီဖြည့်ပေးတဲ့မိန်းကလေး တစ်ယောက်ရှိမယ်။

အလုပ်ပင်ပန်းရင် ခွန်အားပေးစကားပြောတယ်၊
နေမကောင်းတဲ့အခါဂရုစိုက်ဖို့ ခဏခဏ ပြောပေးတယ်၊ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးမယ်၊ ထောက်ခံပေးတယ်၊ ယုံကြည်ပေးတယ် စသဖြင့်ပေါ့။

မိန်းကလေးတစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ပြောပါဆိုရင် ဘုရင်မတစ်ပါးလို အစွမ်းကုန်ချစ်ပေးမဲ့ ယောကျ်ားလေးတစ်ယောက်ရှိမယ်။

စိတ်ပင်ပန်းလာတဲ့အခါ မှီစရာပခုံးတစ်စုံ ရှိနေပေးတယ်၊ဝမ်းနည်းပြီး မျက်ရည်ကျလာရင် မျက်ရည်သုတ်ပေးတယ်၊စိတ်ဆိုး စိတ်ကောက်ရင် ချော့ပေးတယ်၊မှားတာရှိရင် သွန်သင်ဆုံးမပေးတယ်၊ချမ်းတဲ့အခါ ဖက်ထားပေးတယ်၊အလုပ် ဘယ်လောက်များများ အချိန်ပေးတတ်သူ၊ကိုယ့် အပေါ် သစ္စာရှိသူ
စသဖြင့်ပေါ့။

ဒါကြောင့် ကိုယ့်ဘဝရဲ့ခက်ခဲတဲ့အချိန် အတောအတွင်း ဘေးနားမှာ အဆိုးအကောင်း
မျှဝေခံစားပေးတဲ့သူကို မမေ့ဖို့လိုတယ်။

အောင်မြင်လာတဲ့အခါ တစ်ချိန်လုံးအနား ရှိပေးသူကို သစ္စာဖောက်မသွားဖို့ လိုတယ်။

ဒါမှ ကြည်နူးစရာကောင်းတဲ့ Relationship တစ်ခုဖြစ်မှာပါ။

ပျော်ရွှင်ခြင်းအနှစ်သာရစာအုပ်မှ-

image