2 နှစ်များ - ဘာသာပြန်ပါ။

ဆရာဝန်တစ်ဦးဟာ ပုခုံးရိုးခွဲစိတ်မှုတစ်ခုအတွင်းမှာ Apple Vision Pro ကိုအသုံးပြုခဲ့

ဘရာဇီးနိုင်ငံအတွင်းက ဆရာဝန်တစ်ဦးဟာ ပုခုံးရိုးခွဲစိတ်မှုတစ်ခုအတွင်းမှာ Vision Pro ကို အသုံးပြုခဲ့ပါတယ်။ Vision Pro ကိုကြေငြာစဥ်ကလည်း ဆေးလောကမှာ အသုံးပြုနိုင်တာကို ထည့်သွင်းကြေငြာထားပြီးသားပါ။

ပုခုံးရိုးကိုဖြတ်တောက်ပြီး အစားထိုးမှုလုပ်ခဲ့တဲ့ ဒီခွဲစိတ်မှုမှာ ဆရာဝန်အနေနဲ့ ပုခုံးအတွင်းကို ကင်မရာနဲ့ကြည့်ပြီး ခွဲစိတ်မှုတွေလုပ်ရတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ Vision Pro ကြောင့် ကင်မရာကတစ်ဆင့်ရလာတဲ့ မြင်ကွင်းကို TV ကြီးကြီးတစ်ခုနဲ့ Resolution အပြည့်ကြည့်နေရသလိုမြင်ရတာကြောင့် အသုံးပြုရတာ အတော်လေးအဆင်ပြေကြောင်းကို အဆိုပါဒေါက်တာကထုတ်ပြောလာပါတယ်။ ဒါ့အပြင် လူနာရဲ့ ဆေးမှတ်တမ်းတွေ၊ ဓာတ်မှန်တွေကိုလည်း တစ်ခါတည်း ဘေးမှာ မြင်နေရတာကြောင့် ခွဲစိတ်ရတာ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒေါက်တာဟာ အရင်ကလည်း Microsoft HoloLens ကိုအသုံးပြုပြီး ခွဲစိတ်မှုလုပ်ခဲ့ဖူးပါတယ်။

image

2 နှစ်များ - ဘာသာပြန်ပါ။

ငမွှေကောင်လေ

image
2 နှစ်များ - ဘာသာပြန်ပါ။

နာရီဘာလို့နှိပ်နေလဲအော်ပြောတော့ ကျွန်တော်အံ့ဩခဲ့ဖူးတယ်'

✳️ ခုနောက်ပိုင်း နာရီသုံးတဲ့အပြေးသမားတွေက နည်းပြဖြစ်သူဘယ်လိုပဲ Stop Watch ဖမ်းပေးစေကာမူ ကိုယ့်ဘာသာအချိန်မှတ်တဲ့ အကျင့်ရှိကြတယ်။ သဘောကတော့ ပြေးနေတဲ့လမ်းမှာ ကိုယ့်ရောက်နေတဲ့အချိန်၊ကိုယ်သွားနေတဲ့နှုန်းကိုသိချင်လို့ဖြစ်ပါတယ်။ ဒါကလည်း ပြေးတဲ့လူပဲကိုယ်တိုင်သိတဲ့ စိတ်ခံစားချက်(ဖီလင်)တစ်မျိုးပါ။

✳️ တာတိုပြေးတဲ့ မီတာ၁၀၀/၂၀၀ သမားတွေမှာတော့ ဒါမျိုးနာရီဖမ်းနေဖို့လည်းအချိန်မရပါဘူး။ဒါတောင် မီတာ (၁၀၀) Wind Sprint ပြေးတဲ့အခါ၊ မီတာ (၂၀၀)Speed Play လုပ်တဲ့အခါ နာရီသုံးကြတုန်းပါပဲ။ဒီတော့ ကွင်းပတ်ရပြီ၊ Lap နဲ့ပြေးရပြီဆိုရင်တော့ ကိုယ်တိုင်နာရီဖမ်းတဲ့အလေ့အထက စလာပါပြီ။ ခုနောက်ပိုင်းနာရီတွေမှာ ကွင်းတစ်ပတ်ချင်းကို Auto ပြောပေးနေတဲ့စနစ်တွေပါဝင်ပါတယ်။ ကွင်းတစ်ပတ်ပြည့်လို့ နာရီက Alarm ပေးရင် တစ်ချက်ငုံ့ကြည့်လိုက်ရုံပါပဲ။ ဒီလိုမဟုတ်ပဲ တစ်ကီလိုချင်းAlert လုပ်ထားလည်းရပါသေးတယ်။ နာရီတွေကလည်း ကိုယ် Setting လုပ်ထားတဲ့ အကွာအဝေးတိုင်းကိုအတိအကျပြောပေးနိုင်လို့ ပြောရရင် လက်ဖမ်း Stop Watch တွေထက်တောင် တိကျမှုပိုပေးနိုင်ပါတယ်။
_____________________________________________

✳️ ဆိုလိုတာက ကမ္ဘာတစ်ဝှမ်းကအပြေးသမားအများစု ကိုယ်တိုင်နာရီသုံးတဲ့အလေ့အထရှိနေကြပါပြီ။ ဒါကို နာရီသုံးတယ်ဆိုပြီး အပြစ်ကြီးတစ်ခုရယ်တော့သတ်မှတ်လို့မရတော့ပါဘူး။ ပြောင်းလဲနေတဲ့ခေတ်ကို နားမလည်ပဲသွားပြောရင် ကျွန်တော်ဂွမ်းနေတာ လူသိသွားပါလိမ့်မယ်။
Freelance Runner
Certified CECS (Level-1)
Certified Youth Coach.
Certified Sports Nutrition.
Certified Fundamental Running.

image
2 နှစ်များ - ဘာသာပြန်ပါ။

နောက်ထပ် ခွဲစိတ်မှု ၁ ခုမှာ Apple Vision Pro ကို အသုံးပြုခဲ့
===================================

ဆရာဝန်တွေက Apple Vision Pro ကို ဝတ်ဆင်ကာ ခွဲစိတ်မှုတွေ ပြုလုပ်လာကြပါပြီ။ ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမှ AdventHealth Surgery Center မှာ Rothman Orthopedic Institute မှ ဒေါက်တာ G. Russell Huffman က Vision Pro ကို ဝတ်ဆင်ကာ ပုခုံးခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ်။

Vision Pro က ခွဲစိတ် ကိရိယာတွေကို တိကျစွာ ညွှန်ကြားပေးနိုင်ပါတယ်။ ဆရာဝန်တွေဟာ ခွဲစိတ်ခန်းသုံး ကိရိယာတွေနဲ့ ညွှန်ကြားချက်တွေကို Headset ကနေ တိုက်ရိုက် သိရှိနိုင်ပြီး ခွဲစိတ်ရာမှာ ပိုမို လျှင်မြန်ပါတယ်။

eXeX အမည်ရ Software ကုမ္ပဏီက Vision Pro အတွက် myMako အမည်ရ အထူး Application ၁ ခုကို ဖန်တီးထားပါတယ်။ တင်ပါး၊ ဒူးခေါင်း ခွဲစိတ်ရာမှာ အထောက်အကူ ရအောင် အဲဒီ App ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁ လကပဲ လန်ဒန်မှာ Apple Vision Pro ကို ခွဲစိတ်ခန်းမှာ အသုံးပြုခဲ့ပါတယ်။ အနာဂတ်မှာ ခွဲစိတ်ခန်းတွေမှာ Apple Vision Pro ကို ဆရာဝန်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတော့မှာပါ။

Ref : digitaltrends

#applevisionpro

image

ထွက်ပြီးသား game များ

2 နှစ်များ - ဘာသာပြန်ပါ။

ပူတော့ အပြင်မသွားတော့ပဲ အိမ်မှာ သကြားလုံးထိုင်စုပ်နေမလို့

image
2 နှစ်များ - ဘာသာပြန်ပါ။

နဗီးလ် - ငါတကယ် ကြားရတာကို မင်သက်မိတယ် ၊ ရှက်လည်းရှက်မိတယ်ကွ ။
စတိုင်ဂါ - ကျွန်တော်လည်း ဝမ်းနည်းတာပေါ့ ၊ ကျွန်တော့ကို သူ ဒီလို ဆက်ဆံတဲ့ အပေါ်မှာ အများကြီး ခံစား ခဲ့ရတယ် ။ ဒါပေမယ့် ကျွန်တော် က မီဒီယာတွေဆီ ပြေးသွားပြီး အော်ဟစ် ပြောဆို တတ်တဲ့သူမျိုး မဟုတ်ခဲ့ဘူးလေ ။

ဘတ်စတီယန် ရှဝိန်း စတိုင်ဂါ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁၈ လ ကြာသာ ရှိနေခဲ့ပါတယ် ။ လူးဝစ် ဗန်ဟား ရဲ့ လက်ရင်းတပည့်တယောက် ဖြစ်တဲ့ စတိုင်ဂါ ဟာ နယ်သာလန် နည်းပြကြီး မန်ယူနိုက်တက် ပဲ့ကိုင်ရှင် ဖြစ်နေတဲ့ အချိန်မှာ အိုးထရက်ဖိုဒ့် ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူပါ ။ ပထမဆုံး ရာသီမှာ မန်ယူနိုက်တက် နဲ့ FA Cup ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယမြောက် ရာသီမှာတော့ လူးဝစ် ဗန်ဟား ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာတဲ့ နည်းပြသစ် ဂျိုဆေး မော်ရင်ညို က စတိုင်ဂါ ကို အသင်းကနေ ဖယ်ရှားပစ်ခဲ့တာပါ ။ ဂယ်ရီ နဗီးလ် နဲ့ ပြုလုပ်ခဲ့တဲ့ The Overlap အစီအစဉ်မှာတော့ စတိုင်ဂါ က မော်ရင်ညို သူ့ကို ဘယ်လို ဆိုးဆိုးရွားရွား ဆက်ဆံ ခဲ့သလဲဆိုတာတွေကို ဖွင့်ဟပြောဆိုသွားခဲ့ ပါတယ် ။

နဗီးလ် - ဂျိုဆေး မော်ရင်ညို နဲ့ မင်းနဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ
ရှဝိန်း စတိုင်ဂါ - အိုး ခင်ဗျား သိချင်တယ်ပေါ့ . . . ကောင်းပြီလေ ။

“နွေရာသီမှာပေါ့ ၊ ရာသီသစ် အတွက် ပြင်ဆင်လေ့ကျင့်ဖို့ မန်ချက်စတာ ကို ကျွန်တော် ပြန်ရောက်လာခဲ့တယ် ။ ယူရို မှာ ဂျာမနီ က ဆီမီးအထိ တက်ခဲ့တာဆိုတော့ ကျွန်တော် ပြန်ရောက်တာ နည်းနည်း နောက်ကျသွား ခဲ့တယ်လေ ။ ပထမဆုံးလေ့ကျင့်ခန်း စဆင်းတဲ့ နေ့မှာ ဇလာတန် နဲ့ တွေ့ခဲ့တယ် ။ သူက ရောက်နှင့်နေပြီကိုး ။ တကယ်တော်တဲ့ ကစားသမားပါ ။ အမြင်စူးရှတယ် ၊ တွဲကစားလို့ အရမ်းကောင်းမယ့်ပုံ ပါပဲ”

“ဒါပေမယ့် နောက်တနေ့ မနက် လေ့ကျင့်ရေးကွင်းကို လာချိန်မှာ ဂျွန်မားတော့ဒ် က ကျွန်တော့ကို စောင့်နေခဲ့တယ် ။ မင်းကို အဝတ်လဲခန်းထဲ ဝင်ခွင့်မပြုတော့ဘူးဆိုပြီး ပြောလာခဲ့တာပေါ့ ။ ဘယ်သူက ပြောတာလဲလို့ ပြန်မေးတော့ နည်းပြ ( မော်ရင်ညို ) ဆီကလို့ သူပြန်ပြောတယ်”

နဗီးလ် - မင်းကို ဘာသတိပေးချက်မှ မထုတ်ဘဲနဲ့လား . . . ဘာလို့လဲ
ရှဝိန်း စတိုင်ဂါ - ဘာမှ သတိမပေးဘူး ၊ ကျွန်တော်လည်း မသိဘူးလေ ၊ ဘာလို့လည်းဆိုတာ ။ ဒီတော့ ကောင်းပြီ ဆိုပြီး အဝတ်လဲခန်းထဲက ပစ္စည်းတွေကို သွားယူခိုင်းလိုက်တယ် ၊ ပြီးတော့ ဘယ်မှာ လေ့ကျင့်ရမလဲ မေးတော့ ယူ-၁၆ ရှိတယ် ၊ အဲ့မှာ သွားလေ့ကျင့်လို့ရတယ်ဆိုပြီး သူကပြောတယ် ။

နဗီးလ် - မားတော့ဒ် လေ ၊ သူ အဲ့လို ပြောခဲ့တာလား . . .အိုး
ရှဝိန်း စတိုင်ဂါ - သူလည်း ပြောရတာ ခက်ခဲနေပုံပါပဲ ။

“နေ့လည်ကျတော့ နည်းပြနဲ့ တွေ့ခွင့်ရမလားလို့ ကျွန်တော် တောင်းဆိုခဲ့တယ် ။ အဲ့ဒီမှာ မော်ရင်ညို က မနှစ်တုန်းက ကျွန်တော် ဂျာမန်ကို ပြန်ပြီး ဆေးပြန်ကုတာနဲ့ ပတ်သက်ပြီး သဘောမကျဘူးလို့ ထုတ်ပြောလာခဲ့တယ်ဗျ ။ အဲ့ဒါက လူးဝစ် ဗန်ဟား လက်ထက်တုန်းကလေ ။ လူးဝစ် ကိုယ်တိုင် ခွင့်ပြုလို့ ကျွန်တော် ပြန်ခဲ့တာ ၊ ပြီးတော့ မန်ချက်စတာ ကို ပြန်လာပြီး ဒဏ်ရာအခြေအနေကို အမြဲ သတင်းပို့နေခဲ့တာ”

နဗီးလ် - ယူ-၁၆ ကို အခြား အသင်းကြီးက ဘယ်သူရောက်လာသေးလဲ
ရှဝိန်း စတိုင်ဂါ - မလာပါဘူး ၊ ကျွန်တော် တစ်ယောက်ပဲ လေ့ကျင့်ရတာ ။

“အဲ့ဒီမှာ ကျွန်တော် တစ်ယောက်တည်း ကြံ့ခိုင်ရေး လက်ထောက်နဲ့ ၃ လလောက် လေ့ကျင့်ခဲ့ရတယ် ။ တစ်ယောက်တည်းပေ့ါ ။ ဒါပေမယ့် ကျွန်တော် အရမ်း ပျော်နေခဲ့တာဗျ ၊ မန်ချက်စတာ ယူနိုက်တက် ဂျာစီကို ဝတ်ထားရလို့လေ ၊ ဒီအသင်းက ကျွန်တော့ရဲ့ ဒုတိယ အိမ်ပဲ ။ ဘိုင်ယန်ကနေ ထွက်မယ်လို့ စိတ်ကူးကတည်းက မန်ချက်စတာ ယူနိုက်တက် ကိုပဲ သွားမယ်လို့ ဆုံးဖြတ်ထားခဲ့တာ”

နဗီးလ် - ဟာ ဒါတရားမဝင်ဘူးကွ ။ မင်းမသိဘူးလား ။ အသင်းကြီး ကစားသမား တစ်ယောက်ကို အကြောင်းမဲ့ ဒီလို လုပ်လို့ မရဘူး ။ ငါ အရင် PFA မှာ လုပ်ခဲ့ဖူးတယ် ။ ဒါက တရားမဝင်ဘူး ၊ မင်း တိုင်လို့ရတယ် ။
စတိုင်ဂါ - ဟုတ်လား ၊ မသိပါဘူးဗျာ ၊ အခု သိသွားတော့ ကောင်းတာပေါ့ ။ ဘာလို့လည်းဆိုတာကတော့ ရှင်းပါတယ် ။ သူ ( မော်ရင်ညို ) ကျွန်တော့ကို အသင်းကနေ ရှင်းထုတ်ချင်လို့ပေါ့ ။ အသိသာကြီးပါပဲ ။

နဗီးလ် - ဒါပေါ့ကွာ ၊ ဒါပေမယ့် လုပ်ထုံး လုပ်နည်းတွေ ရှိတယ်ကွ ။ ဒီလို မသင့်လျော်တဲ့ ဆက်ဆံပုံမျိုး ခွင့်ပြု မထားဘူး ။ ငါ တကယ် ကြားရတာ မင်သက်မိတယ် ၊ ရှက်လည်း ရှက်မိတယ်ကွာ ။
စတိုင်ဂါ - ကျွန်တော်လည်း ခံစားရပါတယ် ။ ဒါပေမယ့် ကျွန်တော် က မီဒီယာတွေဆီ ပြေးသွားပြီး အော်ဟစ် ငိုကြွေးတတ်တဲ့ လူမျိုး မဟုတ်ခဲ့ဘူးလေ ။

နဗီးလ် - အသင်းကြီးက လူတွေနဲ့ မင်း မတွေ့ရတော့ဘူးလား
စတိုင်ဂါ - အင်း . . . မတွေ့ ရတော့ဘူးဆိုပါတော့ ။ တခါတလေ သူတို့ ဖြတ်သွားကြတယ် ၊ စာပို့တာတွေ ရှိတယ် ။ ဒါပေမယ့် ဆုံတော့ မဆုံဖြတ်ကြတော့ဘူး ။ ကျွန်တော် လေ့ကျင့်တာကလည်း သူတို့ပြီးမှတို့ ၊ သူတို့ မလာခင်တို့တွေ ဖြစ်နေတာလည်း ပါမှာပေါ့ ။ ဒီ ၃ လ အတွင်းမှာ တစ်နေ့တော့ ငါ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားခွင့် ရလောက်မှာပါ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် စောင့်ခဲ့တယ် ။ ဒါပေမယ့် ခင်ဗျား သိပါတယ် ။ ဖြစ်မလာခဲ့ဘူးလေ ။

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

The Magic Of Love Is Not In The Finding It Is In The Keeping ...♥💫

image
2 နှစ်များ - ဘာသာပြန်ပါ။

I am happy on my own.
I enjoy sleeping soundly on a rainy day. I enjoy going out and eating in restaurants alone. I enjoy taking long showers, doing self-care, and owning my time.
But, sometimes, late at night, I wish I could have someone to tell about my day. I wish I could hold a soothing hand and fit it into mine. I wish I could receive a warm hug, a sweet message, or a quick kiss after a long tiring week.
Don't get me wrong, I am happy with everything I have. I just think it's also nice to share a laugh with someone for silly reasons. To go on a night date and walk home late while sharing the beautiful view of the moon. To call someone just to hear their chaotic stories and their sleepy voice.
Really, I am happy to go on with life alone. But sometimes, I just wonder what it's like to have someone to call my own.

image