2 နှစ်များ - ဘာသာပြန်ပါ။

"အထက်တန်းစားမိန်းမဖြစ်ချင်ရင်
အိမ်အလုပ်ပဲ လုပ်တတ်လို့ မိန်းမပီသပြီ အထက်တန်းစားဖြစ်မယ်လို့မထင်နဲ့။
မိန်းမဆိုတာ ကြောက်သင့်မှ ကြောက်ရမယ်၊ရှက်သင့်မှ ရှက်ရမယ်"

"တကယ့်မိန်းမဖြစ်ချင်ရင်
မိန်းမအမူအရာနဲ့ ယောင်္ကျားစိတ်ရှိရမယ်
ယောင်္ကျားအမူအရာနဲ့လဲ
မိန်းမစိတ်ရှိရမယ် " ဆိုတဲ့ မမြတ်လေး။

ဒီစာအုပ်ကို ဖတ်ပြီးတော့
ကိုယ့်ကိုယ်ကိုယ် တော်တော်လေးကျေနပ်သွားမိတာတော့အမှန်ပဲ။
ဒီစာအုပ်ထဲက မမြတ်လေးဟာ
သာမန်မိန်းမ ပဲ။သာမန်ဘဝပါပဲ။
ဒါပေမယ့် ပင်ကို အရည်အသွေ၊းရှိတဲ့
မိန်းမတစ်ယောက်ဟာ ဘယ်နေရာရောက်ရောက် အမှန်ကိုပြောရဲဆိုရဲတဲ့ စိတ်ဓာတ်ရှိတယ်။ ကြုံလာသမျှလောကဓံ ကိုအံတုပြီး ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်တယ်။ လှအောင်လည်းနေတယ်။ဘယ်အသက်အရွယ်မှာမဆို မိန်းမတစ်ယောက်ဟာ သပ်ရပ်လှပနေဖို့ လိုအပ်တယ်။ကိုယ့်ပုံစံ နဲ့ လိုက်ဖက်တဲ့ အလှတရားကို မိန်းမတစ်‌ယောက်ဟာ ဘယ်အသက်အရွယ်မှာမဆို သင့်တင့်စွာပိုင်ဆိုင်ထားရမယ်။
ကိုယ်ကိုယ့်ကိုယ် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ခံယူချက်တွေကို အမြဲတန်ဖိုးထား စောင့်သိရိုသေသွားတဲ့မိန်းမ‌တစ်ယောက်ကို အခြားသူတစ်ယောက်ကလည်း အသက်ထက်ဆုံး
မြတ်နိူးသွားတာ မဆန်းပါဘူး။
သူလိုမိန်းမ စာအုပ်ဟာ စာအုပ်ပါးပါးလေးပေမယ့် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားတတ်တဲ့
သာမန် မိန်းမတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ခံယူရပ်ချက် ၊ဘဝရပ်တည်မှုတွေကို
ပါးပါးလေးလှပ်ပြ ထားတယ်လို့ မြင်ပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

မိုးစက်လေးတွေကို သဘောကျတဲ့ Pluviophileလေးတွေရှိကြလား??

မိုးရွာတာကို ချစ်တဲ့သူ၊ မိုးရွာတဲ့နေ့တွေမှာ ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းမှုကို ရှာတွေ့တဲ့သူလေးတွေကို pluviophileလို့ခေါ်ပါသတဲ့။

မိုး(rain)ဟာ အချစ်ဇာတ်လမ်းတွေကို သတိရစေတယ်။အေးချမ်းမှု၊လွမ်းဆွတ်မှု၊ပျော်ရွှင်မှု၊ဝမ်းနည်းမှုတို့ကိုလဲ ယူဆောင်ပေးတက်ပါသေးတယ်။

မိုးအေးတဲ့နေ့ရက်တွေကို ကော်ဖီတခွက်နဲ့အတူ ဖြတ်သန်းရတာလဲ ဘဝရဲ့ အရသာတခုပါပဲ…🌧️🌧️☕️☕️

image
2 နှစ်များ - ဘာသာပြန်ပါ။

"ကိုယ့်ကိုမလိုအပ်တဲ့သူတွေအပေါ်မှာ
လက်လွှတ်တတ်ပါစေ"

ပြီးဆုံးသွားတဲ့ ဆက်ဆံရေးတစ်ခုအပေါ်မှာ လက်မလွှတ်နိုင်သေးရင် ကိုယ့်ဘဝကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဖြတ်သန်းနိုင်ဖို့ရယ်၊ အချစ်သစ်တစ်ခုကို ထပ်ပြီး စတင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့။

တချို့သောသူတွေက ကိုယ့်ကိုမလိုချင်တော့တဲ့သူ တစ်ယောက်အတွက် အဲဒီသူကို စွန့်လွှတ်ဖို့ကိုကျ မတွေးဘဲ "တစ်ချိန်ချိန်တော့ ငါ့ကိုပြန်ချစ်လာမှာပါ"၊ "ငါ့ဆီ ပြန်လာမှာပါ" ဆိုတဲ့ အတွေးတွေနဲ့ပဲ မျှော်လင့်နေတတ်ကြတယ်။ တကယ်တမ်း လက်တွေ့မှာတော့ ချန်ထားခဲ့တဲ့သူတစ်ယောက်ဟာ သူပစ်ထားခဲ့လို့ ကျန်နေတဲ့သူတစ်ယောက်ဆီ ဘယ်တော့မှ ပြန်မလာနိုင်ပါဘူး။

"မင်းကို ကျိန်းသေပေါက် ငါ့ဆီပြန်လာအောင်လုပ်မယ်" လို့တွေးနေမယ့်အစား "မင်း ထွက်သွားလို့ ငါ့အနားမှာ မရှိတော့လည်း ငါ့ဘဝကိုငါ ပိုပြီးတောက်ပပြမယ်" လို့တွေးရမှာပါ။

အသည်းကွဲခံစားခဲ့ရတာတွေကြောင့် အခုအချိန်မှာ ခဏလောက် ဖြစ်ဖြစ် ငိုခွင့်ရှိပါတယ်။ ဒီအခိုက်အတန့်တစ်ခုမှာငိုပြီးရင်တော့ ကိုယ့်ဘဝရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးကြရအောင်။

ကိုယ့်ကို မလိုအပ်တဲ့သူအတွက် ကျွန်တော်တို့ဘက်က အချိန်တွေ အကြာကြီး မခံစားနေသင့်ဘူးလေ။ အားတင်းထားပါ။ အချစ်ဟာ ဘဝကြီး မဟုတ်ပါဘူး။ အစိတ်အပိုင်းလေးတစ်ခု သက်သက်ပါပဲ။ ကျွန်တော်တို့တွေ နာနာကျ,င်ကျ,င်နဲ့ အသည်း
ကွဲခံစားပြီးသွားရင် သူနဲ့ပတ်သက်ခဲ့သမျှ အရာရာတိုင်းကို မေ့ပစ်ပါ။ စာမျက်နှာ အသစ်တစ်ခုကို စတင်ဖွင့်လှစ်ပါ။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ အချစ်သစ်တစ်ခုက ကျွန်တော်တို့ဆီ ရောက်လာပါလိမ့်မယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆုံးရှုံးခဲ့သမျှ ဘာကိုပြန်အလိုချင်ဆုံးလဲလို့မေးရင်
အဖေ လို့ပဲဖြေမယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

ငယ်ငယ်ကဗိုက်ဆာနေချိန်မှာ ဟမ်ဘာဂါလေးတွေ
ကျွေးခဲ့တဲ့သူကို ရော်နယ်ဒိုတစ်ယောက် ကျေးဇူးမမေ့ခဲ့ပါဘူး...

ရော်နယ်ဒို🗣️“ကျနော်ငယ်ငယ်တုန်းက ဘာဂါအလကားကျွေးခဲ့တဲ့သူကို လိုက်ရှာနေပါတယ်၊ သူ့ကိုကျေးဇူးဆပ်ချင်လို့ပါ”ဆိုပြီး onlineကတဆင့် ကြေငြာခဲ့ပါတယ်...

အဲ့ဒီနောက် သူမကိုရှာတွေ့ခဲ့ပြီး ပေါ်တူဂီရဲ့အကြီးဆုံးစားသောက်ဆိုင်အပြင် တခြားလက်ဆောင်အများအပြားပေးပြီး ကျေးဇူးဆပ်ခဲ့ပါတယ်...

သူမကလည်း🗣️ “ရော်နယ်ဒိုနဲ့အခုလိုပြန်တွေ့ရတာ အရမ်းပျော်ရွှင်ရသလို သူ့ရဲ့‌ကျေးဇူးသိတတ်ပုံကလည်း မယုံနိုင်လောက်အောင်ပါပဲ”

Credit

image
2 နှစ်များ - ဘာသာပြန်ပါ။

On the ground ✿ ♡‿♡ ✿

image
2 နှစ်များ - ဘာသာပြန်ပါ။

On the ground ✿ ♡‿♡ ✿

image
2 နှစ်များ - ဘာသာပြန်ပါ။

On the ground ✿ ♡‿♡ ✿

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

အဘယ်ကြောင့်လိမ်ကြသနည်း
------------------------------
စကားပုံတစ်ခုကို မှတ်သားမိသည်။

မုသားက ကမ္ဘာပတ်နေချိန်မှာ အမှန်တရားက ဖိနပ်စီးနေဆဲ ဆိုသည့် စကားပုံလေး ဖြစ်ပါသည်။
လိမ်လည်ခြင်းသည်မကောင်း၊ ရိုးသားခြင်းကကောင်း၏ဆိုကာ ဆုံးမသွန်သင်မှုတွေကြားကပင် လိမ်ချင်သူ တွေကား ပေါများလှပေသည်။ အထက်ကအစ အောက်အဆုံး လိမ်ညာမှုတွေနှင့် အဘယ်ကြောင့် လောကတွင် အမှောင်ဖုံးနေရသနည်း။

လူတွေအဘယ်ကြောင့် လိမ်ကြသနည်း။ လိမ်လည်ရခြင်း အကြောင်းတရားများကို ဆန်းစစ်ကြည့်ရာတွင်

အကြောင်း ၁

အမှန်တရားကို ရင်ဆိုင်ပြီး မှန်ရာဘက်ကိုရပ်ကာ အမှန်အတိုင်းထုတ်ပြောလိုက်ခြင်းထက်၊ မိမိကိုယ်ကျိုးစီးပွား အတွက် လိမ်လည်လိုက်မှဖြစ်မည်ဟု ဦးနှောက်ကစေခိုင်းခြင်းကြောင့် လိမ်လည်ခြင်းကို ပြုလုပ်ကြသည်။

အကြောင်း ၂

မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းလိုက်လျှင် ရနိုင်ပါလျက်၊ ရင်ဆိုင်ဖြေရှင်းရန်အတွက် သတ္တိမရှိခြင်းကလည်း လိမ်လည်ရန် တွန်းအားကိုဖြစ်စေသည်။ မရိုးသားသူတစ်ဦးအတွက် မလုပ်သင့်ဟု စိတ်ကသိနေသော်လည်း မကောင်းမှုကို တိုက်တွန်းစိတ်က အားများသွားသည့်အခါ မလိမ်ရဲတာဘာမျှမရှိ ဖြစ်ကုန်သည်။

အကြောင်း ၃

လိမ်လည်ပြောဆိုတတ်သူသည် နောက်ဆုံးတွင် ကိုယ့်လိမ်လည်မှုကိုပင် ကိုယ်တိုင်က ယုံကြည် သွားတတ် သည်။ မမှန်တာကိုပြောနေရခြင်းမှာ ထမင်းစားရေသောက်လိုဖြစ်လာသည့်အခါတွင် ကိုယ့်စကားကို ကိုယ်တိုင်က အလေးမထားမှုတွေ ဖြစ်လာတတ်သည်။ လိမ်လိုက်ရခြင်းကပင် သူ့အတွက် ဘာမျှအရေးမကြီး သလိုဖြစ်လာသည်။

အကြောင်း ၄

အချို့သော လိမ်လည်မှုများသည် ဖိအားတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူတို့အတွက် လိမ်သည်ဖြစ်စေ၊ မလိမ်သည်ဖြစ်စေ သူတို့ထံတွင် ပင်ကိုယ်အသိစိတ်ကပျောက်နေတတ်သည်။ လိမ်ခိုင်းသောကြောင့် လိမ်သည်။ လိမ်လိုက်မှဖြစ်မည်ဟု ယုံကြည်သောကြောင့် လိမ်ကြသည်။

အကြောင်း ၅

ကျွမ်းကျင်သော လူလိမ်တစ်ယောက်ဖြစ်ပါစေ သူတို့မျက်လုံးတွင် ပေါ်နေတတ်သည်။ လူလိမ် လူညာတို့သည် မျက်လုံးတည့်တည့်ကြည်ကာ ရင်ဆိုင်ရန်ကြောက်တတ်သည်။ လူလိမ်တို့ကို လေ့လာကြည့်သည့် စိတ်ပညာရှင်များက လူလိမ်တို့သည် အကြည့်ကိုကြောက်သောကြောင့် ရှောင်ဖယ်ရန် ကြိုးစားလေ့ရှိသည်ဟု ဆိုကြသည်။ လူမှန်တို့၏ မျက်လုံးများကို လူလိမ်တို့မကြည့်ရဲပေ။ ထို့ကြောင့် လိမ်၊ မလိမ် သိလိုလျှင် ငါ့မျက်လုံးကို တည့်တည့်ကြည့်စမ်းဆိုကာ ပြောလေ့ရှိကြသည်။

Friedrich Nietzsche ပြောဖူးသည့် စကားတစ်ခွန်းရှိပါသည်

မင်းငါ့ကို လိမ်လိုက်လို့ ငါစိတ်မကောင်းမဖြစ်ပါဘူး။ ဒါပေမဲ့ ခုချိန်ကစပြီး မင်းကို ငါမယုံကြည်တော့တာ ကိုတော့ စိတ်မကောင်းဖြစ်မိတယ် ဆိုသည့်စကားလေးဖြစ်ပါသည်။

ယုံကြည်မှုသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဘက်ပေါင်းစုံ နေရာပေါင်းစုံ အတွက် အရေးကြီးပါသည်။ ယုံကြည်မှုပျောက်ဆုံးလျှင် အားလုံး ပျောက်ဆုံးသွားတတ်ပါသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ထိုင်းမှာ Data Center ဖွင့်တော့မယ်ဆိုတဲ့သတင်းက ၂၀၂၂ ကတည်းကပါ။

ဘန်ကောက်မှာ Data Center တွေဆောက်တော့မယ်ဆိုတော့ အကုန်လုံးဝိုင်းပြီး ခုတော့ နောက်ကျကျန်ခဲ့ပြီ ဘာညာနဲ့ ပွဲဆူနေကြတာ အကုန်လုံးသိမှာပါ။ တစ်ကယ်တော့ ဒီသတင်းက 2022 August ကတည်းက Google ကကြေငြာထားပြီးသား။ ခုမှ Microsoft ကပြန်ကြေငြာပြီး Media အများစုက ပြန်တင်ကြလို့ သတင်းပွသွားတာ။

Google, Amazon, Microsoft တို့အတူတူပေါင်းပြီး ကုမ္ပဏီတစ်ခုကို ဘတ် 100 Billion နဲ့ ၃ ခု 300 Billion မြှပ်နှံဖို့စီစဥ်နေတယ်ဆိုတာ ၂၀၂၃ မှာထပ်ပြီးပြောတယ်။ ဒေါ်လာနဲ့တွက်ရင် 8.5 Billion လောက်ရှိတယ်။ ထိုင်း Tech Industory အတွက်ကတော့ ရွှေခေတ်ပဲ။ SEA ရဲ့ Silicon Valley ပေါ့။ ဒီပုံအတိုင်းဆိုနောက်ပိုင်း Meta နဲ့ Tesla လည်းလိုက်လာမှာ မလွဲဘူး

ဝန်ကြီးချုပ်ကိုယ်တိုင်က Company တွေကို Invite လုပ်ထားသလို၊ ဒီလိုလုပ်လိုက်တာဟာ ထိုင်းနိုင်ငံရဲ့ အာရှအတွင်းတိုးတက်မှုကို အကြီးအကျယ်အထောက်အကူပြုလိမ့်မယ်လို့ ထုတ်ပြောထားတယ်။ မြန်မာနိုင်ငံက လူ့စွမ်းအားအရင်းအမြစ်တွေကလည်း ထိုင်းကိုအကြီးအကျယ်ဝင်နေတာဆိုတော့ Singapore ကိုပါကျော်တက်ပြီး ထိုင်းက ဆရာကြီးဖြစ်လာဖို့ အခွင့်အရေးများသွားပြီ။

တရုတ်ဖက်ကလည်း Tencent က ဖွင့်မယ်ဆိုရင် နေရာတွေရှိပြီးသားဖြစ်သလို၊ Alibaba ကလည်း ဘန်ကောက်မှာ ၂၀၂၂ ကတည်းက ဖွင့်ပြီးသားဖြစ်ပါတယ်။

image