Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#လူတယောက် သေခါနီးတွင်..
အရင်ဆုံး မျက်စိအကြည်ရုပ်ချုပ်ပြီး မမြင်ရတော့ပါ။
ပြီးလျှင် အဆင့်ဆင့် ချုပ်သွားသည်။
(၁) မျက်စိ
(၂) နှာခေါင်း
(၃) လျှာ
(၄) ကိုယ်
(၅) နား
(၆) မနော
နောက်ဆုံးမှာ နားနှင့်မနော ကျန်နေသေးသည်။
အသက်ရူရပ်၍ သေပြီလို့ ဆုံးဖြတ်ထားသော်လည်း ကယ်တင်နိုင်သေးသည်။
သတိပြုရန်
🔻နားက ကြားနေရသေးသည် ဖြစ်သောကြောင့်..
▪️သေသူအနားတွင် လူရှင်းနေပါစေ။
▪️ သေသူအနားတွင် ငိုယိုခြင်း လုံးဝမလုပ်ပါနှင့်။
▪️ အသံကြောင့်အစွဲအလန်းဖြစ်စေမယ့် ခွေး၊ ကြောင်လေးတွေပါ မလာပါစေနှင့်။
ဒါနဖြင့်ကယ်တင်ခြင်း။
🔹သေသူ၏နားနားကပ်၍ သူလုပ်ခဲ့တဲ့ ဒါနကိုပြောပေးခြင်း၊ (စိတ်ထဲမှ သာဓုခေါ် ပီတိဖြစ်ရန်)
🔹ချက်ချင်းဆိုသလို သူ့အတွက် လွယ်ကူသော သောက်ရေတခွက်ကို ဘုရားလှူပေးခြင်း၊
🔹အနားမှာရှိတဲ့ ပစ္စည်းတခုခုကို လှူပေးပြီး သူ့နားနားကပ်၍ ပြောပေးခြင်း၊
သီလဖြင့်ကယ်တင်ခြင်း။
🔹အခုအချိန်မှာ အနည်းဆုံး ငါးပါးသီလ လုံခြုံပြီးဖြစ်ကြောင်း ပြောပေးပါ။
သမထဖြင့်ကယ်တင်ခြင်း။
🔹 အလွယ်ကူဆုံးကတော့ ဗုဒ္ဓနုဿတိပါ။
နားနားမှာ ဗုဒ္ဓံသရဏံဂစ်ဆာမိ၊ ဓမ္မံသရဏံဂစ်ဆာမိ၊ သံဃံသရဏံဂစ်ဆာမိ ဆက်တိုက်ရွတ်ပေးပါ။
🔹ဒါမှမဟုတ် သူနှစ်သက်သော ဆရာတော်တပါးပါးရဲ့ အသံကို ကြားနိုင်လောက်အောင် ဖွင့်ထားပေးပါ။
▪️ခွေး၊ ကြောင်လေးတွေတောင် ရွတ်ပေးရင် ပျော့ပျော့ပြောင်းပြောင်းနဲ့ သေတာတွေ့ရပါတယ်။
ဝိပဿနာဖြင့်ကယ်တင်ခြင်း။
🔹သေသူသည် ဖြစ်ပျက်ရှုတတ်ပါက ဘာလာလာ အပျက်ရှုဖို့ တောက်လျှောက်သတိပေးပါ။
🔹ရင်ညွန့်က "မနော" နေရာကို လက်နဲ့ ထင်ရှားအောင် ထောက်ပေးပါ။
🔹ဖြစ်ပျက်မရှုတတ်ပါက ဒုက္ခသစ္စာကို မှတ်ဖို့၊ နှလုံးသွင်းဖို့ အထူးသတိပေးရပါမည်။
အချိန်ကိုက် ချက်ချင်းလုပ်ရတာဖြစ်တဲ့အတွက်
ငွေမလို - idea ကောင်းဘို့ပဲလိုပါတယ်။
#တစ်ရက်တရားစခန်းဆရာတော်ဥူးပဏ္ဍိတတရားတော်များ
Crd:
#အဓိကအကျဆုံးက respect ပါပဲ
ပျော်ရွှင်ချင်ပါသလား ?
ဒီတြိဂံလေးကို မမေ့ပါနဲ့
အမြဲပြောလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ...
၁ ။ Respect လေးစားမှု
၂ ။ Trust ယုံကြည်မှု
၃ ။ Love ချစ်ခြင်းမေတ္တာ
Respect လေးစားမှုဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။
" လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ "
လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။
ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။ သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။
ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။
ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ ။
Trust ယုံကြည်မှု
ရှင်းပါတယ် ။
ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။
ပွင့်လင်းမြင်သာရှိပါစေ ။
ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။
Love ချစ်ခြင်းမေတ္တာ
ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။
လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။
ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ...
- ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။
၁။ တစ်ယောက်ယောက်ကို
မကျေနပ်တဲ့ အခါ
တစ်နေ့ကျရင် ခွဲရမှာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
ဒေါသ မဖြစ်တော့ဘူး။
၂။ တစ်ခုခုကို
ဆုံးရှုံးသွားတဲ့ အခါ…
တစ်နေ့ကျရင် ပျက်ရမှာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။
၃။ ကိုယ်လိုချင်တာကို မရတဲ့ အခါ
လိုတရဘဝဆိုတာ မရှိဘူးလို့တွေးလိုက်ပါ။
ဒါဆိုရင်…
သောက မဖြစ်တော့ဘူး။
၄။ သူများရဲ့အမှားတွေကို တွေ့တဲ့အခါ
ငါလဲ မှားတတ်တာပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
အပြစ် မမြင်တော့ဘူး။
၅။ အဆင်မပြေမှုတွေကို ကြုံရတဲ့အခါ
ဘဝဆိုတာ တိုက်ပွဲပဲလို့တွေးလိုက်ပါ။
ဒါဆိုရင်…
အပြုံး မပျက်တော့ဘူး။
အဲဒါကို (ယောနိသောမနသိကာရ)
ငြိမ်းချမ်းသော သင့်မြတ်စွာ
နှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။
Credit -
လောကမှာ ဘယ်အရာမှမတည်မြဲပါ။
သင့်ကလေးအနာဂတ် ပညာရေးအတွက် 🧑🎓👩🎓
ကျောင်းကောင်းကောင်းရွေးချယ်ပေးဖို့က အရေးကြီးသလို‼️
သင့်ကလေး ကျန်းမာရေးအတွက် 🍓🥦
အာဟာရပြည့်၀အောင်ကျွေးဖို့ကလဲ အရေးကြီးပါတယ်‼️
👨🏫👩🏫ပညာရေးအတွက် တီချယ်တို့မှ အပြည့်အ၀ သင်ကြားပြသ လမ်းညွှန်ပေးသလို၊
👨🍳👩🍳ကျန်းမာရေးအတွက် အာဟာရပြည့်အစားအစာများလည်းဖြစ်ပါတယ်



(၂၂)နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀ကလပ်နဲ့လမ်းခွဲတော့မယ့် မာကိုရွိုင်းစ်
ဘိုရပ်ရှားဒေါ့မန်အသင်း၏ ဂျာမန်ကွင်းလယ်လူမာကိုရွိုင်းမှာ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ဘဝ၏ (၃)ပုံ(၂)ပုံနီးပါးခန့်ကို ယင်းကလပ်အသင်းတွင်သာ ဖြတ်သန်းခဲ့သူဖြစ်သည်။အသက်(၇)နှစ်အရွယ်(၁၉၉၆)မှ (၁၇)နှစ်အရွယ် (၂၀၀၆)ခုနှစ်အထိ ဒေါ့မန်လူငယ်အသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့သော ရွိုင်းစ်သည် (၂၀၀၆) မှ (၂၀၁၂) ခုနှစ်အထိ ရော့ဝိုက်အာလန်၊ မိုချန်ဂလာဘတ်အသင်းများတွင် ပြောင်းရွှေ့ကစားခဲ့သည်။ထို့နောက် (၂၀၁၂) ခုနှစ်တွင် ဒေါ့မန်အသင်းသို့ ပြန်လည်ရောက်ရှိလာကာ လက်ရှိအချိန်အထိ တစိုက်မတ်မတ် ကစားနေခြင်းဖြစ်သည်။ ယခု၎င်းက ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲတော့မည်ဟု အတည်ပြုခဲ့သည်။ အသက်(၃၄)နှစ်အရွယ် ရွိုင်းစ်က ဒေါ့မန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီအကုန်တွင် အသင်းက ထွက်ခွာတော့မည်ဖြစ်ပြီး စာချုပ်သက်တမ်းထပ်တိုးတော့မည်မဟုတ်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။လူငယ်ကစားသမားဘဝက (၁၀)နှစ်ကြာဖြတ်သန်းခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် (၁၂)နှစ်ကြာကစားခဲ့သော မာကိုရွိင်းစ်အနေဖြင့် ဒေါ့မန်အသင်းတွင် ပြိုင်ပွဲစုံ (၄၂၄)ပွဲကစားကာ (၁၆၈)ဂိုးသွင်းပြီး (၁၂၈)ဂိုးဖန်တီးပေးခဲ့သည်။သို့သော်သူ့အနေဖြင့် ဒေါ့မန်အသင်းနှင့် ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ပိုကယ်လ်ဖလား(၂)ကြိမ်နှင့် ဂျာမန်စူပါဖလား(၂)ကြိမ်သာ ရယူနိုင်ခဲ့သည်။ ဒေါ့မန်အသင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည့်အချိန်၊ ပြသခဲ့သည့်ခြေစွမ်းနှင့် ထိုက်တန်သော အောင်မြင်မှုကို မရခဲ့သည့် မာကိုရွိုင်းအနေနှင့် ကစားသမားဘ၀ ဆည်းဆာချိန်ကို ဘယ်အသင်းမှာ ဆက်လက်ဖြတ်သန်းမလဲ❓