2 yrs - Translate

သင်္ကြန်ရောက်တော့မယ်ဟော သင်္ကြန်ရောက်တော့မယ်

image
2 yrs - Translate

Happiness ♡✨✨✨

image
2 yrs - Translate

Happiness ♡✨✨✨

image
2 yrs - Translate

Happiness ♡✨✨✨

image
2 yrs - Translate

ခုချိန်ထိ ရုံးမဆင်းရသေးသော အခါ 🥹

image
2 yrs - Translate

Happiness ♡✨✨✨

image
image
image
Robust Guy changed his profile cover
2 yrs

image
2 yrs - Translate

ညက ရော်နယ်ဒိုနဲ့ ငြိတဲ့ အလီဆိုတာ နာမည်ကျော်ကစားသမားတွေနဲ့ လိုက်ရန်ဖြစ်နေတဲ့သူဆိုတာ သိကြမှာပါ။ မက်ဆီ၊ လီဝန်၊ ဆွန်ဟောင်မင်တို့နဲ့လည်း ရန်ဖြစ်ခဲ့ပြီး ဒီလိုတွေလုပ်ရင်း သူ့နာမည်ကျော်အောင် လုပ်သူလို့ ပရိသတ်တွေက သတ်မှတ်ထားတာပါ။

အခုတော့ ရော်နယ်ဒိုနဲ့ ငြိချိန် အတွယ်ခံလိုက်ရပါတယ်။ ရင်ဘတ်ကို တံတောင်နဲ့တွတ်တာခံလိုက်ရသလို လဲကျခဲ့ပြီးနောက်မှာလည်း ရော်နယ်ဒိုက တက်နင်းခဲ့ပါသေးတယ်။ ရော်နယ်ဒိုပရိသတ်တွေကတော့ ဒါမျိုးတော့ လုပ်သင့်တယ်ဆိုပြီး ထောက်ခံခဲ့ကာ သူတို့ဆို ဒီထက်ဆိုးမယ်လို့ မှတ်ချက်ပြုနေပါတယ်။

အလီကလည်း အလီပါပဲ။ သူက နာမည်ကျော်တွေဆို တမင်ကို ကွိုင်ရှာသလို လုပ်နေတာကြာပါပြီ။ ဂုတ်ကြီးတင်းနေတဲ့အချိန်နဲ့ တိုးတော့ ခံလိုက်ရပါတယ်။ တခါတလေ ဒီလိုမျိုးမှလည်း မှတ်တာပါ။
#credit

image
2 yrs - Youtube

2 yrs - Translate

ခေတ်သစ် Online Scam မြန်မာပြည်မှာလဲ စနေပါပြီ

ဒီနေ့ပဲကိုယ်တိုင်ကြုံတဲ့ အဖြစ်အပျက်လေးပါ။ သတိရှိနိုင်ဖို့အတွက် ဒီစာကို ရေးတာဖြစ်ပါတယ။

ဖြစ်စဉ်ကတော့ ဒီလိုပါ -
- ကျွန်တော့်ဆီကို Unknow Account တစ်ခုကနေစာပို့ပါတယ်။ ကျွန်တော့်ကို သိသလိုလိုနဲ့ ဖော်ရွေတဲ့ စကားလုံးကို သုံးပြီး အရင် Chatbox မှာ စာလာပို့ပါတယ်။

ကျွန်တော်ကတော့ Unknow Account ဆိုရင် Profile စစ်ပြီးမှာ စာပြန်လေ့ရှိပါတယ်။ အကောင့် အစစ်လား၊ အတုလား။ ဒါတွေကို စစ်ပါတယ်။

အဲ့ဒီမှာ ဝင်စစ်တော့ ထူးခြားတာက အဲ့အကောင့်က အကောင့်မဟုတ်ပဲ Page တစ်ခုပုံစံပါ။ လူများများကို Scam လုပ်ဖို့အတွက်ကြောင့် Page လိုလုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုက တစ်ယောက်ထပ်မက Operate လုပ်နိုင်ဖို့ Page ပုံစံ ဖွင့်ထားတာလဲဖြစ်နိုင်ပါတယ်။ ဖွင့်ထားတာလဲ လပိုင်းပဲရှိသေးတာကို တွေ့ရပါတယ်။

- သူပြောထားတဲ့ဟာမှာ အရင်ဆုံး ကိုယ့်ရဲ့ Info ကို စပြီး နှိုက်ပါတယ်။ "အကိုရန်ကုန်ပြန်ရောက်နေပြီလား" ဆိုတဲ့ စကားလုံးပါ။ ကိုယ်က အကြောင်မိပြီး ဟုတ်ကဲ့တို့ပဲ ဖြစ်ဖြစ် မရောက်သေးဘူးပဲ ဖြစ်ဖြစ် ပြောမိရင် ဒါကိုယ့်ရဲ့ Info ကို ပြောပြသလိုဖြစ်သွားပါလိမ့်မယ်။ အဲ့အတွက်ကြောင့် ကိုယ့် Info ထက် သူ့ကို ထပ်ပြီး ကျွန်တော် Question ထုတ်လိုက်တဲ့အခါမှာ နောက်ထပ် ကြောင်သွားစေမဲ့ အချက်တစ်ခုနဲ့ ထပ်ပြောလာပါတယ်။

- အဲ့ဒီမှာကျွန်တော်သိလိုက်ပါပြီ။ ဒီ အကောင့် / Page ဟာ ကျွန်တော် လေ့လာထားတဲ့ Online Scam ရဲ့ Scrip အတိုင်း အကွက်သစ်ကို စတင်နေပြီတာ အဖြေတန်းပေါ်ပါတယ်။

-အကောင့်က အမြင်မှာ အမျိုးသမီး ငယ်ငယ်ချောချောလေး ပုံစံ ဟန်ဆောင်ထားပါတယ်။ ဒီလို အမျိုးသမီး ငယ်ငယ်လေး ကိုယ့်ကို ဖော်ရွေတဲ့ ပုံစံနဲ့ ကိုယ့်ကို သိသလိုလို အကြောင်ရိုက်ပြီးလာရောတဲ့ ပုံစံဟာ Love/ Relationship Scam ပုံစံမျိုးပါ။ ကျွန်တော်ဟာ Profile ပုံအစစ်ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လူမှားနိုင်စရာအကြောင်းလဲမရှိပါဘူး။ ဒီအမျိုးသမီးကိုလည်း မသိသလို သူဟာ လူကို အကြောင်ရိုက်မဲ့ info တွေကို မှားသလိုလိုမျိုးနဲ့ Info အစစ်ကိုအစ်ဖို့ လာတာဖြစ်ပါတယ်။ ဒီ Page ကို Operate လုပ်နေတာနေသူတွေဟာ ယောကျ်ားတွေလဲဖြစ်နိုင်ပါတယ်။ Online ပေါ်မှာ အမြင်တစ်ခုထဲ၊ ပုံတစ်ခုထဲနဲ့ ဟန်ဆောင်ရတာအရမ်းလွယ်ပါတယ်။

- ဒါက သူတို့ အသုံးပြုနေကြ Scrip ဖြစ်ပါတယ်။ အမျိုးသားတွေကို Target ထားပြီး ဓာတ်ပုံကိုလဲ လိုသလို ပြုပြင်ပြီး ပို့ပေးနိုင်ပါတယ်။ Video Call တောင် AI နဲ့ ရုပ်ဖျက်ကြီး ပြောပေးနိုင်ပါတယ်။ ငွေလိမ်တဲ့ Scam အမျိုးအစားဖြစ်ပါတယ်။

-နည်းပညာကို မကျွမ်းကျင်သေးတဲ့ သူတွေ၊ နှာဘူးကျတဲ့ လူတွေ၊ အထီးကျန်နေသူတွေ သတိသာထားကြပါ။ မြန်မာပြည်မှာလဲ စနေပါပြီ။ ကိုယ်နဲ့ ရင်းနှီးမှုကို ယူပြီး လိမ်မဲ့ Scam အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးများကိုလဲ Target ထားနိုင်ပါတယ်။ အမျိုးသား ချောချောလေးဟန်ဆောင်ပြီး လာ ချည်းကပ်နိုင်ပါတယ်။ သွားသတိ၊ လာသတိ၊ Chat သတိ ရှိကြပါစေဗျား။

image