2 နှစ်များ - ဘာသာပြန်ပါ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ဘာတွေစားသင့်လဲ

ညဘက်တွေဆို နှစ်ခြိုက်စွာ အိပ်ပျော်ကြရဲ့လား။ တချို့လူတွေဟာ သန်းခေါင်ယံအချိန်မှာ နိုးလာခြင်း၊ ကြက်အိပ်ကြက်နိုးဖြစ်ခြင်းတို့ကြောင့် ကောင်းကောင်းမွန်မွန် မအိပ်နိုင်ကြပါဘူး။ ညတိုင်း ကောင်းမွန်စွာ အိပ်ပျော်ဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသင့်သလဲ။

၁။ အသားဓာတ်ဖြစ်စေသော အမီနိုအက်ဆစ်ပါတဲ့ အစားအစာတွေ စားပါ။

သူတို့ဟာဆိုရင် လူကို မှိန်းစေတတ်တဲ့အတွက် အိပ်စက်ခြင်းကို အထောက်အကူပေးပါတယ်။ ဒီဓာတ်ပါတဲ့ အစားအစာအချို့ကတော့ ကြက်ဥအကာ၊ ပဲပိစပ်၊ ကြက်သား၊ အဆီဓာတ်နည်းတဲ့ ဒိန်ခဲနဲ့ အစေ့အဆန်တွေ ဖြစ်ပါတယ်။

၂။ ကစီဓာတ်များတဲ့ အစားအစာတွေစားပါ။

ဒီဓာတ်ဟာ အသားဓာတ်များပြီး အဆီဓာတ်နည်းတဲ့အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရဖို့ အထောက်အကူဖြစ်စေမှာပါ။ ဥပမာ- ထမင်း၊ ဂျုံ။

၃။ သကြားဓာတ်များပြီး အဆီဓာတ်များတဲ့ အစားအစာကို ရှောင်ပါ။

သကြားဓာတ်ကို တောင့်တနေတယ်ဆိုရင်တော့ နာနတ်သီး၊ လိမ္မော်သီး နဲ့ ငှက်ပျောသီးကို စားပါ။

၄။ စပ်တဲ့ အစားအစာနဲ့ ကဖိန်းဓာတ်ကို ရှောင်ပါ။

သုတေသနပညာရှင်များက မအိပ်ခင် ၆ နာရီလောက် ကတည်းက ကဖိန်းဓာတ်ကို မသောက်ဖို့ပြောကြတယ်။ ဥပမာ- ကော်ဖီ၊ ဂတ်စ်ပါတဲ့ အချိုရည်။

၅။ အစာအမျာကြီး စားတာကို ရှောင်ပါ။

ညစာကို မအိပ်ခင် လေး၊ငါး နာရီ အကွာမှာ စားသုံးပေးပါ။
ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်မယ်ဆိုတာ သေချာနေပါပြီ။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘောလုံးကွင်းတွေ ရေမြုပ်ကုန်တဲ့နှစ်(၈၀)အတွင်း ဘရာဇီးလ်ရဲ့ အဆိုးရွားဆုံးရေကြီးမှု

ဘရာဇီးလ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီ(၂၇)ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး မုန်တိုင်းထန်မှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေရာ လူအများအပြားသေဆုံးခဲ့သလို၊ဘောလုံးကွင်းအတော်များများမှာလည်း ရေများဖုံးလွှမ်းကာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။မြို့တော် ရီယိုဒီဂျနေးရိုးအပါအဝင် နိုင်ငံတောင်ပိုင်းရှိ နေရာအတော်များများတွင် ဖြစ်ပွားနေသော ယင်းရေကြီးမှုမှာ နှစ်ပေါင်း(၈၀)အတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်နေပြီး လူ(၉၀)ဦးထက်မနည်းသေဆုံးကာ (၁၃၀)ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။အင်တာနေစီယွန်နယ်၊ဂရေမီယိုအစရှိသော ဘရာဇီးလ်ကလပ်အသင်းကြီးများ၏ အိမ်ကွင်းများအပါအဝင် ဘောလုံးကွင်းအတော်များများ ရေမြုပ်နေပြီး ဘောလုံးပွဲများကိုလည်း ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

စိတ်ရှုပ်မခံနိုင်ဘူး ။
နားပူတာတွေ မခံနိုင်ဘူး ။
နည်းနည်းလောက် ဖြစ်ဖြစ်
စိတ်ကို ကျဥ်းကြပ်စေတာနဲ့
အကုန်လုံးကို စွန့်လွှတ်ဖို့
ဝန်မလေးတဲ့သူပါ ။

တစ်ဖက်လူကို
ပူလောင်မှုတွေ မပေးတတ်သလို
တစ်ဖက်က
ပူလောင်မှုတွေ ပေးရင်လည်း
တိတ်ဆိတ်မှုကိုပဲ ရွေးချယ်လိုက်တယ် ။

ငြင်းခုန်ရတာကို မုန်းတယ် ။
ပြိုင်လုရတာတွေကိုလည်း မုန်းတယ် ။
ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတွေနဲ့ပဲ
အေးအေးချမ်းချမ်းလေး နေထိုင်ချင်တယ် ။

စကားတွေကို အများကြီး ပြောနေရတာထက်
အေးချမ်းသော နေရာတစ်ခုမှာ
စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်ရတာ
ပိုပြီး သဘောကျတယ် ။

သွေးအေးတယ်လို့ ပြောချင် ပြောကြပါစေ ။
ငါက တိတ်ဆိတ်မှုကို သဘောကျတယ်လေ ။
ကိုယ့်ကမ္ဘာလေးနဲ့ ကိုယ်
သီးသန့်နေထိုင်ရတာ ကြိုက်တယ် ။

#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ်...။

အသိပေးချင်တယ်...
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်...
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။

အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။ ။

#ခက်နှောင်

image
2 နှစ်များ - ဘာသာပြန်ပါ။

ဪ…. အိပ်ယာထဲမရောက်တောင်
ကြုံရာနေရာမှာ ခွေသွားတတ်လို့ မိဘကအိပ်ယာထဲ
ချီပြီးပို့ခဲ့ရတဲ့ အသက်အရွယ်ကနေ ၊
အိပ်ယာထဲ ကျောချပြီးတာတောင်
တောင်တွေး၊ မြောက်တွေး၊ ဟိုပူ ဒီပူနဲ့
တစ်နာရီလောက် အိပ်လို့မပျော်တော့တဲ့
အသက်အရွယ်ကိုတောင် ရောက်လာပြီပဲ။

“ လျှပ်စစ်မီးနဲ့ ညတွေဟာ
မှုန်ပြပြဖရောင်းတိုင်လေးရဲ့ လင်းအားလောက်
လူကို အိပ်မောမကျစေနိုင်ဘူးထင်တယ်အမေ “

#နေမီကျော်

💭 || 5.5.2024

image
2 နှစ်များ - ဘာသာပြန်ပါ။

ပန်း တွေတွေ့ရင် တစ်ယောက်ယောက်ကို
သတိရမိတတ်ရင်
ပန်းတွေတွေ့ရင် တစ်ယောက်ယောက်အတွက်
ယူသွားပေးချင်လာခဲ့ရင်
ဒီလူဟာ ကိုယ့်အတွက်
နှလုံးသားမှာ ပန်းပွင့်စေတဲ့သူပါပဲတဲ့။

#နွေအိမ်မောင်ဝင်း

image
2 နှစ်များ - ဘာသာပြန်ပါ။

သည်းခံနိုင်စွမ်းကုန်နေတဲ့နေ့တွေဆို ငါ့ကိုဆက်ဆံတဲ့ပုံစံအတိုင်းပဲ ပြန်ဆက်ဆံမယ်လို့ကြုံးဝါးခဲ့ဖူးပေမယ့် ဘယ်သူ့ကိုမှလည်း ငါ့ကိုဆက်ဆံတဲ့ပုံစံအတိုင်း ပြန်မတုံ့ပြန်ခဲ့ဖူးပါဘူး ။

ငါအထိအရှဖြစ်ရတဲ့နေ့တွေမှာတောင် ငါ့ကြောင့်အထိအရှမဖြစ်ရအောင် ကြိုးစားပြီး ရုန်းကန်ခဲ့တာပါ ။

မတော်တဆ နာကျင်ရတဲ့အချိန်တွေရှိခဲ့တယ်ဆိုရင် တိုက်ခိုက်ခဲ့တာမဟုတ်ပဲ ထိခိုက်မှာကြောက်တဲ့စိတ်နဲ့ ခုခံခဲ့တာပါလို့ ပြောပြထားချင်ပါတယ် ။

#sitttinaing

image
2 နှစ်များ - ဘာသာပြန်ပါ။

မြို့ထဲမှာ အမှိုက်ကူသိမ်းလို့ ချီးကျူးခံနေရတဲ့ အပ်ဝစ်ချ်တောင်းအသင်းနည်းပြ

ပရီးမီးယားလိဂ်သို့ တန်းတက်လာသည့် အပ်ဝစ်ချ်တောင်းအသင်း၏ နည်းပြဖြစ်သူ ကီရန်မက်ကန်နာသည် အပ်ဝစ်ချ်မြို့ထဲတွင် သန့်ရှင်းရေးဝန်ထမ်းများအား ကူညီသည့်အနေဖြင့် အမှိုက်ကူသိမ်းပေးခဲ့သည့် လုပ်ရပ်အတွက် ပရိသတ်များ၊မီဒီယာများ၏ ချီးကျူးခြင်းကို ခံနေရကြောင်း သိရသည်။အပ်စ်ဝစ်ချ်အသင်း တန်းတက်ခွင့်ရပြီးနောက် ကစားသမားများ၊ နည်းပြများနှင့် အသင်းတာဝန်ရှိသူများသည် အပ်ဝစ်ချ်မြို့အတွင်း ဘတ်စ်ကားနှင့် လှည့်လည်ကာ ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ကြသည်။ယင်းအောင်ပွဲခံဘတ်စ်ကားသွားရာလမ်းတစ်လျှောက်တွင် ပရိသတ်တချို့က သောက်စားပျော်ပါးခဲ့ကြပြီး စားကြွင်းစားကျန်များနှင့် အမှိုက်များကို ပစ်သွားခဲ့သဖြင့် မြို့အတွင်းလမ်းများတွင် အမှိုက်များ ပြည့်နှက်နေသည်။အပ်ဝစ်ချ်မြို့တော်ဝန်ကိုယ်တိုင်က ပရိသတ်များအနေဖြင့် စိတ်လွတ်လက်လွတ်ပျော်ပါးရန်နှင့် ယင်းအမှိုက်သရိုက် ပြဿနာများကို မိမိတို့ ဖြေရှင်းမည်ဟု ကြေညာထားသည်။အောင်ပွဲခံပြီး နောက်တစ်နေ့ သန့်ရှင်းရေးဝန်ထမ်းများက အမှိုက်များရှင်းနေရာ၌ ကီရန်မက်ကန်နာက အမှိုက်များကို ကူကောက်ပေးခဲ့ကြောင်း သိရသည်။ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက မက်ကန်နာ၏ လုပ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာမှ မက်ကန်နာမှာ လူအများ၏ ဝိုင်းဝန်းချီးကျူးခြင်းကို ခံနေရပြီး ပရိသတ်အချစ်တော်နည်းပြတစ်ဦးဖြစ်လျက်ရှိနေသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

အရှုပ်ထွေးဆုံး Apple Pencil Lineup

Apple Pencil Pro က M4 iPad Pro နဲ့ M2 iPad Air တွေမှာဘဲရတာက Apple က landscape camera ပြောင်းလိုက်တော့ magnet alignment တွေပါပြောင်းလိုက်တဲ့အတွက် pencil 2nd gen ကမရတော့တာပါ။

Apple Pencil(USB-C) က wireless charging မရပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

😝😝😝

image