Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ခုခုသိချင် Google လိုက်လေ ၊ ပိုသိချင်ရင်တော့ ပိုက်ဆံပေးပေါ့ ဆိုပြီး လာတော့မယ်
Google Search ကို Subscription စနစ်တစ်ခု လုပ်ဖို့ ပြင်နေတယ်လို့သိရတယ် ဘယ်လိုလဲဆိုရင် သာမန် Google Search ကတော့ ပုံမှန်အတိုင်းသုံးလို့ရမယ် ၊ AI-Powered Google Search ကိုတော့ ပိုက်ဆံပေးသုံးရမှာပါ
ပြသနာက Subscription နဲ့ သုံးရမဲ့ AI-Powered Google Search မှာလဲ ကြော်ငြာတွေ ပြနေဦးမှာပါတဲ့ သာမန် အခုသုံးနေတဲ့ Search မှာလဲ ကြော်ငြာတွေပြနေတာပဲ ဘာမှတော့သိပ်မထူးဘူး တွေ့ရတာပဲ လက်ရှိ ကြားထားရတဲ့သတင်းအရပေါ့
သိပ်တော့လျှော့တွက်လို့မရပါဘူး စောင့်ကြည့်ရပါမယ် ဘယ်လို Feature အသစ်တွေ ပါလာနိုင်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ
အမှတ်မမှားစေလိုတာက Google Search က သာမန်အတိုင်းသုံးနိုင်မယ် AI-Powered Google Search ကိုပဲ Subscription နဲ့သုံးလို့ရမဲ့ပုံစံဖြစ်ပါတယ်
အမြန်လမ်းအသုံးပြုသူများအနေနဲ့
ကီလိုဖမ်းတာကိုအာရုံစိုက်နေကြခြင်းထက်
80-100ကြားသာမောင်းခြင်းက သာ
ကိုယ့်အတွက် အန္တရာယ်ကင်းစေပါတယ်။
ကြိုက်မရှက် ဆိုတဲ့အတိုင်း
မိုင်နှူန်းမြင့်မောင်းခြင်းကလူတိုင်း ကြိုက်နှစ်သက်သလို ၊
ငိုက်မရှက်ဖြစ်တဲ့အချိန်မှာမိုင်နှူန်းမြင့်
မောင်းနေတာသိနေပေမယ့်ရှေ့ကလမ်းကဖြောင့်နေချိန်ကိုကြည့်ပီး စတီယာတိုင်ကို တည့်မတ်စွာကိုင်ထားပြီး မျက်စိမှိတ်အိပ်လိုက်တာမျိုးရှိကြတယ်။
မိမိအိပ်ငိုက်ချိန်နဲ့ လမ်းမှာရုတ်တရက်
တွေ့လိုက်တဲ့ဂျိုင့်၊ရုတ်တရက် ဘေးကကါးကြီးဖြတ်ချိန်မှာ အိပ်ငိုက်နေလို့လန့်ပီးဘယ်ညာမှားစတီယာတိုင်ဆွဲလိုက်ခြင်းတို့ကြောင့်ကါးကြီးနဲ့ချိတ်မိပါသွားခြင်း၊လမ်းဘေးဘလော့တုံးထဲထိုးဝင်သွား
တာအများဆုံးတွေ့ရတယ်။
အချို့က ငါကါးမောင်းကျွမ်းတယ်ဆိုပြီး ၁၂၀ လောက်မောင်းတဲ့သူများလည်းတွေ့ရတယ်။
ရန်ကုန်-မန္တ လေးအမြန်လမ်းက စင်းလုံးချော
ကတ္တီပါလမ်းမဟုတ်ပါ။
မဖြစ်ရင်ဘာမှမဖြစ်။ရုတ်တရက်ကြုံလာတဲ့အခါလူ့အသက်ကအပိုမပါကြပါဘူး။
80-100ကြားမောင်းခြင်းက မိမိသွားမယ့်ခရီးကို
တစ်နာရီခန့်သာနောက်ကျပြီး ရောက်မှာပါ။
ခါးပတ်ပတ်ပါ။ရှေ့ထိုင်ခုံ ၃ ယောက်မထိုင်နဲ့။
ယာဉ်မောင်းလိုင်စင်၊ယာဥ်လိုင်စင်၊မှတ်ပုံတင်
စုံလင်အောင်သာယူသွားပါ။
အမြန်လမ်း အသင်အဖြစ်မောင်းချင်ပါက
ဂိတ်ကြီးတွေမရောက်ခင် လူပြန်ချိန်းပါ။
ခရီးမထွက်ခင် အိပ်ရေးဝဝအိပ်ပါ။
ဘီးလေချိန်ပါ။အောက်ပိုင်းစစ်ပြီးမှခရီးထွက်ပါ။
အမြန်လမ်းအသုံးပြုသူများအတွက် မိမိရဲ့အတွေ့အကြုံလေးတွေကိုမျှဝေခြင်းသာဖြစ်ပါတယ်။
ခါးပတ်မပတ် သုံးသောင်းမှလည်းကင်းဝေးကြပါစေ။
ကီလိုဖမ်း တစ်သိန်းသုံးသောင်းမှလည်းကင်းဝေးပါစေ။